နိရဉ္စရာ၊နိုဝင်ဘာ ၅/ ၂၀၂၂
၇ခိုင်အဆိုတော်ဦးခိုင်ပြည်ကျော်(၅၀) နှစ်သည် အစာအိမ်သွေးကြောပေါက်၍ ယမန်နေ့နိုဝင်ဘာလ ၄ရက်၊ ည ၉ နာရီ ၁၅မိနစ်ခန့်တွင် မင်းပြားဆေးရုံ၌ ကွယ်လွန်သွားသည်ဟုသိ၇သည်။
ဦးခိုင်ပြည်ကျော်
"အစာအိမ်သွေးကြောပေါက်ပြီးမနေ့ ညက ၉ နာရီကျော်ကျော်လောက်မှာ ကွယ်လွန်သွားပါတယ်။
သူကရမ်းဗြဲကိုကိစ္စတစ်ခုနဲ့သွား
သူ့ဇနီးနှင့်မိသားစုဝင်များရန်ကုန်မှစစ်တွေသို့လေယာဉ်ဖြင့်လိုက်လာခဲ့ပြီး စစ်တွေမှမင်းပြားကို ချက်ချင်းလိုက်လာခဲ့ကြသဖြင့်ကိုခိုင်ပြည်ကျော်၏ အသက်မသေမီ တွေ့ဆုံခွင့်၇ခဲ့ကြသည်ဟု သူက ပြောဆိုသည်။
ရခိုင်အဆိုတော်ကိုခိုင်ပြည်ကျော်သည် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ (ရ)ရပ်ကွက်၊ ကျောင်းကုန်း(၁)လမ်းတွင်မိသားစုနှင့်အတူနေထိုင်ပြီး ဇနီးဖြစ်သူနှင့် သား ၂ယောက် ကျန်ရစ်ခဲ့သည်ဟု သိ၇သည်။
သူ၏ နာရေးအား နိုဝင်ဘာလ ၆ ရက်နေ့၊ နေ့လယ် ၁ နာရီတွင်မင်းပြားမြို့မသုသာန်၌ ပြုလုပ် သင်္ဂြိုလ်သွားမည်ဟုလည်းသိ၇သည်။
၇ခိုင်အဆိုတော် ဦးခိုင်ပြည်ကျော်သည် ရခိုင်မိုနိုတေးသံရှင်တစ်ဦးဖြစ်ပြီးသူဆိုထားခဲ့သည့် သီချင်းများအထဲတွင်‘ရခိုင့်သဇင်ပန်းဘုရင်’၊ ‘ချစ်ခရီး’၊ ‘အမိသာခြင်းသံ’သီချင်းများမှာနာမည်ကြီးသည်။
၇ခိုင်အဆိုတော်ကိုခိုင်ပြည်ကျော်
( ဦးခိုင်ပြည်ကျော် ကွယ်လွန်သွားမှုအပေါ်မိသားစုနှင့် ထပ်တူဝမ်းနည်းကြောင်း နိရဉ္စရာသတင်းဌာနမှ ဖော်ပြအပ်ပါသည်။) (NN-12)