နိရဉ္စရာ၊ နိုဝင်ဘာ ၆/ ၂၀၂၂
၇ခိုင်ပြည် ကျောက်တော်မြို့နယ်နဂရာ ကျေးရွာတွင် နိုဝင်ဘာလ ၄ ရက်နေ့ညနေပိုင်းက စစ်ကောင်စီတပ်မှပစ်လိုက်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် လူနေအိမ် နှစ်လုံး မီးလောင်ပြာကျခဲ့ ကြောင်း သိရှိ၇သည်။
“ ရွာမီးလောင်တာတော့မဟုတ်ပါ။ သောကြာနေ့ည ၄ နာရီခန့်ကလက်နက်ကြီးကျည်ကျလို့ မီးလောင်သွားတာပါ။ အဲဒီနှစ်ဆောင်ဘဲမီးလောင်သွားတာပါ ဟိုနေ့က။ တခြားအိမ်တွေတော့မရှိဘူး။အရင်လောင်ထားတာ တွေတော့ ရှိတယ်” ဟု နဂရာကျေးရွာသားတစ်ယောက်ကပြောသည်။
မီးလောင်သွားသည့်နေအိမ်နှစ်ဆောင်မှာ နဂရာကျေးရွာမှ ဒေါ်မသိန်းနေအိမ်နှင့် ဒေါ်အေးခိုင်နေအိမ်တို့ဖြစ်ကြောင်း အဆိုပါကျေးရွာသားကပြောသည်။
နဂရာကျေးရွာကိုကျရောက်ပေါက်ကွဲခဲ့သည့် လက်နက်ကြီးကျည်မှာ ကျောက်တော်အခြေစိုက်စကခ (၉)မှ ပစ်လိုက်သည့် လက်နက်ကြီးကျည်ဖြစ်ကြောင်းလည်းအဆိုပါကျေးရွာသားက ပြောသည်။
လက်ရှိအချိန် နဂရာကျေးရွာတွင်ရွာစောင့်အနေဖြင့် လူအနည်းငယ်သာ ကျန်ရှိပြီး ရွာသား အားလုံးနီးပါးမှာ ကျောက်တော်အပါအဝင်တခြားကျေးရွာများသို့ ရွှေ့ပြောင်းသွားကြပြီ ဖြစ်ကြောင်း
“ ရွာမှာကလူတွေမရှိတော့ဘူး။ အရင်ကတည်းက ပြောင်းသွားကြပြီး။ အခုရွာမှာကကျွဲ၊နွားတွေကိုစောင့် ကြည့်ဖို့နဲ့ စပါးတွေကို ကျွဲတွေ နွားတွေမစား၇အောင် စောင့်နေကြတဲ့ လူ ၆ယောက်ခန့်သာရှိတယ်။ ရွာ စောင့်သဘော ကျန်နေကြတာ” ဟုဆိုသည်။
နိုဝင်ဘာလ ၄ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် စစ်တွေဘက်မှတက်လာသည့် စစ်ကောင်စီဇက်ရေယာဉ် ၂စီးကို ရက္ခိုင့်တပ်တော်မှ တိုက်ခိုက်ခဲ့သည့်အတွက် ဇက်ရေယာဉ် ၂ စီးအပါအဝင်ကျောက်တော် အခြေစိုက်စစ်ကောင်စီတပ်များက လက်နက်ကြီးများဖြင့် တနေကုန်လူနေကျေးရွာများကို ပစ်ခတ်ခဲ့ကြောင်း ဒေသခံ များက ပြောသည်။
ယင်းပစ်ခတ်မှုကြောင်း ရွှေပြည်သစ်မှ၈ နှစ်အရွယ်ကလေးတစ်ဦးအပါအဝင် သက်ကြီးပိုင်းတစ်ဦးနှင့် ဝက်မှိုင်း ကျေးရွာကအမျိုးသမီးတစ်ဦးတို့ သေဆုံးခဲ့ပြီး ရွာပေါင်း ရ ရွာမှ လူပေါင်း၂၀ နီးပါးလည်းထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
စက်တင်ဘာ၂၅ ရက် ည ၁၁ နာရီကျော်အချိန်တွင် စစ်ကောင်စီစကခ (၉)က ပစ်ခတ်သော လက်နက်ကြီးကျည်သည် နာဂရာရွာထဲရှိ ဦးရွှေသန်းမောင်၏နေအိမ်ကို ကျရောက်ပေါက်ကွဲပြီးဦကျော်မောင်၏ သားဖြစ်သူမောင်ကိုနိုင်(ခ) မောင်ကြီး(၇ နှစ်)သည် သေဆုံးသွားခဲ့သည်။
စက်တင်ဘာလ ၂၀ရက်နေ့ညနေ့ပိုင်းအချိန်တွင်လည်း ကျောက်တော် အ ခြေစိုက် စကခ (၉)မှ ပစ်လိုက်သည့် လက်နက်ကြီးကျည် နဂရာကျေးရွာထဲ ကျရောက်ပေါက်ကွဲခဲ့သည့်အတွက်ရွာသား ၄ ဦးဒဏ်ရာ ရရှိခဲ့ပြီး နေအိမ်တချို့လည်း ပျက်စီးခဲ့သည်။
လက်နက်ကြီးကျည်များအကြာခဏ ကျရောက်ပေါက်ကွဲမှုများရှိနေသည့်