သံတွဲမြို့နယ်တွင် ရက္ခိုင့်တပ်တော်(AA) နှင့် ဆက်စပ်သံသယဖြင့် လတ်တလော ဖမ်းဆီးခံထား၇သူမှာ ၇ခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD) မှလွှတ်တော်ကိုယ်စားလှယ်အဖြစ် ပါဝင်ယှဥ်ပြို
အဆိုပါဖမ်းဆီးခံထား၇သူများမှာ သံတွဲမြို့နယ်ငပလီမြို့မှ (၆) ဦး ၊တောင်သာကျေးရွာမှ ၂ ဦး၊ ဆင်ခေါင်းကျေးရွာမှ (၆)ဦးတို့ဖြစ်ကြပြီးသံတွဲမြို့ဒွါရာ၀တီရပ်ကွက်၊ ဆပ်လည်မျှော်ကျေးရွာ၊ ဆိပ်ကြီးကျေးရွာ၊ အင်တိုင်းကြီး
စုစုပေါင်းဖမ်းဆီးခံထား၇သူ ၁၉ဦးတွင် အမျိုးသမီးတစ်ဦးလည်းပါဝင်သည်။
ငပလီမြို့မှ အဖမ်းခံထား၇သူ(၆) ဦးတွင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ်လောင်းဦးညီလေး( ၅၂)နှစ်၊ကိုခင်မောင်အေး (၄၈)နှစ် ၊ ကိုသိန်းချေမောင်၊ကိုကျော်ကျော် (၄၇) နှစ်၊ ကိုဘဝင်း(၄၈)နှစ်၊ကိုကျော်ကျော်(နှစ်၊ကိုကျော်ကျော်(၄၈)နှစ်ဖြစ်ကြသည်။
ဆင်ခေါင်းကျေးရွာမှ ဖမ်းဆီးခံထား၇သူ (၆) ဦးမှာ ကိုမင်းမင်းဦး (၄၀) နှစ်၊ ဦးညီပုချေ( ၅၂)နှစ်၊ကိုနေမျိုးအောင် (၂၃ )နှစ်၊ဦးကျော်စိန် (၅၆)နှစ်၊ ဦးထွန်းအေး (၅၀) နှစ်၊ဦးမြင့်ဇော် (၄၆ )နှစ်တို့ ဖြစ်ကြသည်။
တောင်သာကျေးရွာမှာဖမ်းဆီးခံထား၇သူ ၂ဦးမှာ ဦးရဲနိုင်စို(၅၂) နှစ်၊ မလှိုင်မာနွယ် (၂၅ ) နှစ်တို့ဖြစ်ကြပြီး သံတွဲ့မြို့ ဒွါရာ၀တီမြို့သစ်မှဖမ်းဆီးခံထား၇သူများမှာ ကိုဖြိုး( ၃၅)နှစ်၊ဆပ်လည်မျှော်ကျေးရွာမှ ရခိုင့်အားမာန်ကားဂိတ်ပိုင်ရှင်
ယခုကဲ့သို့ဖမ်းဆီးနေခြင်းသည်ဒေသခံပြည်သူများ၏လုံခြုံရေးကိုခြိမ်းခြောက်နေခြင်းဖြစ်ပြီးအေအေနှင့်ဆက်စပ်ဖမ်းဆီးသည်ဆို
''သံတွဲကလူတွေကို ခြောက်လှန့်တာပေါ့။ ဒီမှာ(သံတွဲ)မှာ လုံခြုံမှုလည်း မရှိတော့ဘူး။ အေအေ
သံတွဲမြို့နယ်တွင်စစ်တပ်က အလိုရှိနေသူများကို နေ့စဥ်ဝင်ရောက်ရှာဖွေနေခြင်းများရှိပြီးဆွေမျိုးတော်စပ်သူများကို ဓားစာခံသဖွယ် ဖမ်းဆီးမှုများလည်း ရှိနေကြောင်းလည်း ၎င်းက ဆက်ပြောသည်။
၇ခိုင်ပြည်နယ်တွင် သြဂုတ်လမှနိုဝင်ဘာလ အထိ ဖမ်းဆီးခံထား၇သူ ၂၀၀ နီးပါးအထိရှိနေပြီး အချို့ကို ပုဒ်မ၁၇(၁)၊ ပုဒ်မ ၅၀၅(က)(ခ) စသည်တို့ဖြင့် တရားစွဲဆိုထားသည်။