Preview

စစ်ကောင်စီတပ်ကဖမ်းသွားသည့် မောင်တော ရွက်ညိုတောင်ဆရာတော် လွတ်မြောက်လာ

နိုဝင်ဘာ ၀၉/ ၂၀၂၂ | ကြည့်ရှုသူ :3332
ရခိုင် သတင်း

နိရဥ္စရာ၊ နိုဝင်ဘာ ၉/၂၀၂၂

စစ်ကောင်စီတပ်ကဖမ်းသွားသည့် ရခိုင်ပြည်နယ် မောင်တောမြို့နယ် ရွက်ညိုတောင်ဆရာတော်သည် ယမန်နေ့ နိုဝင်ဘာ ၈ ရက် ညနေပိုင်းက လွတ်မြောက်လာပြီဟု မြို့ခံတစ်ဦးက ပြောသည်။

"ဆရာတော် ပြန်လွတ်လာတာက မနေ့က ညနေမှာ လွတ်လာတာပါ။ ဆရာတော်က ကျန်းကျန်းမာမာနဲ့ အေးဆေးလွတ်လာတာဖြစ်ပါတယ်"ဟု ပြောသည်။

ရွက်ညိုတောင်ကျေးရွာကျောင်းထိုင်ဆရာတော် ဦးပညာသီရိ (၃၅ နှစ်ခန့်)ကို နိုဝင်ဘာလ ၄ ရက် ည ၁၀ နာရီခန့်တွင် မောင်တောမြို့၊ မြို့မအနောက်ရပ်ကွက်ရှိ မြို့မဘုန်းကြီးကျောင်းတွင်ကျင်းပခဲ့သည့်ပဋ္ဌာန်းပွဲနောက်ဆုံးနေ့၌ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ဝင် ရ ဦးက ဝင်ရောက်ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု မျက်မြင်တစ်ဦးက ပြောဆိုခဲ့သည်။

ဆရာတော် ဦးပညာသီရိသည် မောင်တောမြို့နယ်မြောက်ပိုင်းရှိ မောင်တောမြို့နှင့် ၁၆ မိုင်ခန့်ဝေးသော ရွက်ညိုတောင်ကျေးရွာတွင်ကျောင်းထိုင်နေသည့်ဆရာတော်ဖြစ်သည်။

မောင်တောမြို့နယ်မြောက်ပိုင်းတွင် ပြီးခဲ့သည့် သြဂုတ်လ ၁၃ ရက်မှစတင်ကာ တကျော့ပြန်တိုက်ပွဲများပြင်ထန်နေမှုကြောင့် စစ်ကောင်စီတပ်က လမ်းခရီးများပိတ်ထား၍ မောင်တောမြို့မကျောင်းတွင် ယာယီသီဆင်းသုံးနေခြင်းဖြစ်သည်ဟု သိ၇သည်။


#တရားဥပဒေ# စစ်ကောင်စီ# ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.