Preview

တောင်ကုတ်မြို့နယ် မအီမြို့ ရဲစခန်းမှူးကို မျက်နှာဖုံးစွပ်ထားသည့် သေနတ်သမားများကဖမ်းဆီးခေါ်ဆောင်သွား

နိုဝင်ဘာ ၀၄/ ၂၀၂၂ | ကြည့်ရှုသူ :7403
ရခိုင် သတင်း

နိရဉ္စရာ၊နိုဝင်ဘာ ၄/၂၀၂၂

ရခိုင်ပြည်နယ်၊တောင်ကုတ်မြို့နယ်၊ မအီမြို့၊ နယ်မြေရဲစခန်းမှူးကို သေနတ်များကိုင်ဆောင်ထားသည့်  အရပ်ဝတ်နှင့် မျက်နှာဖုံးစွပ်ထားသော လူ ၆ ဦးက ယနေ့ နံနက်က ဖမ်းဆီးခေါ်ဆောင်သွားသည်ဟုသတင်းရရှိသည်။

ဖမ်းဆီးခံ၇သူမှာမအီမြို့၊ နယ်မြေရဲစခန်းမှူးရဲအုပ်မင်းထွန်းဖြစ်ကြောင်း သိ၇သည်။

 သူသည်ယနေ့နိုဝင်ဘာ ၄ရက်၊ နံနက်  ၁၁နာရီကျော်အချိန်တွင် မအီ-အမ်းကားလမ်းမအနီးရှိစံတွေးကျေးရွာ၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ပြုလုပ်သည့်ဌာနဆိုင်ရာ စုပေါင်း ဘုံကထိန် အလှူပွဲတွင်ထမင်းစားနေစဥ် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်ဟု သိ၇သည်။

"ဌာနဆိုင်ရာစုပေါင်းဘုံကထိန်မှာသူက ထမင်း စားနေတာ။အေအေ တပ်ဖွဲ့ဝင်တွေကလာပြီး ဖမ်းသွားတယ်။ဘာကြောင့်ဖမ်းလဲတော့မသိဘူး။ အရပ်ဝတ်နဲ့ မျက်နှာစွပ်နဲ့ လူ ၆ ယောက်ကဖမ်းတာ။ စခန်းမှူးက မလိုက်ဘူးငြင်းဆန်တယ်။သေနတ်နဲ့ ဓားတွေလည်းပါတယ် နောက်တော့ ဖမ်းခေါ်သွားတယ်" ဟုဒေသခံတစ်ဦးက ပြောသည်။

ဒေသခံများက ရဲစခန်းမှူးကိုဖမ်းဆီးခေါ်ဆောင်သွားသူများမှာ အေအေတပ်ဖွဲ့များဖြစ်သည်ဟု ပြောဆိုသော်လည်း အေအေ ပြောခွင့်ရသူဦးခိုင်သုခကို ဆက်သွယ်မေးမြန်းနေဆဲဖြစ်၍ နိရဉ္စရာသတင်းဌာန အနေဖြင့် အတည်ပြုနိုင်ခြင်းတော့မရှိသေးပါ။

ရခိုင်တွင်စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်(AA)တို့ အကြား တကျော့ပြန်တိုက်ပွဲများ ပြင်းထန်လာချိန်တွင် စစ်ကောင်စီလက်အောက်ခံတချို့နှင့် ရဲတပ် ဖွဲ့ဝင် တချို့ကို ရက္ခိုင့်တပ်တော်(AA)က ဖမ်းဆီးမှုများရှိခဲ့သလို စစ်ကောင်စီတပ်ဖွဲ့ဝင်များကလည်း၇ခိုင်ပြည်သူများကို AAနှင့် ဆက်စပ်သည်ဟုဆိုကာသံသယဖြင့် အရပ်သားပြည်သူများ မ်းဆီး တရားစွဲမှုများ ရှိနေသည်။ (NN-12)

#အေအေ/စစ်ရေး/ နိုင်ငံရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.