Preview

စစ်ကောင်စီတပ်က တိုက်ပွဲကိုအကြောင်းပြပြီး လူနေကျေးရွာများထဲ ဒရုန်းဖြင့်ပစ်ခတ်၍ ပုဏ္ဏားကျွန်းတွင် နောက်ထပ်ဒေသခံတစ်ဦး ကျည်စထိမှန်၍ ဒဏ်ရာရ

နိုဝင်ဘာ ၁၀/ ၂၀၂၂ | ကြည့်ရှုသူ :7171
ရခိုင် သတင်း

နိရဉ္စရာ၊နိုဝင်ဘာ ၁၀/၂၀၂၂

 

ပုဏ္ဏားကျွန်းမြို့နယ်တွင် စစ်ကောင်စီတပ်ကတိုက်ပွဲကို အကြောင်းပြပြီး တိုက်ပွဲဖြစ်ပွားရာနေရာနှင့် အဝေးတွင် တည်ရှိသည့် ကျေးရွာများကိုပါဒရုန်းဖြင့် ပစ်ခတ်ခဲ့၍  နောက်ထပ်ဒေသခံအရပ်သားတစ်ဦး ကျည်စထိမှန်၍ ထိခိုက်ဒဏ်ရာရရှိသွားသည်ဟုသိ၇သည်။

 

ထိခိုက်ဒဏ်ရာရရှိသွားသူမှာပုဏ္ဏားကျွန်းမြို့နယ်၊ ကျွဲထိုးကျေးရွာမှ ဦးစံထွန်းအေး၏ သားဖြစ်သူ

အသက်(၂၆)နှစ်အရွယ်ကိုစံမောင်သိန်းဖြစ်သည်ဟု သိ၇သည်။

 

၎င်းသည် ယနေ့ နိုဝင်ဘာလ ၁၀ရက်၊ ညနေ ၅နာရီခွဲခန့်အချိန်တွင် လက်နက်ကြီးမျာနှင့် ရဟတ်ယာဥ်ပေါ်မှ ပစ်ခတ်မှုများ ရပ်တန့်သွား၍ နေအိမ်၌ရေချိုးနေစဥ်ဒရုန်းမှပစ်ခတ်လိုက်သည့် ကျည်သည် သူ့အိမ်ဝန်းထဲ၌ ကျရောက်ပေါက်ကွဲရာမှခြေထောက်တွင် ကျည်စထိမှန်ကာ ဒဏ်ရာရှိသွားခြင်းဖြစ်သည်ဟု သိ၇သည်။

 

"သူကရေချိုးဖို့လုပ်နေတာ။အဲ့ဒါ ဒရုန်းကပစ်ခတ်လိုက်တဲ့ ကျည်က သူတို့အိမ်ဝန်းထဲမှာ ကျရောက်ပေါက်ကွဲပြီးတော့ကျည်စလွင့်စင်လာပြီး သူ့ခြေထောက်ကို ထိသွားတာ။ ဒဏ်ရာတော့ မပြင်ပါဘူး။ အသက်အန္တရာယ်စိုးရိမ်စရာလည်းမရှိပါဘူး"ဟု ကျွဲထိုးကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။

 

ပုဏ္ဏားကျွန်းတွင် ယနေ့နံနက် ရ နာရီကျော်ခန့်က ပုဏ္ဏားကျွန်းမြို့နယ် ဆင်အင်းကြီးနှင့် ပဒေသာကျေးရွာကြားရှိရန်ကုန်-စစ်တွေ ကားလမ်းမပေါ်တွင် စစ်ကားတစ်စီးမိုင်းဆွဲခံ၇ပြီးနောက်အနီးဝန်းကျင်များကို စစ်ကောင်စီတပ်က လက်နက် ကြီးများနှင့် စစ်ရဟတ်ယာဉ်အသုံးပြုကာလာရောက် ပစ်ခတ်မှုများ ပြုလုပ်ခဲ့သလို ဒရုန်းဖြင့်လည်း ပစ်ခတ်ခဲ့ကြောင်းဒေသခံများက ပြောကြားသည်။ 

 

ဒေသခံတစ်ဦးက အရင်က ဒီလိုမျိုးစစ်တပ်က ဒရုန်းနဲ့ ပစ်ခတ်တာ မရှိဘူး။  အခုဒရုန်းတွေကိုစတင်သုံးလာတော့ တိုက်ပွဲကို အကြောင်းပြပြီး ရွာတွေကို စမ်းသပ်ပစ်ခတ်နေတာလားလို့ ထင်မိတယ်။အခုက လေယာဉ်အပြင် ဒရုန်းကိုပါ ကြောက်လာ၇တယ်ဟုပြောဆိုသည်။

 

ယနေ့နံနက်မှညနေပိုင်းအထိ စစ်ကောင်စီတပ်၏ ပစ်ခတ်မှုများကြောင့် အိုင်ဒင်၊ငှက်ကြီးကျွန်း၊ ကျွဲထိုးနှင့် အခြားကျေးရွာအချို့မှ ဒေသခံ အနည်းဆုံး၉ဦးခန့် ထိခိုက်မှုရှိခဲ့သည်ဟု သိ၇သည်။  (NN-12)

 

#အေအေ/စစ်ရေး/ နိုင်ငံရေး# စစ်ကောင်စီ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.