နိရဉ္စရာ၊နိုဝင်ဘာ ၅/၂၀၂၂
၇ခိုင်ပြည်၊ မင်းပြားမြို့နယ်၊ ကြပ်စင်တံတားပေါ်တွင်စခန်းချထားသောစစ်ကောင်စီတပ်က လက်နက်ငယ်များဖြင့် နေ့စဉ်လိုလို ပစ်ခတ်မှုများရှိ၍အဆိုပါတံတားအနီးရှိမှည့်နေသော စပါးစိုက် ဧက ၆၀ ကျော်ကို လယ်သမားများ ရိတ်သိမ်းရန် အခက်အခဲဖြစ်နေကြောင်း သတင်းရရှိသည်။
လယ်သမားတစ်ဦးက" အခု လယ်တွေမှာစပါးတွေမှည့်နေပြီ။ ဒါကို အချိန်မီ မရိတ်သိမ်းနိုင်ရင် ပျက်စီးကုန်လိမ့်မယ်။ အခု ကြပ်စင် တံတားပေါ်မှာ စခန်းချထားတဲ့ စစ်သားတွေက လူမြင်ရင် သေနတ်နဲ့ ပစ်နေလို့မရိတ်သိမ်း၇ဘဲ ဖြစ်နေတယ်။ တံတားခြေရင်းနားက လယ်သမား ၁၀လောက်ပိုင်တဲ့ လယ်ဧက ၆၀ လောက်ဒီအတိုင်း မရိတ်ရဘဲ ပစ်ထား၇တယ်”ဟု ပြောဆိုသည်။
စစ်ကောင်စီတပ်ဖွဲ့ တစ်ခုသည် မင်းပြားနှင့် မြေပုံမြို့ အကြားရှိပြည်သူများအသုံးပြုသွားလာနေသည့် ကားလမ်းပေါ်တွင်တည်ရှိသော ကြပ်စင်တံတား၏အလယ်တည့်တည့်တွင် စခန်းချ နေရာယူထားပြီး ပြည်သူများခရီးသွားလာ၍ မ၇အောင်ပိတ်ဆို့ထားသည်သာမကအနီးဝန်းကျင်သို့လည်း မကြာခဏလက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်နေသည်ဟု ဒေသခံများကပြောဆိုသည်။
၎င်းလယ်သမားက “ ဒီလယ်တွေကိုရိတ်သိမ်းခွင့်မရရင် လယ်သမားတွေ ထမင်းငတ်ဖို့ရှိပါတယ်။ တာဝန်ရှိ လူကြီးတွေ အနေနဲ့ ၃ရက်ဆို ၃ရက်၊ ၅ ရက်ဆို ၅ရက် ခွင့်ပြုပေးစေချင်ပါတယ်။ စပါးရိတ်ဖို့။ ဟို ဆရာမကြီး ရခိုင်ပါတီကဒေါ်အေးနုစိန်တို့၊ ပြည်နယ်က တာဝန်ရှိသူတွေ၊ မင်းပြားစစ်တပ်က လူကြီးတွေ စီစဉ်ပေးစေလိုပါတယ်”ဟု၎င်းက ဆက်လက်ပြောဆိုသည်။
ယင်းအနီးအနားရှိ ရှိဖလောင်းပြင်ရွာသားတစ်ဦးကလည်း ယမန်နေ့က စပါးရိတ်ရန်သွားရာတွင် စစ်တပ်က သေနတ်ဖြင့် ပစ်ခတ်၍အားလုံးထွက်ပြေးလာခဲ့၇ကြောင်း ပြောကြားသည်။
“ ကြပ်စင် တံတားဘက်က စပါးကိုမပြောပါနဲ့။ ကျနော်တို့ရွာနားက မင်းဂံကွင်းလို့ခေါ်တဲ့ စပါးခင်းကိုတောင်လူဆင်းလို့ သွားကြည့်ဖို့မရဘူး။ မနေ့ကတောင် သေနတ်လိုက်ပစ်လို့ အားလုံးထွက်ပြေးလာကြရပါတယ်။ရိတ်ထားတဲ့ စပါးကိုတောင် သွားကြည့်ဖို့ မ၇ဖြစ်နေပါတယ်။ လယ်သမားတွေအခုလို အခက်အခဲဖြစ်နေကြတာ"ဟုပြောသည်။
မင်းပြားမြို့ကြပ်စင်တံတားပေါ်တွင် စခန်းချထားသော စစ်ကောင်စီတပ်သားများသည် ကြပ်စင်တံတားအနီး လယ်ကွင်းများတွင်လူရိပ်လူယောင်တွေ့မြင်ရပါကလည်း လက်နက်ငယ်များဖြင့် ခြောက်လန့်ပစ်ခတ်မှုများပြုလုပ်နေ၍ယင်းအနီးအနားရှိ ဒေသခံများပိုင် လယ်ကွင်းများသို့ စပါးရိတ်သိမ်းရန်သွားရောက်၍ မ၇ဖြစ်နေကြောင်းနောက်ထပ် ရွာသားတစ်ဦးကပြောသည်။
အဆိုပါကြပ်စင်တံတားအနီးရှိစပါးခင်းများသည် ဖလောင်းပြင်၊ ငတန်ပျင်းနှင့် အခြားစသည့် ကျေးရွာတို့မှ ပြည်သူများပိုင်သော လယ်ကွင်းများဖြစ်ကြောင်း၊ လက်ရှိတွင်စပါးခင်းများသည် မှည့်နေကြပြီဖြစ်ပြီး တန်ဆောင်မုန်းလွန်ပါက ကောက်၇န် စပါးတစ်ချို့မှာ အမှည့်လွန်ကာ ပျက်စီးသွားနိုင်ကြောင်း ၎င်းက ပြောသည်။
ထို့အပြင်ပြီးခဲ့သည့် အောက်တိုဘာလ လကုန်ပိုင်းက ၇ခိုင်ပြည်နယ်ကို ဖြတ်ကျော်၍ တိုက်ခတ်ခဲ့သည့် လေမုန်တိုင်းကြောင့် စပါးခင်းများထဲတွင်မိုးရေဝင်၍ စပါးများပျက်စီးလျက်ရှိနေပြီး လယ်ကွင်းထဲသို့ သွားပါက သေနတ်ဖြင့်ပစ်ခတ်၍ မသွားလာဝံ့ရာမှ မိုးရေများကို မဖောက်ချနိုင်သေးကြောင်း ဒေသခံတစ်ဦးကပြောသည်။
"ဟိုတလောကမိုးရွာထားတာ လယ်ကွင်းမှာ မိုးရေတွေပြည့်လို့ မိုးရေတွေကိုလည်း ဖောက်ချဖို့ မသွားနိုင်သေးပါဘူး။ နောက်လခွဲလောက်မှာသာမရိတ်နိုင်ခဲ့ရင် ကောက်လတ်စပါးတွေတော့အားလုံးဆုံးရှုံးသွားနိုင်ပါတယ်။ ကုန်ကျ အရင်းစရိတ်လည်း မ၇နိုင်တော့ပါဘူး။ဒီနှစ်မြေဆီ၊ မြေသြဇာနဲ့ ဓာတ်ဆီဈေးကြီးတာတမျိုး အကုန်ခံပြီးလုပ်ထားကြတာတွေ တခုမှ မရိတ်သိမ်းရဘူး။ လယ်သမားတွေအတွက်ကတော့စားဝတ်နေရေးအရင်ကထက် ပိုခက်ခဲလာဖို့ပဲရှိတော့မယ်" ဟုပြောသည်။
၎င်းပြင် အဆိုပါကြပ်စင်တံတားအပေါ်ရှိ စစ်ကောင်စီတပ်များသည်ကြပ်စင်တံတားအနီးတဝိုက် ငါးရှာ၊ ငါးဖမ်းထွက်သည့် စက်လှေများကိုလည်း လက်နက်ငယ်များဖြင့်လိုက်လံပစ်ခတ်မှုများရှိနေသဖြင့် ရေလုပ်သားများလည်း အခက်အခဲရှိနေကြောင်းဒေသခံများက ပြောသည်။
ပြီးခဲ့သည့်အောက်တိုဘာလ၂၂ ရက်ကလည်း ကြပ်စင်တံတားအနီးရှိ ဖလောင်းပြင်ကျေးရွာသားများပိုင် လယ်ကွင်းများမှ စပါးတချို့ကိုစစ်ကောင်စီတပ်သားများမှ ပိုင်ရှင်ခွင့်ပြုချက်မရှိဘဲ ရိတ်သိမ်းခဲ့ကြောင်း သိ၇သည်။
လက်ရှိရခိုင်ပြည်နယ်တွင်ရက္ခိုင့်တပ်တော်(အေအေ)နှင့် မြန်မာစစ်တပ်တို့ မကြာခဏဆိုသလို ထိတွေ့တိုက်ပွဲငယ်များဖြစ်ပွားနေပြီးစစ်ကောင်စီတပ်ဘက်မှ ပြည်သူများကို အဓိကပစ်မှတ်ထားကာ လူနေကျေးရွာများ အတွင်းသို့လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်ပစ်ခတ်မှုများ ရှိသဖြင့် ဒေသခံလယ်သမားများအနေဖြင့် ၎င်းတို့၏စပါးများကိုအချိန်မှီမရိတ်သိမ်းနိုင်မည်ကို စိုးရိမ်နေကြကြောင်း သိ၇သည်။(NN-8)
(ဓာတ်ပုံ-ပြီးခဲ့သည့်အောက်တိုဘာလက ဖလောင်းပြင်ကျေးရွာသားပိုင် လယ်ကွင်းတွင် စစ်ကောင်စီတပ်သားများက စပါးများကို ခွင့်ပြုချက်မရှိဘဲအတင်းဝင်ရောက် ရိတ်သိမ်းနေကြစဉ်)