Preview

မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် အထိနာသွားသော စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်ပစ်ခတ်နေ၍ ပုဏ္ဏားကျွန်းမြို့တွင်ဈေးနှင့်စာသင်ကျောင်းများ ယာယီပိတ်ထားလိုက်ရ

နိုဝင်ဘာ ၁၀/ ၂၀၂၂ | ကြည့်ရှုသူ :6587
ရခိုင် သတင်း

 

နိရဉ္စရာ၊နိုဝင်ဘာ ၁၀/၂၀၂၂

 

နေ့နံနက် စစ်ကောင်စီရိက္ခာကားတစ်စီးကို ရက္ခိုင့်တပ်တော် (AA) က မိုင်းဆွဲတိုက်ခိုက်ခဲ့သဖြင့်  အကျအဆုံးများဖြင့် အထိနာသွားခဲ့သော စစ်ကောင်စီတပ်သည်လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်မှုများပြုလုပ်နေသဖြင့် ပုဏ္ဏားကျွန်းမြို့ပေါ်ရှိ စာသင်ကျောင်းများ၊ဈေးနှင့် ဈေးဆိုင်များ၊ ကားလမ်းတစ်လျှောက်ရှိစာသင်ကျောင်းများ အားလုံးကို ယာယီပိတ်ထားလိုက်ရကြောင်းသိ၇သည်။

 

နိုဝင်ဘာလ၁၀ ရက်၊ နံနက် ရ နာရီကျော်ခန့်က ရိက္ခာလာပို့သည့် စစ်ကားတစ်စီး မိုင်းဆွဲခံ၇ပြီးနောက် စစ်သား ၁၀ ဦးခန့်ထိ ကျဆုံးသွားပြီးနောက်တွင် ပုဏ္ဏားကျွန်းအခြေစိုက်၅၅၀ တပ်မှ  လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အဆက်မပြတ် ပစ်ခတ်မှုများရှိခဲ့သလို ရဟတ်ယာဉ်တစ်စီးမှလည်း မိုင်းဆွဲခံရသည့် နေရာအနီးဝန်းကျင်တွင်ဝဲပျံနေသည်ဟု ဒေသခံများက ပြောသည်။  

ပုဏ္ဏားကျွန်းမြို့ခံအမျိုးသမီးတစ်ဦးက" လမ်းပေါ်က လူတွေအားလုံးထွက်ပြေးကြ၇တယ်။ ဒီအချိန်က ဈေးသွားတဲ့အချိန်ဆိုတော့ ဈေးတွေကနေလူတွေ ထွက်ပြေးလာယ်။အခုဆိုရင် မြို့ကတော့ငြိမ်သွားပြီ။ မနက်ကျူရှင်တက်တဲ့ကလေးတွေကိုဆိုရင်လည်း ကျူရှင်တွေအားလုံးက လွှတ်လိုက်ကြပြီ။ဒီနေ့တော့ မိဘတွေက ကျောင်းကိုလည်းပို့ရဲကြတော့မယ် မထင်ဘူး။ အခုမနက်ကပစ်ခတ်မှုဖြစ်တဲ့နေရာနားမှာရဟတ်ယာဉ်ဝဲနေတာကို တွေ့နေ၇တယ်။ အခုတော့ လက်နက်ကြီးတွေပစ်တာ ငြိမ်သွားပြီ" ဟုပြောသည်။

 

ပုဏ္ဏားကျွန်းအခြေစိုက်က် ခမ၇ (၅၅၀)တပ်ရင်းမှလက်နက်ကြီးများအပါအဝင်  စက်သေနတ်များဖြင့် အခင်းဖြစ်ပွားရာဆင်အိုးကြီးနှင့်ပဒေသာကျေးရွာကြားရှိရန်ကုန်-စစ်တွေ ကားလမ်းမပေါ်သို့  ဦးတည်ကာပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။

 

နောက်ထပ်ပုဏ္ဏားကျွန်းမြို့ခံတစ်ဦးက"ကျောင်းနဲ့ဈေးတော့ ပိတ်ထားလိုက်ကြတယ်။ ကျူရှင်တက်နေတဲ့ ကျောင်းသားတွေလည်း အိမ်ပြန်ရောက်လာကြတယ်။မြို့ထဲမှာလည်း အသွားအလာ ရုတ်ချည်းရပ်သွားတယ်။ အရင်ကထက်တော့ ပိုငြိမ်ကျသွားတယ်။ လူတွေလည်းအပြင်ကိုသိမ်မထွက်ကြတော့ဘူး။ လက်နက်ကြီးပစ်သံတွေမကြား၇တာလည်း ကြာပြီ။ အခုမှပြန်ကြား၇တာဆိုတော့ လူတွေလည်း လန့်ကြတယ်"ဟုပြောသည်။

 

လက်ရှိတွင်ပုဏ္ဏားကျွန်းအခြေစိုက် ၅၅၀ တပ်ရင်းမှ လက်နက်ကြီးပစ်ခတ်သံများ ငြိမ်သက်သွားပြီဖြစ်သော်လည် ပြည်သူများအနေဖြင့်  စိုးရိမ်နေ၇ကြောင်း ဒေသခံများကပြောသည်။

 

ယနေ့နံနက်ကစစ်ကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရသည့် ပုဏ္ဏားကျွန်းမြို့နယ် ဆင်အိုးကြီးကျေးရွာနှင့်ပဒေသာကျေးရွာအနီးတွင်လည်း စစ်၇ဟတ်ယာဉ်တစ်စီး ဝဲပျံနေပြီး  အဆိုပါ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်မှုတို့ကြောင့်အနီးအနားရှိဒေသခံများ အထိအခိုက်ရှိ၊ မရှိကို နိရဉ္စရာအနေဖြင့် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

(N-8/12)

#လက်နက်ကိုင်တော်လှန်ရေး#စစ်ကောင်စီ# မြန်မာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.