နိရဉ္စရာ၊နိုဝင်ဘာ ၅/၂၀၂၂
၇ခိုင်ပြည်နယ်၊ဘူးသီးတောင်မြို့ အခြေစိုက် စကခ(၁၅) စစ်ဌာနချုပ်ကိုရက္ခိုင့်တပ်တော်(AA) ကရှော့တိုက်ဒုံးနှင့် ယနေ့နံနက် ပစ်ခတ်ခဲ့သည်ဟု သတင်းရရှိသည်။
ယနေ့နိုဝင်ဘာ ၅ ရက် နံနက် ၁၀ နာရီခွဲခန့်တွင် စစ်ကောင်စီတပ်မ စကခ(၁၅)ကို အေအေက ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။
"ဒီနေ့၁၀ နာရီကျော် ၁၁ နာရီ ဝန်းကျင်မှာ တပ်မထဲကို အေအေကပစ်တာလို့ သိ၇ပါတယ်။ထိခိုက်မှု အခြေအနေကတော့ ပြင်ပလူအနေနဲ့သိဖို့တော့ ခက်ပါတယ်ဗျ။ လက်နက်ကြီးက တချိန်လုံး ပစ်နေကျမို့ ပထမသတိမထားမိဘူး။ နောက်ကျမှ အေအေကပစ်တာလို့သိရတယ်။ အဲဒီတပ်မမှာ ကထိန်ပွဲရှိတယ်လို့လည်း သတင်းထွက်နေတယ်။ ကထိန်ပွဲရှိလာ မရှိဘူးလားဆိုတာကိုတော့အရပ်သားတွေက တိတိကျကျသိဖို့ မလွယ်ဘူး"ဟု ပြောသည်။
ပစ်ခတ်ခံ၇မှုကြောင့်စကစကောင်စီတပ်တွင် အထိအခိုက်၊ အပျက်အစီးရှိသည်ကိုအတိအကျ မသိ၇သေးသော်လည်း နံနက်ပိုင်းတစ်ခုလုံးလက်နက်ကြီးဖြင့် အဆက်မပြတ် ပြန်လည် တုံ့ပြန်ပစ်ခတ်ခဲ့မှုအပေါ် ထောက်ရှု၍ တစ်စုံတစ်ရာထိခိုက်မှုရှိပုံ၇သည်ဟု ၎င်းက ပြောဆိုသည်။
“ အေအေက လက်နက်ကြီးတစ်ချက်ပစ်တာလို့ သိရပါတယ်။ ထိခိုက်ရှိပုံ၇ပါတယ်။ စကခ(၁၅) ကနေ နံနက် ၁၀ နာရီခွဲကနေ ၁၂ နာရီအချိန်အထိ လက်နက်ကြီးတွေ ပြန်လည်ပစ်ခတ်ပါတယ်။ အဆက်မပြတ်ပစ်ခတ်တာဆိုတော့ သူတို့(စစ်တပ်)မှာ တစ်ခုခုဖြစ်သွားပုံရပါတယ်။ သူတို့ စစ်တပ်က အထိနာရင် မြင်တဲ့နေရာ၊ ထင်တဲ့နေရာကိုပစ်တော့တာပါပဲ” ဟု ၎င်းဒေသခံကပြောသည်။
လက်နက်ကြီးတစ်ချိန်လုံးပစ်သံကြားခဲ့ရသဖြင့် စိုးရိမ်မိသည်ဟုဘူးသီးတောင် ဒေသခံအမျိုး သမီးတစ်ဦးက ပြောသည်။
" မနက် ၁၀နာရီခွဲလောက်ကနေ လက်နက်ကြီးတွေ ဆက်တိုက်ပစ်နေတာပါ။ လက်နက်ကြီးကတော့ မနက် ၁၀နာရီကနေ တချိန်လုံးပစ်နေတာပဲ။ ဒါပေမယ့် ဒီလောက်တောင် အငြိုးတကြီးပစ်နေတာ တိုက်ပွဲဖြစ်လား။ အေအေက ပစ်လို့လားတော့မသိဘူး။ အမျိုးမျိုးပြောနေကြပါတယ်။ အတိအကျကိုတော့ ကျမလည်းသေချာမသိပါဘူး။ ၁၂ နာရီလောက်မှာတော့ပစ်တာရပ်သွားပါပြီ။ လက်နက်ကြီးသံကြားတော့စိုးရိမ်ရတယ်။ ဟိုမှာ ဒီမှာ လူသေနေတော့ ကျွန်မတို့လည်း စိုးရိမ်မိတယ်"ဟု သူမကပြောသည်။
အဆိုပါ အေအေက ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်မှု အပါအဝင် ယနေ့တွင်စကခ (၁၅) တွင် ကထိန်ပွဲရှိ မရှိကို ဘူးသီးတောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျန်အေးကိုဆက်သွယ်မေးမြန်းရာ ၎င်းက “ "ဒါကတော့ တပ်မကိုမေး၇ပါမယ်။ ကျနော်တို့အနေနဲ့ မသိနိုင်ပါဘူး"ဟု ပြောကြားသည်။
နောက်ထပ် ဘူးသီးတောင်ဒေသခံတစ်ဦးသို့ ထပ်မံဆက်သွယ်မေးမြန်းရာ ၎င်းက "ဒီနေ့ မနက်ပေါ့ ဘုန်းကြီးတွေ ဆွမ်းသုံးခါနီးအချိန်ဆိုတော့၁၁ နာရီလောက်ဖြစ်မယ်။ စကခ(၁၅)ဘူးသီးတောင်တပ်မကို အေအေက ရှော့တိုက်ဒုံးတစ်လုံးပစ်လိုက်တာလို့သိ၇တယ်။ စစ်တပ်ကတော့ ညတုန်း မပြတ်ပစ်တယ်။မြို့ထက်ကဆို တော်တော်ကိုကြား၇တယ်။ အရင် ပစ်တာတွေနဲ့တောင်မတူဘူး" ဟုပြောသည်။
ယခုကိစ္စနှင့်ပတ်သက်ပြီးရက္ခိုင့်တပ်တော်(AA) နှင့် ရခိုင်ပြည်နယ်စစ်ကောင်စီပြောခွင့်ရတို့ကိုနိရဉ္စရာက ဆက်သွယ်မေးမြန်းနေဆဲဖြစ်၍ ဖြစ်ပျက်ပုံ အသေးစိတ်ကို တင်ပြနိုင်ခြင်းတော့မရှိသေးပါ။(NN-7)