နိရဉ္စရာ၊နိုဝင်ဘာ ၉/၂၀၂၂
၇ခိုင်ပြည်နယ်၊မင်းပြားမြို့နယ်တွင်၊ ယမန်နေ့က ရက္ခိုင့်တပ်တော်(AA)မှ စစ်ဇက်ရေယာဉ်ကို တိုက်ခိုက်၍ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပြန်ပစ်ခတ်ရာတွင် နေအိမ် (၁၅)ဆောင်ထိခိုက်ပျက်စီးသွားသည်ဟုသိ၇သည်။
ယနေ့နံနက် ၉ နာရီကျော်တစ်တစ်ကြိမ်၊ နေ့လယ် ၁၂ နာရီကျော်ခန့်တွင်တစ်ကြိမ် စစ်တပ်ဇက်ရေယာဉ်နှင့် မင်းပြားအခြေစိုက်တပ်ရင်းများမှလက်နက်ကြီးများပစ်ခတ်၍ မင်းပြားမြို့နယ်မှ နေအိမ် (၁၅)ဆောင်ပျက်စီးသွားကြောင်း မင်းပြားမှအမည်မဖော်လိုသည့် လူမှုရေးလှုပ်ရှားသူတစ်ဦးက ပြောသည်။
"စက္ကရေရွာက အုပ်ချုပ်ရေးမှူးအပါအဝင်(၃) ဆောင်ပျက်စီးမှုရှိတယ်။ နောက်ပြီး ကျားရဲပြင်ရွာမှာ (၄) ဆောင်ပါ။ နောက်ပြီး ချောင်းရှည်ကဦးစံရွှေသိန်းအိမ်နဲ့ ဦးမဲအောင်အိမ် (၂) ဆောင်ပျက်စီးမှုရှိပါတယ်။ ဖလောင်းပြင်မှာတော့အိမ်တစ်ဆောင်လုံးပျက်သွားတယ်လို့ သိ၇တယ်။ ကျန်တာတွေကတော့ ဟိုနားပေါက်၊ ဒီနားပေါက်၊တိုင်တွေထိ၊ အခေါင်တွေ ပွင့်တာမျိုး ရှိပါတယ်။တခြားထိခိုက်မှုတွေနဲ့ အသေးစိတ်စာရင်းတွေ လုပ်နေဆဲပါ"ဟု ပြောသည်။
ပျက်စီးသွားသည့်နေအိမ်များမှာဖလောင်းပြင်ကျေးရွာမှ (၆) ဆောင်၊ စက္ကရေကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးမောင်ညွန့်ချေအိမ်အပါအဝင်(၃)ဆောင်၊ ချောင်းရှည်ကျေးရွာမှ ဦးစံရွှေသိန်းနှင့် ဦးမဲအောင်တို့ နေအိမ်(၂) ဆောင် ၊ ကျားရဲပြင်ကျေးရွာမှ(၄) ဆောင်တို့ဖြစ်ကြပြီးစုစုပေါင်းနေအိမ် (၁၅)ဆောင် ထိခိုက်ပျက်စီးသွားကြောင်း ၎င်းက ပြောသည်။
နေအိမ်ထိခိုက်ပျက်စီးမှုမှာဇက်ရေယာဉ်မှပစ်ခတ်မှုကြောင့်အများဆုံး ပျက်စီးခြင်းဖြစ်ပြီးညနေ ၃ နာရီခွဲခန့်အထိ မင်းပြားမယ်တော်တောင်က လက်နက်ကြီးများပစ်ခတ်ခဲ့သည်ဟု ဒေသခံများကပြောသည်။
မင်းပြားမြို့နယ်ခေါင်းလောင်းချောင်းကျေးရွာ ရဲစခန်းအနီး မြစ်ကွေ့တွင်တက်လာသည့် စစ်ဇက်ရေယာဉ် ၂ စီးကိုရက္ခိုင့်တပ်တော်(AA) တပ်ဖွဲ့ဝင်များကယနေ့ နိုဝင်ဘာလ ၈ ရက် နံနက် ၉ နာရီခန့်တွင် ကြားဖြတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးနောက်ယခုကဲ့သို့ စစ်တပ်က လူနေကျေးရွာများကိုလက်နက်ကြီးပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
ရခိုင်တွင်လက်နက်ကြီးပစ်ခတ်မှုကြောင့် လူသေဆုံးမှု၊ ထိခိုက်ဒဏ်ရာရရှိမှု နှင့် နေအိမ်ပျက်စီးမှုများဆက်တိုက်ရှိနေခြင်းဖြစ်သည်။ (NN-7)