Preview

မင်းပြားရာမောင်တံထားအနီးတွင် ပစ်ခတ်ဖမ်းဆီးခံထားရသည့် လူငယ်နှစ်ဦးကို လုံခြုံရေးအပြည့်နှင့် တရားရုံးထုတ်ပြီး စစ်တပ်သို့ ပြန်ခေါ်သွား

နိုဝင်ဘာ ၁၀/ ၂၀၂၂ | ကြည့်ရှုသူ :2446
ရခိုင် သတင်း

နိရဉ္စရာ၊ နိုဝင်ဘာ ၁၀/ ၂၀၂၂


မင်းပြားမြို့နယ်နရမ်းလမ်းဆုံအနီးတွင်စစ်ကောင်စီတပ်မှ ပစ်ခတ် ဖမ်းဆီးထားသည့် လူငယ်နှစ်ဦးကို ယမန်နေ့နေ့လယ်ပိုင်းက မင်းပြားမြို့နယ်တရားရုံးတွင်လုံခြုံရေးအပြည့်ဖြင့် ရုံးထုတ်ခဲ့ပြီး စစ်တပ်သို့ပြန်ခေါ်ယူသွားကြောင်းသတင်းရရှိသည်။


အဆိုပါလူငယ်နှစ်ယောက်မှာ ပေါက်တောမြို့နယ်သရက်ရွာမှ ကိုညီညီအောင် (ဘ) ဦလှစော အသက်(၂၂) နှစ်နှင့် ၇သေ့တောင်မြို့နယ်မှတစ်ဦးဖြစ်ကာ ၎င်းတို့ကို မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁)နှင့်စစ်ကောင်စီ တပ်မှ တရားလိုလုပ်ကာ အမှုဖွင့်ထား ခြင်းဖြစ်သည်။


 “ သူတို့ကိုမတရားအသင်းဆက်သွယ်မှုနဲ့ ရုံးထုတ်တာပါ။ ရဲလက်ကိုတော့ မလွဲသေးဘူး စစ်တပ်ကပြန်ခေါ်သွားတယ်။ နှစ်ယောက်လုံးက လူငယ်တွေ အသက် ၂၀ ကျော်အရွယ်ပါ။ဟု မင်းပြားမြို့နယ်တရားရုံးနှင့် နီးစပ်သူ မင်းပြားမြို့ခံ တစ်ယောက်က ပြောသည်။


သူတို့နှစ်ဦးကိုရုံးထုတ်လာသည့်အခါ မင်းပြားမြို့တွင် လုံခြုံရေးအပြည့်ချထားပြီးရုံးထုတ်ပြီးတွင် မင်းပြားအ ခြေစိုက် ၃၇၉ တပ်ရင်းကိုစစ်ကောင်စီတပ်က ပြန်ခေါ်သွားကြောင်းလည်း အဆိုပါ မြို့ခံက ပြောသည်။


အဆိုပါလူငယ်နှစ်ဦးမှာ စက်တင်ဘာလ ၁၀ ရက်နေ့ နံနက် (၁၀)နာရီခန့်က မင်းပြားမြို့နယ်ရာမောင်ဘက်မှ နေ ငစရိုင်းချောင်း မင်းရွာဘက်သို့ ဆိုင်ကယ်နှင့်အလားတွင်တံထားအနီးတွင် တပ်စွဲထားသည့် စစ်ကောင်စီ တပ်က သေနတ်နှင့်ပစ်ခတ်ဖမ်းဆီးခံခဲ့၇ခြင်းဖြစ်သည်။

#တရားဥပဒေ# စစ်ကောင်စီ# ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.