နိရဉ္စရာ၊ နိုဝင်ဘာ ၁၀/၂၀၂၂
စစ်ကောင်စီတပ်၏ ဖမ်းဆီးခံထား၇သည့် စစ်တွေမြို့၊ လမ်းမတော်တောင်ရပ်ကွက်မှ သုခကာရီဆရာတော်အပါအဝင် သံဃာတော် (၃) ပါး ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်းသတင်းရရှိသည်။
ယမန်နေ့ နိုဝင်ဘာ ရ ရက် ည ၈ နာရီခန့်က ပြန်လည်လွတ်မြောက်လာခြင်းဖြစ်ကြောင်းတပည့်တကာတစ်ဦးက ပြောသည်။
"မနေ့က ည ၈ နာရီလောက်မှာ ပြန်လွတ်လာပါပြီ"ဟု အတည်ပြုပြောကြားသည်။
ဆရာတော် နှင့်အတူ ဦးဇင်းကြီး နှင့် မောင်ရှင်ကြီးနှစ်ပါးတို့ကိုနိုဝင်ဘာ (၆) ရက်နေ့ ည ၁၁ နာရီခွဲခန့်က စစ်တွေမြို့၊ သုခကာရီကျောင်းတိုက်အတွင်းသို့စစ်ကောင်စီတပ်သားများနှင့် ရဲတပ်သားများက ကားဖြင့်ဝင်ရောက်ကာ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်။
ယခုကဲ့သို့ ပြန်လည်လွတ်မြောက်လာသည့်အတွက် များစွားဝမ်းမြောက်ဝမ်းသာဖြစ်မိသည်ဟုလည်း၎င်းက ပြောသည်။
နိုဝင်ဘာ (၆) ရက် ညနေ ရ နာရီခွဲမှာ စစ်တွေမြို့ ရှုခင်းသာလမ်း၊RV စားသောက်ဆိုင်ထဲတွင် ပြည်နယ် ငါးလုပ်ငန်းဦးစီးမှူး ဦးသက်ဦး(၆၀) ကို အမည်မသိသူနှစ်ဦးမှဆိုင်ကယ်ဖြင့်လာပြီး သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် ဒေသခံပြည်သူများ နှင့်၇ဟန်းသံဃာများကိုပါ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
မည်သည့်အတွက်ကြောင့် ၇ဟန်းတော် ၃ ပါးအား ဖမ်းဆီးခဲ့ခြင်းကိုတစ်စုံတစ်ရာ မသိ၇သေးပါ။(NN-7)