နိရဉ္စရာ၊နိုဝင်ဘာ ၅/၂၀၂၂
၇ခိုင်ပြည်နယ်၊ဘူးသီးတောင်မြို့နယ်၊ စစ်ကောင်စီတပ် စကခ (၁၅)က ပစ်ခတ်သည့် လက်နက်ကြီးကျည် ရွာထဲကျရောက်ပေါက်ကွဲ၍ မွတ်ဆလင်ကျေးရွားသား တစ်ဦးသေဆုံးပြီး(၅) နှစ်အရွယ်ကလေးငယ်အပါအဝင် ၂ ဦး ဒဏ်ရာရရှိကြောင်း သတင်းရရှိသည်။
ယနေ့နိုဝင်ဘာ ၅ ရက် နံနက် ၁၁ နာရီခန့်တွင် စကခ(၁၅) က ပစ်ခတ်သည့်လက်နက်ကြီးကျည်သည်သရက်ကင်းမနူး မွတ်ဆလင်ကျေးရွာထဲကျ၍ ဦးအဘူနော်ဆဲရ် သေဆုံးသွားခဲ့ပြီး (၅) နှစ်အရွယ် ကလေးငယ်တစ်ဦးနှင့် (၃၂)နှစ်အရွယ် အမျိုးသမီးတစ်ဦးထိခိုက်ဒဏ်ရာရရှိသွားခဲ့သည်ဟု သိ၇သည်။
သွားရောက်ကူညီခဲ့သည့် ရွှေဘူးသီးနာရေးကူညီမှု အသင်းတာဝန်ရှိသူ တစ်ဦးက "ဒီနေ့လက်နက်ကြီးကျည် ကျလို့ ပွဲချင်းပြီးတစ်ယောက်သေပြီး နှစ်ယောက်ဒဏ်ရာရတယ်။ သေတဲ့လူက ရွာမှာလည်းစာပြတဲ့ ကျောင်းဆရာဖြစ်တယ်လို့သိရတယ်။ စပါးတောင်းဆရာပေါ့"ဟု ၎င်းက ပြောသည်။
လက်ရှိတွင်ဒဏ်ရာရရှိသူ ၂ဦးကို ဘူးသီးတောင်ဆေးရုံကိုပို့ဆောင်ကာ ဆေးကုသမှုခံယူနေကြကြောင်း သိ၇သည်။
ယမန်နေ့ နိုဝင်ဘာ (၄) ရက်နေ့ကလည်း စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်၍ကျောက်တော်မြို့နယ်မှ ကလေးငယ်နှင့် သက်ကြီးပိုင်းအပါအဝင် (၃) ဦးသေဆုံးပြီး လူပေါင်း(၂၀) ကျော် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်။(NN