Preview

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် (AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ (၄၄) နှစ်ပြည့် မွေးနေ့အတွက် ရခိုင်ပြည်သူလူထု၏မွေးနေ့ ဆုတောင်းစကားသံများ

နိုဝင်ဘာ ၀၇/ ၂၀၂၂ | ကြည့်ရှုသူ :4676
ရခိုင် သတင်း

 

နိရဉ္စရာ၊နိုဝင်ဘာ ၇/၂၀၂၂

 

ယနေ့နိုဝင်ဘာ (ရ) ရက်နေ့သည် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် (AA)စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏(၄၄) နှစ်ပြည့် မွေးနေ့ဖြစ်ပါသည်။

 

ယနေ့ကျရောက်သည့်ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏မွေးနေ့တွင် ရခိုင်ပြည်သူလူထု၏ မွေးနေ့ဆုတောင်းသံတချို့ကိုနိရဉ္စရာက မေးမြန်းစုစည်းတင်ဆက်ပေးလိုက်ပါသည်။

 

ဦးဇင်းနန္ဒော(ထိုင်းနိုင်ငံတွင် ပညာသင်ကြားနေသည့် ရခိုင်၇ဟန်းတော်)

" ရရက်၊ ၁၁ လပိုင်း ၂၀၂၂ မှာ ကျရောက်တဲ့ ဗိုလ်ချုပ်ရဲ့ အသက်(၄၄) နှစ်ပြည့်မွေးနေ့ကစပြီးအသက် (၁၂၀)တိုင် ကာယသုခ ကိုယ်ကျန်းမာခြင်း၊ စိတ္တသုခ စိတ်ချမ်းသာခြင်းဆိုတဲ့  သုခ(၂)ဖြာနဲ့ပြည့်စုံပြီး ဗိုလ်ချုပ်မျှော်မှန်းထားတဲ့ရည်မှန်းချက်ပန်းတိုင်တွေကိုလည်း အမြန်ဆုံးပြည့်၀ပါစေလို့ ဆုတောင်းပေးပါတယ်။ လက်ရှိရခိုင်တွေကြုံနေ၇တဲ့ အကျပ်အတည်းတွေကိုလည်း အမြန်ဆုံး ဖြေရှင်းနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။ဗိုလ်ချုပ်မျှော်မှန်းထားတဲ့ ရခိုင့်အနာဂတ်၊ ရခိုင့်ကံကြမ္မာကို ရခိုင်တွေ ကိုယ့်လက်နဲ့ကိုယ်တိုင်ဖန်တီးနိုင်ခွင့်ကိုလည်းပြည်သူလူထုနဲ့ တစ်သားတည်း၊ တစ်ထပ်တည်း အမြန်ဆုံးဆောင်ရွတ်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။Happy Birthday ပါဗိုလ်ချုပ်"

 

ဦးထွန်းမြခိုင်(ဥက္ကဌ/ရက္ခိုင်အစည်းအရုံး-ဂျပန်)

"ကျနော်တို့တစ်မျိုးသားလုံးနေရာမှန်၊ လူမှန်ပြန်ရဖို့အတွက် ခိုင်မာတဲ့အမျိုးသားရေးလမ်းစဉ်တွေနဲ့ ချမှတ်ပြီးဆောင်ရွတ်နေတဲ့ခေါင်းဆောင်ကြီး(၄၄) နှစ်ပြည့်မွေးနေ့အတွက် ကျနော်တို့ ပြည်တွင်းပြည်ပက ၇ခိုင်တွေနဲ့ထပ်တူ ကျနော်လည်းအများကြီးဂုဏ်ယူပါတယ်။ Happy Birthday ပါ ဗိုလ်ချုပ်။ နောက်နှစ်ပေါင်း အများကြီး ကျန်းကျန်းမာမာနဲ့ လွတ်လပ်ပြီးတော့အဆင့်အတန်းမြင့်မားတဲ့ အာရက္ခနိုင်ငံတော်ကြီးကို အမြန်ဆုံးပုံဖော်ထုဆစ်နိုင်ပါစေလို့ဆုတောင်းပေးလိုပါတယ်"

 

ဦးဖေသန်း(ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း)

"နှစ်ပေါင်းများစွာသူတပါးလက်အောက်မှာ မိဘမဲ့ဖြစ်နေတဲ့ ရခိုင်သူ၊ ရခိုင်သားတွေအတွက် ရှေ့ဆောင်လမ်းပြပုဂ္ဂိုလ်တစ်ယောက်ရဲ့မွေးနေ့ကိုသူ့ရဲ့ရည်ရွယ်ချက် ရက္ခိတလမ်းစဉ် အောင်မြင်ပါစေလို့ပဲကျနော်ဆန္ဒပြုလိုက်ပါတယ်"

 

ညိုချေ(ရန်ကုန်မှရက္ခိုင်လူမှုရေးလှုပ်ရှားသူ)

"ကျမတို့ဗိုလ်ချုပ်ကို ဒီထက်မကအောင်မြင်အောင်ဆုတောင်းပေးချင်ပါတယ်။ နှစ်စဉ် နှစ်တိုင်းလည်းဗိုလ်ချုပ်အတွက်ဆုတောင်းပေးနေပါတယ်။ ဗိုလ်ချုပ်ဟာ ကိုယ့်ရခိုင်သူ၊ ရခိုင်သားတွေအတွက်အခုလိုကြိုးပမ်းနေတာတွေအတွက်လည်း လေးစားဂုဏ်ယူပါတယ်။ ကျမတို့ရဲ့ မျှော်လင့်ချက် ပန်းတိုင်ကိုလည်း အမြန်ဆုံးရောက်ပါစေလို့လည်းဆုတောင်းချင်ပါတယ်။ ကျမတို့ဟာ ဗိုလ်ချုပ်အတွက် အမြဲတမ်းအားပီးနေပြီး အမြဲကြိုးစားနေပြီးတက်နိုင်တဲ့ဘက်က ကျမတို့ပါဝင်ကူညီပြီး ဆုတောင်းပေးနေပါတယ်။ဗိုလ်ချုပ်ကျန်းမာပါစေ။ ချမ်းသာပါစေ။ ဒီထက်မက အောင်မြင်ပါစေ။ ကျမတို့ ရက္ခိုင်နိုင်ငံတော်လွတ်လပ်ရေး၇တဲ့အထိကျမတို့ကို ကူညီစောင့်ရှောက်ပြီးတော့အားလုံးဘက်က အစစအရာရာကျမတို့တွေ အတွက်လုပ်ဆောင်ပေးနေတဲ့ ဗိုလ်ချုပ်အတွက် နှစ်တစ်ရာတိုင်အောင်အထိကျန်းကျန်းမာမာ ချမ်းချမ်းသာသာနဲ့ ဗိုလ်ချုပ်အောင်မြင်နိုင်ပါစေလို့ ကျမဆုတောင်းပေးပါတယ်"

 

ဦးထွန်းညို(ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ဖလောင်းချိတ်မြို့သား /ကော့စ်ဘဇားမြို့)

"ဒီနေ့ဟာအေအေခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင် (၄၄) နှစ်မြောက် မွေးရက်နေ့ဖြစ်ပါတယ်။ ကျနော်ဒီနေရာကနေ ဗိုလ်ချုပ်ကို ကျန်းမာစေဖို့၊ ရခိုင်ပြည်အတွက် ၇ခိုင်လူမျိုးအတွက် အများကြီးအလုပ်လုပ်ပေးနိုင်ဖို့ကိုလည်း ကျနော်ဆုတောင်းပေးပါတယ်။ ပြီးတော့ ဒီမတရားအုပ်ချုပ်နေတဲ့တပ်မတော်ကို ၇ခိုင်ပြည်ထဲကမကြာခင်အချိန်မှာ လိုက်ထုတ်နိုင်မယ်လို့ ကျနော်မျှော်လင့်ပါတယ်။ ဗိုလ်ချုပ်ထွန်းမြတ်နိုင် ကိုလည်း Leadership တစ်ခုတည်ဆောက်နိုင်ဖို့ဒီကနေ ဆုတောင်းလိုက်ပါတယ်။ ကျနော်တို့ရခိုင်ပြည်သမိုင်းကို ကြည့်ရင် ရခိုင်တော်လှန်ရေးဟာ (၁၇၈၄) ခုနှစ် ဗမာသိမ်းကတည်းကနေပထမဆုံး ဗိုလ်ချင်းပျံ ခေါင်းဆောင်းခေါင်ကတည်းကနေ အဆုံးမှာ ရမလ၊ ၇ကပတို့ အမျိုးမျိုးခေါင်းဆောင်ခဲ့ကြပေမယ့်ဗိုလ်ချုပ်ထွန်းမြတ်နိုင်လောက် အောင်မြင်အောင် တစ်ယောက်မှမလုပ်နိုင်ခဲ့ကြပါဘူး။ ဒါကြောင့်  ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကို ကမ္ဘာမှာရှိတဲ့ ရခိုင်သူ၊၇ခိုင်သားအားလုံး မှန်ကန်တဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်ဖို့ အားလုံးအကူအညီပေးဖို့ ထောက်ခံဖို့ကိုဒီကနေလည်း တောင်းပန်ပါတယ်"

 (NN-7)

#အေအေ/စစ်ရေး/ နိုင်ငံရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.