နိရဉ္စရာ၊နိုဝင်ဘာ ၉/၂၀၂၂
၇ခိုင်ပြည်နယ်၊စစ်တွေမြို့ အဝင်အထွက် ကျောက်တန်းစစ်ဆေးရေး ဂိတ်တွင် စစ်ဆေးမှုကိုအချိန်ကြာကြီးပြုလုပ်နေသဖြင့်ကုန်ကားများနှင့်ခရီးသည်တင်ကားများမှာတန်းစီပိတ်မိနေသည်ဟုသတင်းရရှိသည်။
ကျောက်တန်းဂိတ်၏ တစ်ဖက်တစ်ချက်တွင် ရန်ကုန်အပါအဝင်၇ခိုင်နယ်မြို့များမှစစ်တွေမြို့သို့ လာသောကားများနှင့် စစ်တွေမှ ရန်ကုန်အပါအဝင် နယ်မြို့များသို့ သွားလာသည့်ခရီးသည်တင်ကားများ၊ ကုန်တင်ကားများအားလုံး ပိတ်မိနေခြင်းဖြစ်ကြောင်း ကားသမားတစ်ဦးကပြောသည်။
"ကျွန်တော်တို့က မနေ့က နိုဝင်ဘာ ၈ရက် ညနေ ၄ နာရီလောက်ကနေ ဒီကျောက်တန်းကို ရောက်နေတာ။ အဲ့တာ သူတို့ကဖြတ်သွားခွင့်မပြုပဲစစ်ဆေးနေလို့ ကားတွေလည်းရပ်ပြီး ဒီအတိုင်းနေနေရတယ်။ပိတ်မိလို့ရပ်ထား၇တဲ့ကားတွေကလည်
ထိုသို့စစ်ဆေးနေသဖြင့် ဂိတ်တစ်ဖက် တစ်ချက်တွင် ပိတ်မိနေသော အိမ်စီးကားများ၊ခရီးသည်တင်ကားများနှင့်ကုန်ကားများမှာ ယာဥ်တန်းတစ်ခုလိုဖြစ်နေသည်ဟု
ကုန်ကားများနှင့် ခရီးသည်တင်ကားများကိုယာဥ်လိုင်စင်၊ မောင်းနှင်သူလိုင်စင်နှင့် ကားပေါ်တွင်တင်ယူလာသည့်ကုန်များ၊ ခရီးသည်များကိုလည်းစာရင်းယူကာ စစ်ဆေးသည့် နေရာသို့သွားရောက် စာရင်းပေးထားရကာခွင့်ပြုချက်ရမှ သွားခွင့်ပြုမည်ဟုသိ၇သည်။
"ကားလိုင်စင်၊ မောင်းသူလိုင်စင်နဲ့နာမည်တွေ။ကုန်တွေကိုပါ သူတို့ဆီကို စာရင်းတင်ထား၇တယ်။ သူတို့ဆီကခွင့်ပြုချက်ရမှပဲသွားရမယ်။ သူတို့ကသွားလို့ရပြီဆိုမှ သွား၇မှာ။ ဒါပေမဲ့ ပိတ်မိနေတဲ့ကားတွေက အရမ်းများတော့ ဘယ်အချိန်မှ သွားခွင့်၇မယ်မသိဘူး။ မနေ့ကဆို သူတို့ကကားပေါ်တက်ပြီး တင်ယူလာတဲ့ ကုန်တွေကိုပါ စစ်ဆေးတဲ့အဆင့်ထိရှိတယ်"ဟု ကားမောင်းသူ
တစ်ဦးကပြောသည်။
အဆိုပါစစ်ဆေးရေးဂိတ်တွင်ဆိုင်ကယ်များ၊တစ်မြို့နယ်မှ တစ်မြို့နယ်သို့ဒေသအတွင်းသွားလာ
နေသည်ကားများကိုသွားလာခွင့်ပြုပြီး ကုန်ကားများနှင့် ခရီးသည်တင်ကားများကိုသာ စစ်ဆေးနေခြင်းဖြစ်သော်လည်း စစ်ဆေးချိန်ကြာမြင့်၍ ပိတ်မိနေခြင်းဖြစ်ကြောင်း သိ၇သည်။
ထိုသို့စစ်ဆေးနေ၍ကားပေါ်တွင်တင်ယူလာသည့် ကုန်များမှာ ကုန်စိမ်းများဖြစ်လျှင်အချိန်မီ မရောက်ရှိ၍ပျက်စီးနိုင်သည့်အခြေအနေရှိသည်
ယင်းအပြင်ပိတ်မိနေသည့်ကုန်ကားများနှင့် ခရီးသည်တင်ကားတစ်ချို့မှာ ကျောက်တော်တပ်မ
စစ်ဆေးရေးဂိတ်၌လည်းတစ်ကြိမ်စစ်ဆေးခံခဲ့ရသည်ဟုလည်းသိ၇သည်။
"ကုန်တွေကတော့စားသုံးကုန် ကုန်ခြောက်တွေဆိုရင်တော့အချိန်
စစ်တွေတွင် ပြီးခဲ့သည့်နိုဝင်ဘာလ၆ရက်၊ ညနေ ရနာရီကျော်အချိန်က စစ်တွေမြို့၊ ပြည်တော်သာရပ်ကွက်တွင်နေထိုင်သူပြည်နယ်ငါးလုပ်ငန်းဦးစီးမှူး ဦးသက်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရမှုဖြစ်ပွားပြီးနောက်ယခုလို ကုန်ကားများနှင့် ခရီးသည်တင်ကားများကို စစ်တပ်မှတင်းတင်းကျပ်ကျပ် စစ်ဆေးနေခြင်းဖြစ်သည်ဟုကားသမားများမှတစ်ဆင့် သိ၇သည်။(NN-12)