Preview

စစ်တွေတွင် ဖမ်းဆီးသွားသည့်ရပ်ကွက်အုပ်ချုပ်ရေးမှူးဟောင်း ၁ဦးအပါအဝင် ရဦးကိုတရားရုံးတွင်ချုပ်ရမန်ယူ၊ မိသားစုနှင့်တွေ့ခွင့်မရသေး

နိုဝင်ဘာ ၀၅/ ၂၀၂၂ | ကြည့်ရှုသူ :3556
ရခိုင် သတင်း

 နိရဉ္စရာ၊ နိုဝင်ဘာ /၂၀၂၂

စစ်တွေမြို့တွင် ပြီးခဲ့သည့် အောက်တိုဘာလ ၁၄ ရက် ညဥ့်အချိန်က စစ်ကောင်စီတပ်က ရိုက်နှက်ဖမ်းဆီးသွားသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးဟောင်း ဦးအပါအဝင် ဒေသခံ ဦးတို့ကို နိုဝင်ဘာလ ရက်က စစ်တွေမြို့နယ်တရားရုံးတွင် ချုပ်၇မန်ယူခဲ့ကြောင်း သိ၇သည်။

ဖမ်းဆီးခံထား၇သူများမှာ စစ်တွေမြို့၊ စက်ရုံစုရပ်ကွက်အုပ်ချုပ်ရေးမှူးဟောင်း ဦးခင်မောင်ကျော်၊ စက်ရုံစုကယ်ဆယ်ရေးတွင်နေထိုင်သည့် ဦးအောင်သန်းဝင်း၊ ဦးသန်းကျော်နိုင်၊ ဦးထွန်းဝင်းနိုင်၊ စစ်တွေမြို့နယ် ရွာသာယာကျေးရွာမှ ဦးမောင်ဆန်းဌေးနှင့် အခြားနယ်မှ ဆေးကုရန်ရောက်ရှိနေသည့် ဦး တို့ဖြစ်ကြသည်။

၎င်းတို့အား ပြီးခဲ့သည့် နိုဝင်ဘာလ ရက်၊ နေ့လယ်က စစ်တွေမြို့နယ်တရားရုံးတွင် ချုပ်ရက်၇မန်ယူခဲ့ပြီး မိသားစုဝင်များအနေဖြင့် အဝေးမှသာတွေ့ခွင့်၇ခဲ့ကြောင်းနှင့် စစ်တွေမြို့ အမှတ် ()ရဲစခန်းသို့ သွားရောက်ရာတွင်လည်း တွေ့ခွင့်မပေးသေးကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။

"ဟိုတစ်နေ့ကတော့ တရားရုံးမှာ အဝေးကနေတွေ့ခဲ့၇တယ်။ မနေ့က ကျမ ရဲစခန်းကို သွားကြည့်တော့ မတွေ့ခဲ့၇ဘူး။ ၁၆ ရက်နေ့ ရုံးချိန်းမှပဲ တွေ့ခွင့်၇မယ်ပြောတယ်။ တရားရုံးမှာတွေ့ခဲ့တုန်းကလည်း အဝေးကနေဆိုတော့ သေချာစကားလည်းမပြောခဲ့၇ဘူး။ ထမင်းတွေ၊ ပုဆိုးတွေပို့လို့၇ပါတယ်။ လူချင်းတော့မတွေ့၇ဘူး" ဟုပြောသည်။

လက်ရှိတွင် ၎င်းတို့အား မည်သည့်ပုဒ်မများဖြင့် အမှုဖွင့်ထားကြောင်းလည်း မသိ၇သေးဟု ဆိုသည်။

၎င်းတို့အား လာမည့် နိုဝင်ဘာလ ၁၆ ရက်တွင် စစ်တွေမြို့နယ်တရားရုံး၌ ရုံးချိန်း ထပ်မံချိန်းဆိုလိုက်ကြောင်း သိ၇သည်။

သူတို့အား ပြီးခဲ့သည့် အောက်တိုဘာလ ၁၄ ရက် ညဥ့် နာရီခန့်တွင် စက်ရုံစုရပ်ကွက်ရှိ ကယ်ဆယ်ရေးသို့ စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က ဧည့်စာရင်းဝင်စစ်စဉ် နေအိမ်တံခါးများကို ကန်ကျောက်ပြီ ၎င်းတို့ ဖမ်းဆီးထားသူများကို အိမ်ပေါ်မှ ဆွဲချ ရိုက်နှက်ကာ ဖမ်းခေါ်သွားခြင်း ဖြစ်သည်ဟု အဖမ်းခံ၇သည့်ဒေသခံများ၏ မိသားစုဝင်များက ပြောသည်။

ထို့အပြင် ၎င်းတို့အား ဖမ်းဆီးရာ၌ စစ်ကောင်စီတပ်သား အင်အား ၂၀ ကျော်က နေအိမ်များသို့ အတင်းဝင်ရောက်လာကာ မွှေနှောက်ရှာဖွေပြီး အိမ်ရှိ ဖုန်းအားလုံးအပါအဝင် ကြက်နှစ်ကောင်ကို သိမ်းယူသွားကြသည်ဟု သိ၇သည်။

ယခုကဲ့သို့ ရက်ကြာရှည်စွာ စစ်တပ်က ဖမ်းဆီးထားပြီးနောက်မှ ရဲစခန်းသို့ပို့ဆောင်ခြင်းသည် လုပ်ထုံးလုပ်နည်းနဲ့မညီသောလုပ်ရပ်ဖြစ်ကြောင်း ရခိုင်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများ အဖွဲ့ ဒါရိုက်တာ ဦးမြတ်ထွန်းက နိရဉ္စရာသို့ပြောသည်။

"အမှန်ကဖမ်းသွားတယ် ဆိုပြီးတော့လည်း လူတစ်ယောက်ကို ၂၄ နာရီထက် ဖမ်းဆီးချုပ်နှောင်ထားလို့မ၇ဘူး သူတို့စစ်ဆေးမယ်လို့ဆိုရင် တရားရုံးမှာ သွားပြီးတော့ ရမန်ယူ၇မယ်။ ၇မန်ယူပြီးတော့ စခန်းမှာစစ်လေ။ သူ့တို့မှာကလုပ်ထုံးလုပ်နည်းနဲ့မညီဘူး။ ဥပေဒကို လေးစားလိုက်နာမှု မရှိဘူး။ စစ်အာဏာဆိုတဲ့ပုံစံနဲ့ လုပ်ချင်သလိုလုပ်နေတာ။ စစ်အာဏာရှင်ဆန်ဆန်နဲ့ လုပ်နေတဲ့အခါ လူ့အခွင့်အရေးချိုးဖောက်မှုတွေဖြစ်လာတယ်၊ မတရားဖမ်းဆီးချုပ်နှောင်မှုလို့ခေါ်တယ်။ ဒါက" ဟုပြောသည်။

ဖမ်းဆီးခံလိုက်၇သူများသည် အသက် ၃၀ ကျော်မှ ၄၀ ဝန်းကျင်အတွင်းရှိသည်ဟု သိ၇သည်။ (NN-8)

#တရားဥပဒေ# စစ်ကောင်စီ# ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.