Preview

စစ်တွေတွင်ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ရှောင်တစ်ဦး ဖမ်းဆီးခံရ

နိုဝင်ဘာ ၀၇/ ၂၀၂၂ | ကြည့်ရှုသူ :2039
ရခိုင် သတင်း

နိရဉ္စရာ၊နိုဝင်ဘာ ၇/၂၀၂၂

၇ခိုင်ပြည်နယ်မြို့တော်စစ်တွေမြို့တွင် ယမန်နေ့ညက ပြည်နယ်ငါးလုပ်ငန်း ဦးစီးမှူး သေနတ်ပစ်ခတ်မှုဖြစ်ပွားပြီးနောက်စစ်ရှောင်တစ်ဦး ဖမ်းဆီးခံရကြောင်း သတင်းရရှိသည်။

ယနေ့နိုဝင်ဘာ ရ ရက် နံနက်အာရုဏ် ၃ နာရီအချိန်တွင် စစ်တွေမြို့ ဗုဒ္ဓေါမော်ဘုန်းတော်ကြီးကျောင်းစစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင်တစ်ဦးကို စစ်ကောင်စီတပ်သားများက ဝင်ရောက်ဖမ်းဆီးသွားကြောင်းမိသားစုဝင်များက ပြောသည်။

"ညက ကျောင်းထဲဝင်ပြီး သူတို့ရှိနေတာမသိဘဲပုံမှန်ပဲ အပေါ့အပါးသွားဖို့ ဆင်းသွားတာကို ဖမ်းသွားတာပါ"ဟု ပြောသည်။

ဖမ်းဆီးခံရသူမှာကျောက်တော်မြို့နယ်၊ ပြိုင်းတိုင်းရွာမှ စစ်ရှောင်နေသည့် ဦးဌေးနိုင်(၃၈ နှစ်) ဖြစ်သည်။

စစ်ကောင်စီတပ်သားများသည်ညဉ့်အချိန် ဘုန်းကြီးကျောင်းအုတ်တံတိုင်းကို ကျော်ဝင်ကာ ယခုကဲ့သို့ အပြစ်မဲ့စစ်ဘေးရှောင်ဒုက္ခသည်အားဖမ်းဆီးခြင်းမှာ မဖြစ်သင့်ဘဲ အမြန်ဆုံးပြန်လွှတ်ပေးရန် ဗုဒ္ဓေါမော်ဆရာတော် မပါအဝင်မိသားစုဝင်များနှင့် စစ်ဘေးရှောင်များက တောင်းဆိုသည်။

"ဘာမှဘုမသိ ဘမသိ အဖမ်းခံလိုက်ရတာပါ။ အခုဘယ်မှာ ဖမ်းထားလဲလည်းမသိဘူး။မြို့နယ်အုပ်ချုပ်ရေးမှူးကိုဖုန်းဆက်ထားတော့ တပည့်တော်စုံစမ်းပေးမယ်လို့ ပြောတယ်။ လောလောဆယ်အခြေအနေတော့ မသိရသေးဘူး။ ပြန်တော့လွှတ်ပေးစေချင်တယ်။ ဘာမှအပြစ်အနာအဆာလည်းရှိတာလည်းမဟုတ်တွေ့တဲ့လူ၊ မြင်တဲ့လူကို ဖမ်းသွားလို့တော့ ဘယ်အဆင်ပြေမလဲ"ဟု ဗုဒ္ဓေါမော်ဆရာတော်ကမိန့်သည်။

ုဒ္ဓေါမော်ဘုန်းတော်ကြီးကျောင်းတွင်စစ်ဘေးရှောင်အိမ်ထောင်စု (၁၀ရ)စု၊ လူဦးရေ (၄၀၀) ကျော်ရှိကြောင်း သိ၇သည်။

ယနေ့နိုဝင်ဘာ ၆ ရက်၊ ညနေ ရ နာရီ ၃၀မိနစ်တွင် စစ်တွေမြို့ ရှုခင်းသာလမ်း၊ RVစားသောက်ဆိုင်ထဲတွင်ပြညနယ် ငါးလုပ်ငန်းဦးစီးမှူး ဦးသက်ဦး(၆၀) (ဘ) ဦးတင်ရွှေ ကို အမည်မသိသူ နှစ်ဦးမှ ဆိုင်ကယ်ဖြင့်လာပြီးသေနတ်ဖြင့် ပစ်ခတ်သွားသဖြင့် ဒဏ်ရာ လေးချက်ရရှိကာ ဆေးရုံတင်ခဲ့၇သည်။

၎င်းအခင်းဖြစ်ပွားပြီးနောက် စစ်ဘေးရှောင်တစ်ဦးကို ဖမ်းဆီးသွားခြင်းဖြစ်သည်။(NN-7)

#တရားဥပဒေ# စစ်ကောင်စီ# ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.