Preview

တောင်ကုတ်က ကိုမိုင်ကယ် (ခေါ်)စည်သူကျော်ဇံကို စစ်ကောင်စီတပ်က ဖမ်းသွားပြန်ပြီ

နိုဝင်ဘာ ၀၆/ ၂၀၂၂ | ကြည့်ရှုသူ :8246
ရခိုင် သတင်း
နိရဥ္စရာ၊ နိုဝင်ဘာ ၅/၂၀၂၂
ရခိုင်ပြည်နယ်တွင် လူသာမက ဘုန်းကြီးများကိုပါ လိုက်ဖမ်းနေသော စစ်ကောင်စီသည် တောင်ကုတ်မြို့နယ်၊ ကံပိုင်ရပ်ကွက် ဒေသခံတစ်ဦးဖြစ်သူ ကိုမိုင်ကယ်(ခေါ်) ကိုစည်သူကျော်ဇံကို လည်း အကြောင်းပြချက် တစ်စုံတစ်ရာ မရှိဘဲ ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သတင်းရရှိသည်။
ယမန်နေ့ ည ၁၁နာရီအချိန်တွင် သူ၏နေအိမ်မှ လူတစ်စုက မေးမြန်းစရာ ရှိသည်ဟု ဆိုကာ ဖမ်းဆီးခေါ်ဆောင်သွားပြီး မည်သည့်နေရာသို့ ရောက်ရှိနေသည်ကို မသိရှိရသဖြင့် အထူးစိုးရိမ်နေရသည်ဟု မိသားစုဝင် တစ်ဦးက နိရဉ္စရာသတင်းဌာနကို ပြောသည်။
အိမ်ရှင်မဖြစ်သူက " မနေ့က ည ၁၁နာရေီလာက်မှာ လူတစ်စုက နည်းနည်း မေးမြန်းစရာရှိတယ်ဆိုပြီးတော့ ဖမ်းခေါ်သွားတာပါ။ မီးပြတ်နေတော့သေချာ မမြင်လိုက်ရဘူး။ လူဘယ်နှစ်ယောက်လဲ။ ဘယ်သူတွေလည်း ဆိုတာ ကိုမသိလိုက်ပါဘူး။ သူ့မှာ ဘုန်းကြီးထွက်လာကတည်းက လက်ဖက်ရည် ဆိုင်တောင်မသွားဘူး။ အိမ်ထဲကအိမ်ပြင်တောင်မထွက်ဘူး။ ကျွန်မစကားပြောဖို့ အင်အားလည်း မရှိတော့ဘူး။ စကားပြောလို့ မထွက်တောဘူး။ ငိုပဲငိုချင်တယ်" ဟု ပြောသည်။
ဖမ်းဆီးခံ၇သည့် ကိုမိုင်ကယ် (ခ) စည်သူကျော်ဇံ အသက် (၄၆)နှစ်ရှိပြီဖြစ်ပြီး၊ လက်ရှိတွင် မိန်းမဖြစ်သူနှင့် သမီးလေးတစ်ယောက်ရှိပြီး၊ မနက်စာ ရှမ်းခေါက်ဆွဲရောင်းပြီး ရိုးရိုးသားသားလုပ်ကိုင်စားသောက် နေကြသည်ဟု သိ၇သည်။
ယမန်နေ့ နိုဝင်ဘာလ ၄ ရက် ည ၁၀ နာရီခန့်တွင် မောင်တောမြို့၊ မြို့မအနောက်ရပ်ကွက်ရှိ မြို့မဘုန်းကြီးကျောင်းတွင် ကျင်းပခဲ့သည့်ပဋ္ဌာန်းပွဲ နောက်ဆုံးနေ့ နောက်ဆုံးအချိန် ပဋ္ဌာန်းရွတ်အပြီး ပွဲခင်းထဲမှ အခန်းထဲသို့ ပြကြွသည့် မောင်တော မြို့နယ် ရွက်ညိုတောင်ရွာ ကျောင်းထိုင် ဆရာတော်ကို အသင့်စောင့်နေသည့် မြန်မာစစ်ကောင်စီတပ်၊ စစ်ဘက်ရေးရာလုံခြုံရေး တပ်ဖွဲ့ဝင် ရ ဦးက ဝင်ရောက်ဖမ်းဆီးသွားသည်ဟု သိ၇သည်။
ရခိုင်ပြည်နယ်၏ လက်ရှိအခြေအနေမှာ စစ်ကောင်စီလက်အောက်တွင် လွန်စွာဆိုးရွားနေပြီး လူတိုင်း ကြောက်လန့်စိုးရိမ်နေ၇သည်ဟု ဒေသခံများက ပြောဆိုသည်။(NN-13)

#တရားဥပဒေ# စစ်ကောင်စီ# ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.