Preview

ပုဏ္ဏားကျွန်းမြို့နယ် ဆင်အင်းကြီးကျေးရွာကို စစ်ကောင်စီတပ်သားများ မီးရှို့နေ

နိုဝင်ဘာ ၁၀/ ၂၀၂၂ | ကြည့်ရှုသူ :7131
ရခိုင် သတင်း

နိရဉ္စရာ၊နိုဝင်ဘာ ၁၀/၂၀၂၂

စစ်ကောင်စီမှစစ်၇ဟတ်ယာဉ်များနှင့် လက်နက်ကြီးများအသုံးပြုကာ ပစ်ခတ်နေခဲ့သည့် ပုဏ္ဏားကျွန်းမြို့နယ်ဆင်အင်းကြီးကျေးရွာကို ယနေ့ညနေ ၄ နာရီခွဲကျော်ခန့်က စစ်ကောင်စီ တပ်သားများ ဝင်ရောက်လာပြီး မီးရှို့နေကြောင်း ဒေသခံများက ပြောကြားသည်။

အဆိုပါဆင်အင်းကြီးကျေးရွာကို စစ်ကောင်စီတပ်သားများသည် ယနေ့ညနေ ၄ နာရီကျော်ခန့်က ဝင်ရောက်လာခဲ့ပြီးနောက်ပိုင်းတွင်ကျေးရွာအထဲမှ မီးခိုးများထွက်လာနေသည်ကို တွေ့မြင်နေရကြောင်း ဆင်အင်းကြီးကျေးရွာမှ ဒေသခံတစ်ဦးကပြောသည်။

"လောင်နေတာကတော့သိပ်မကြာသေးဘူး။ အခုလည်း မီးခိုးအသစ်တွေထွက်နေပါတယ်။ နောက်ထပ် အိမ်ကြီးတစ်ဆောင်လောင်နေပြီလားမသိဘူး။ရွာထဲမှာတော့ ယောင်္ကျား မိန်းမတွေတော့ မကျန်တော့ပါဘူး။စစ်သားတွေက ၅၅၀ တပ်ထဲကနေ ကင်းပုန်းဝပ်ပြီးတော့ ရွာထဲကိုဝင်လာတာပါ။ သူတို့ရွာထဲကိုဝင်လာပြီးတဲ့နောက်မှာမီးလောင်နေတာပါ" ဟုပြောသည်။

အဆိုပါစစ်ကောင်စီတပ်သားများဆင်အင်းကြီးကျေးရွာသို့ မဝင်ရောက်ခင်က ဆင်အင်းကြီး ကျေးရွာအနီးတဝိုက်ကို စစ်ကောင်စီ၇ဟတ်ယာဉ်နှင့်ပုဏ္ဏားကျွန်းအခြေစိုက် ၅၅၀ တပ်ရင်းမှ လက်နက်ကြီးများ ဆက်တိုက်ပစ်ခတ်မှုများရှိနေခဲ့ပြီး၎င်းစစ်သားများ ရွာထဲသို့ဝင်ရောက်ပြီးနောက်တွင်စစ်ကောင်စီဖက်မှ ပစ်ခတ်မှုများ ရပ်တန့်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

"ဆင်အင်းကြီးကိုစစ်သားတွေဝင်ပြီးမီးတိုက်နေတာပါ။ ရွာသားတွေအားလုံးကတော့ ထွက်ပြေးနေကြပါတယ်။ သူတို့ကရွာထဲမှာရှိပါသေးတယ်။ အခုထိလည်းမီးတိုက်နေပါသေးတယ်။ ကျနော်တို့က အဝေးကနေမြင်နေ၇တာပါ။လက်နက်ကြီးတွေကတော့ အခုခရပ်နေပါတယ်။လေယာဉ်ပေါ်ကနဲ့ လက်နက်ကြီးတွေပစ်ပြီးတဲ့နောက်မှာ ရွာထဲကို စစ်သားတွေဝင်လာတာပါ"ဟုပြောသည်။

ယနေ့နံနက်ရ နာရီကျော်ခန့်က၊ ပုဏ္ဏားကျွန်းမြို့နယ် ဆင်အင်းကြီးနှင့် ပဒေသာကျေးရွာကြားရှိ ရန်ကုန်-စစ်တွေကားလမ်းမပေါ်တွင်ရိက္ခာတင်ဆောင်လာသည့် စစ်ကားများကို  ရက္ခိုင့်တပ်တော်(အေအေ)က မိုင်းဆွဲတိုက်ခိုက်ခဲ့သဖြင့်  တစ်စီးထိမှန်က စစ်သားအများအပြား သေဆုံးထိခိုက်မှုရှိခဲ့ပြီးနောက်တွင်စစ်တပ်က လူနေကျေးရွာများ အနီးဝန်းကျင်ကို ၇ဟတ်ယာဉ်ဖြင့် ပစ်ခတ်သလိုက်နက်ကြီးများဖြင့်လည်း အဆက်မပြတ် စ်ခတ်မှုပြုလုပ်ခဲ့ကြောင်း သိ၇သည်။

အဆိုပါစစ်ကောင်စီတပ်မှရဟတ်ယာဉ်နှင့် ဒရုန်းများကို အသုံးပြု၍တိုက်ခိုက်မှုကြောင့် ပုဏ္ဏားကျွန်းမြို့နယ်မှကျောင်းသားလူငယ် ဦးအပါအဝင် အနည်းဆုံး ဒေသခံ ရ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိ၇သည်။

#တရားဥပဒေ# စစ်ကောင်စီ# ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.