Preview

စစ်တွေတွင် ဓားဒဏ်ရာဖြင့်သေဆုံးနေသည့် လူသေလောင်းထပ်တွေ့ရှိ

နိုဝင်ဘာ ၀၇/ ၂၀၂၂ | ကြည့်ရှုသူ :10236
ရခိုင် သတင်း

နိရဉ္စရာ၊နိုဝင်ဘာ ၇/၂၀၂၂

 

၇ခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့တွင်ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ဓားဒဏ်ရာ (၅) ချက်ဖြင့် သေဆုံးနေသည့်လူသေလောင်း တစ်လောင်းကိုတွေ့ရှိခဲ့ကြောင်းသတင်းရရှိသည်။

 

ယနေ့ နိုဝင်ဘာ(ရ) ရက် နံနက်အာရုဏ် ၁ နာရီခွဲခန့်တွင် စစ်တွေမြို့ ကျောင်းတက်လမ်းရပ်ကွက်မှပြည်တော်ပြန်ကျောင်းအတွင်းတွင် ဓားဒဏ်ရာများဖြင့် သေဆုံးနေသည့် အလောင်းတစ်လောင်းကို တွေ့ရှိခဲ့ရကြောင်းရွှေရောင်မေတ္တာနာရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးမင်းထည်ဝါက ပြောသည်

 

"သူကအပြင်ကဖြစ်လာပြီး ပြည်တော်ပြန်ကျောင်းခြံကိုဝင်လာပြီး သေတာပါ။ သူကဘယ်ကလဲ။ဘယ်သူလဲလည်း မသိရသေးဘူး။ ဓားဒဏ်ရာငါးချက်နဲ့ သေနေတာပါ။ အကိုတို့အဖွဲ့ကကားနဲ့ရင်ခွဲရုံကို ပို့ပေးခဲ့ပါတယ်"ဟု ပြောသည်။

 

လက်ရှိမှာ သေဆုံးသူမှာအသက် ၂၀ ကျော် ၃၀ ဝန်းကျင်အရွယ်ဖြစ်ပြီး အမည် နှင့် နေရပ်စသည့် အချက်အလက်တို့ကိုလည်း မသိရှိ၇သေးကြောင်းသူကပြောသည်။

 

ယမန်နေ့ည ရနာရီခွဲတွင် စစ်တွေမြို့  RV စားသောက်ဆိုင်ထဲတွင်ပြည်နယ် ငါးလုပ်ငန်းဦးစီးမှူးဦးသက်ဦးကို အမည်မသိသူနှစ်ဦးမှ ဆိုင်ကယ်ဖြင့်လာပြီး သေနတ်ဖြင့်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်တွေမြို့တွင်အခြေအနေရှုပ်ထွေးမှုနှင့် အတူ ယခုလို သေဆုံးမှု၊ ဖမ်းဆီးမှုများလည်း ဖြစ်ပေါ်နေကြောင်းသိ၇သည်။

 

လက်ရှိလူသေဆုံးမှုမှာအဆိုပါ ပစ်ခတ်မှုနှင့် သက်ဆိုင်မှု ရှိ /မရှိ မသိ၇သေးကြောင်း  ဒေသခံများက ပြောသည်။

 

နိုဝင်ဘာ(၃) ရက်နေ့က မင်းပြားမြို့တွင်လည်း ဒဏ်ရာဒဏ်ချက်များဖြင့် သေဆုံးနေသည့် ရုပ်အလောင်းတစ်ခုတွေ့ရှိခဲ့၇ပြီးနိုဝင်ဘာ (၆) ရက်နေ့ကလည်းပုဏ္ဏားကျွန်းမြို့နယ်၊အောင်မြေကုန်း ကျေးရွာအနီးရှိ ချောင်းအတွင်းမှတက္ကသိုလ်ကျောင်းသားတစ်ဦး၏ ရုပ်အလောင်းကို ဓားဒဏ်ရာများဖြင့်သေဆုံးကာ တွေ့ရှိခဲ့သည်။(NN-7)

#မှုခင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.