Preview

ကျောက်ဖြူ မင်းတက်တောင်ကျေးရွာမှ ဒေသခံ ၂ ဦးကို AA ကို သတင်းပေးပို့သည်ဟုဆိုကာ စစ်တပ်ကဖမ်းဆီး

နိုဝင်ဘာ ၀၇/ ၂၀၂၂ | ကြည့်ရှုသူ :10936
ရခိုင် သတင်း

နိရဉ္စရာ၊ နိုဝင်ဘာ၇/၂၀၂၂


၇ခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ တောင်ဘက် ( ရ) မိုင်ကျော်ခန့်အကွာတွင်တည်ရှိသည့် င်းတက်တောင်ကျေးရွာမှဒေသခံပြည်သူ ၂ ဦးကိုရက္ခိုင့်တပ်တော် (AA) ကို သတင်းပေးပို့သည်ဟုဆိုကာယမန်နေ့ နိုဝင်ဘာ၆ ရက်ကစစ်ကောင်စီတပ်က ဖမ်းဆီးသွားသည်ဟု သိ၇သည်။


ဖမ်းဆီးခံ၇သူ ၂ ဦးမှာကျောက်ဖြူမြို့နယ် မင်းတက်တောင်ကျေးရွာမှ ဦးသိန်းတန်(၄၇) နှစ်နှင့်ဦးတင်အောင်(၅၀)နှစ်ဝန်းကျင်တို့ ဖြစ်ကြသည်။


သူတို့အထဲမှ ဦးတင်အောင်ကိုယမန်နေ့ နိုဝင်ဘာ ၆ ရက် ညနေ ၃ နာရီခန့်က သူအလုပ် လုပ်ကိုင်နေသည့် နတလကျောင်းမှဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ဦးသိန်းတန်ကိုမူ ည ၉ နာရီအချိန်ခန့်ကသူ့နေအိမ်အတွင်းမှ ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်ဟု သူတို့နှင့်နီးစပ်သူတစ်ဦးကပြောသည်။


ဦးတင်အောင်က နတလကျောင်းမှာစားဖိုမှူးလုပ်နေတာ။ အဲဒီမှာ ညနေ ၃ နာရီလောက်က သူ့ကို ဖမ်းသွားတယ်။ ပြီးတော့ စစ်သားတွေကသူ့ကိုပါခေါ်လာပြီးတော့ ည ၉ နာရီလောက်မှာ ဦးသိန်းတန်ကို ဖမ်းခေါ်သွားတာဟုပြောသည်။


ဦးသိန်းတန်ကို ကျောက်ဖြူအခြေစိုက်စစ်ကောင်စီ ခလ၇ (၃၄)၊ ခမ၇ (၅၄၂) နှင့် ခမ၇ (၅၄၃) တပ်ရင်းမှစစ်ကောင်စီတပ်သား အင်အား ၁၀ ကျော်ခန့်က အေအေကို သတင်းပေးပို့သည်ဟုဆိုကာဝင်ရောက်ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု သူကဆက်ပြောသည်။


လက်ရှိအချိန်တွင် ၎င်းတို့၂ ဦးကို မည်သည်နေရာတွင် ဖမ်းဆီးထိန်းသိန်းထားသည်ကို မသိရသည့်အပြင်ရိုက်နှက်စစ်ဆေးမည်ကိုပါ အထူးစိုးရိမ်နေကြသည်ဟု မိသားစုဝင်များက ပြောသည်။


ဦးသိန်းတန်၏အိမ်ရှင်မဖြစ်သူက အိမ်မှာသားမိ ၂ ယောက်ပဲကျန်တော့တယ်အခု။ကျမယောကျာ်းကို အမြန်ဆုံး လွတ်ပေးစေချင်ပါတယ်။ ကျမယောကျာ်းက အေအေဝင်ထားတာလည်းမဟုတ်ဘူး။ဒီလိုမျိုးဆက်စပ်တာလည်းမရှိဘူး။ ရိုးရိုးသားသားလုပ်ကိုင်စားသောက်နေကြတာပါ။မိုးရာသီ လယ်လုပ်၊ နွေရာသီ ကားမောင်းနေတာပါ။ သေချာစုံစမ်းပြီးရင်ပြန်လွှတ်ပေးစေချင်ပါတယ်ဟုပြောသည်။

 

သူတို့၂ ဦးကို မည်သည်နေရာတွင် ဖမ်းဆီးထားသည်ကို သိချင်ပြီး တွေ့ခွင့်၇ချင်သည်ဟုမိသားစုဝင်များကပြောသည်။


ကျောက်ဖြူတွင်စစ်ကောင်စီတပ်က ဒေသခံ ၃၀ ဦးထက်မနည်းကို ဖမ်းဆီးထားပြီး ဖမ်းဆီးခံရသည့်အထဲတွင်အစိုး၇ဝန်ထမ်းများလည်း ပါဝင်နေသည်။


လက်ရှိတွင် ဖမ်းဆီးခံ၇သူများအထဲမှတချို့ကို ပုဒ်မ ၁၇(၁)၊ ပုဒ်မ ၅၀၅(က)(ခ) အစရှိသည်တို့ဖြင့်တရားစွဲဆိုထားကာ တချို့ကို မည်သည့်နေရာတွင် ဖမ်းဆီးထားသည်ကိုမသိရဘဲ မိသားစုနှင့်လည်းတွေ့ခွင့်မရဖြစ်နေသည်ဟု သိ၇သည်။


ရခိုင်တွင်စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA) တို့အကြား တကျော့ပြန် တိုက်ပွဲပြန်လည် ပြင်းထန်လာသည့် သြဂုတ်လမှ စတင်ကာရခိုင်ပြည်နယ်အတွင်းမှ အရပ်သားပြည်သူများကို နေ့စဉ်ဆိုသလိုဖမ်းဆီးမှုများဆက်တိုက်ရှိနေပြီး ဖမ်းဆီးခံ၇မှုအထဲတွင် ကျောက်ဖြူမြို့နယ်ထဲမှအများဆုံးဖြစ်သည်။ NN-3

#စစ်ကောင်စီ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.