Preview

တောင်ကုတ်မှ ဖမ်းဆီးခံထားရသည့် ဆရာဝန်ဒေါက်တာကျော်သူရထွန်းကိုရုံးထုတ်စစ်ဆေး၊ နိုဝင်ဘာလ ၁၈ရက်နေ့ကို ရုံးပြန်ချိန်း

နိုဝင်ဘာ ၀၅/ ၂၀၂၂ | ကြည့်ရှုသူ :6395
ရခိုင် သတင်း

နိရဉ္စရာ၊နိုဝင်ဘာ ၅/ ၂၀၂၂

၇ခိုင်ပြည်နယ်၊တောင်ကုတ်မြို့မှ မတရားအသင်းဆက်သွယ်မှုပုဒ်မ၁၇(၁)ဖြင့် တရားစွဲခံထား၇သည့် သွားဆရာဝန်ဒေါက်တာကျော်သူ၇ထွန်းကိုယမန်နေ့က တောင်ကုတ်မြို့နယ် ရားရုံးတွင် ဒုတိယအကြိမ် ရုံးထုတ်စစ်ဆေးခဲ့သည်။

ရုံးထုတ်စစ်ဆေးရာတွင် တရားလိုအား စစ်ဆေးမေးမြန်းခဲ့ပြီးလာမည့် နိုဝင်ဘာလ၁၈ရက်နေ့ကို ထပ်မံ ရုံးပြန်ချိန်းလိုက်သည်ဟု ဇနီးဖြစ်သူက ပြောသည်။

"မနေ့ကရုံးထုတ်တယ်။ တောင်ကုတ်တရားရုံးမှာပါ။အမှုအခြေအနေက ဘာမှထူးဆန်းတာမရှိပါဘူး။ တရားလိုဘက်ကို စစ်တယ်။ ကျွန်မလည်းမနေ့က ဂျူတီရှိတယ်။ အလုပ်ကလည်းများနေတော့ မသွားဖြစ်ဘူး။နိုဝင်ဘာလ ၁၈ရက်နေ့ကို ပြန်ရုံးချိန်းလိုက်ပါတယ်" ဟု သူကပြောသည်။

ဖမ်းဆီးခံထားရသည့်ဒေါက်တာကျော်သူ၇ထွန်းကိုပြီးခဲ့သည့် အောက်တိုဘာလ၂၁ရက်နေ့က တောင်ကုတ်မြို့နယ်တရားရုံး၌ ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့ကာ ယမန်နေ့ နိုဝင်ဘာလ ၄ ရက်နေ့က ဒုတိယအကြိမ် ရုံးထုတ်စစ်ဆေးခဲ့ခြင်းဖြစ်သည်။

ဒေါက်တာကျော်သူ၇ထွန်းကို ပြီးခဲ့သည့် စက်တင်ဘာလ ၆ ရက်နေ့၊ နံနက် ၉ နာရီအချိန်ခန့်က Mask တပ်ထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက တောင်ကုတ်၊ ချောင်းကောက်ရပ်ကွက်မှ  ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး တောင်ကုတ်အခြေစိုက်ခမ၇(၅၄၄)တပ် ရင်းထဲရှိ စရဖရုံးတွင်  ၁၇ ရက်အကြာ စစ်ဆေးမှုများပြုလုပ်ခဲ့သည်။

ယင်းနောက်ပိုင်း ြီးခဲ့သည့်စက်တင်ဘာလ ၂၃ ရက်နေ့က တောင်ကုတ်မြို့မရဲစခန်းသို့ လွှဲ ပြောင်း၍မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁)ဖြင့်အမှုဖွင့်ထားခံ၇ခြင်းဖြစ်သည်ဟု ဇနီးဖြစ်သူကပြောသည်။(NN-12)

#တရားဥပဒေ# စစ်ကောင်စီ# ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.