Preview

စစ်တွေတွင် ပစ်ခတ်ခံရသူမှာ ပြည်နယ်ငါးလုပ်ငန်းဦးစီးမှူးဖြစ်ပြီး ဒဏ်ရာလေးချက်ရ

နိုဝင်ဘာ ၀၆/ ၂၀၂၂ | ကြည့်ရှုသူ :5049
ရခိုင် သတင်း

နိရဉ္စရာ၊နိုဝင်ဘာ ၆/ ၂၀၂၂

 

စစ်တွေမြို့ရှုခင်းသာလမ်း၊ RV စားသောက်ဆိုင်ထဲတွင်ပစ်ခတ်ခံ၇သူမှာ ပြညနယ် ငါးလုပ်ငန်းဦးစီးမှူး ဦးသက်ဦး(၆၀) (ဘ) ဦးတင်ရွှေ ဖြစ်ကြောင်းသိ၇သည်။

 

ပစ်ခတ်မှုဖြစ်ပွားချိန်မှာယနေ့ နိုဝင်ဘာ ၆ ရက်၊ ညနေ ရ နာရီ ၃၀မိနစ်တွင်ဖြစ်ပြီး ၎င်းသည် စစ်တွေမြို့ ပြည်တော်သာရပ်ကွက် ငါးလုပ်ငန်းဦးစီးမှူးပြည်နယ်ငါးလုပ်ငန်းရုံးဝန်းတွင် နေထိုင်သူဖြစ်သည်။

 

ဒဏ်ရာများမှာ ဝဲနားရွက်နောက်ဖောက်ဝင်ဒဏ်ရာ (၁)ချက်၊ လည်ပင်းဝဲဘက်(၁)လက်မခန့်ပြတ်ရှဒဏ်ရာ (၁)ချက်၊ လည်ပင်းညှပ်ရိုး အနီး ဖောက်ဝင်ဒဏ်ရာ (၁)ချက်၊ ယာဘက်ပါး ဖောက်ဝင်ဒဏ်ရာ (၁)ချက်နှင့် နှာခေါင်းသွေးထွက် နေသည်ကို တွေ့ရှိ၇သည်ဟု ရဲမှတ်တမ်းအရ သိ၇သည်။

 

လက်ရှိတွင် ၎င်းသေနတ်ပစ်ခံရသူ ဦးသက်ဦးအား စစ်တွေဆေးရုံကြီးသို့ပို့ဆောင်ထားကြောင်း သတင်းရရှိသည်။

 

ထိုသို့ သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် စစ်တွေတွင်လုံခြုံရေးတင်းကျပ်လိုက်ပြီး စစ်ဆေးဖမ်းဆီးမှုများနေသည်ဟု သိ၇သည်။


(ဓာတ်ပုံ- မူရင်းပိုင်ရှင်ကို ပေးပါသည်။)

#မှုခင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.