Preview

ပုဏ္ဏားကျွန်းတွင်ရိက္ခာလာပို့သည့် စစ်ကားမိုင်းဆွဲခံရ၍ ကားတစ်စီးလုံးပျက်စီးသွားကာ စစ်သားအများအပြားသေဆုံးသွားဟုဆို

နိုဝင်ဘာ ၁၀/ ၂၀၂၂ | ကြည့်ရှုသူ :4843
ရခိုင် သတင်း

နိရဉ္စရာ၊နိုဝင်ဘာ ၁၀/၂၀၂၂ 

 

၇ခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်တွင်ရိက္ခာလာပို့သည့် စစ်ကားတစ်စီး မိုင်းဆွဲခံ၇၍ ကားတစ်စီးလုံးပျက်စီးသွားကာ စစ်သားအများအပြားသေဆုံးသွားခဲ့သည်ဒေသခံများက ပြောသည်။ 

 

ယနေ့ နိုဝင်ဘာ၁၀ ရက် နံနက် ရ နာရီကျော်တွင် ပုဏ္ဏားကျွန်းမြို့နယ် ဆင်အင်းကြီးနှင့်ပဒေသာရွာကြားရှိ ရန်ကုန်-စစ်တွေကားလမ်းမပေါ်တွင် ရက္ခိုင့်တပ်တော် အေအေ စစ်တပ်ရိက္ခာကားကို မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုအမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။ 

 

"ရိက္ခာကားတော့လုံး၀ပြိုသွားတယ်။ စစ်သားကတော့၁၀ ယောက်လောက် သေသွားပါတယ်"ဟု ပြောသည်။ 

 

ယခုကဲ့သို့မိုင်းဆွဲခံ၇ပြီးနောက် စစ်တွေအခြေစိုက် ၃၄၄ တပ်နှင့် ပုဏ္ဏားကျွန်းအခြေစိုက် ၅၅၀တို့ကလည်း ရိက္ခာကားမိုင်းဆွဲခံရသည့်နေရာအနီးဝန်းကျင်ကို လက်နက်ကြီးများဖြင့်၁၀ မိနစ်ခန့်ကြာ ဆက်တိုက်ပတ်ခတ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။ 

 

စစ်တွေ ဒေသခံတစ်ဦးက"စစ်တွေ ၃၄၄ တပ်က ပစ်သံက တအားကျယ်တာ။ စစ်တွေမြို့ထဲကတောင် ကြား၇တယ်။၃၄၄ က လက်နက်ကြီး ၁၀ ချက်လောက်တောင်ပစ်ခဲ့တယ်။ အရင်ဆို ၃၄၄ က ပစ်သံတွေကို မြို့ထဲက သိပ်မကြား၇ဘူး အခုက အသံကျယ်တော့ ကြား၇တယ်"ဟု ပြောသည်။ 


အဆိုပါ တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး ပြည်နယ်စစ်ကောင်စီ ပြောခွင့်ရသူများသို့ ဖုန်းဆက်သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိပါ။ ရက္ခိုင့်တပ်တော်ဘက်သို့ ဆက်သွယ်နေဆဲဖြစ်သဖြင့် ၎င်းတိုက်ခိုက်မှုနှင့် ပတ်သက်ပြီး အတည်ပြုချက်တော့ မ၇နိုင်သေးပါ။

 

လက်ရှိတွင်စစ်တွေမြို့အဝင် အထွက် ကျောက်တန်းစစ်ဆေးရေးဂိတ်ကိုဖြတ်သန်းသွားလာခွင့် ပိတ်ထားပြီဟု ခရီးသည်များက ပြောသည်။

#အေအေ/စစ်ရေး/ နိုင်ငံရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.