နိရဉ္စရာ၊နိုဝင်ဘာ ၁၀/၂၀၂၂
၇ခိုင်ပြည်နယ်၊မောင်တောမြို့နယ်မြောက်ပိုင်းတွင်ရက္ခိုင့်တပ်တော် (AA)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီ
ယနေ့ နိုဝင်ဘာ၁၀ ရက် နေ့လယ် ၃ နာရီခန့်တွင် မောင်တောမြို့နယ်၊ ရန်အောင်ပြင် နှင့်ဝက်ကျိန်းကျေးရွာကြား တောင်တန်းတွင် ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့ နာရီဝက်ခန့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။
"ဒီနေ့နေ့လယ်က ရန်အောင်ပြင်နဲ့ ဝက်ကျိန်းကြား အရှေ့ဘက်တောင်ကြောမှာ ၃နာရီလောက်ကစပြီး ဖြစ်တာပါ။ အရမ်းတော့မကြာခဲ့ဘူး။နာရီဝက်လောက်ပဲဖြစ်ခဲ့တာပါ"ဟု ပြောသည်။
တိုက်ပွဲဖြစ်ပွားသည့်ရန်အောင်ပြင်ကျေးရွာအနီးဝန်းကျ
"၃နာရီခွဲလောက်က ဖြစ်တာပါ။တိုက်ပွဲဖြစ်တော့ဒေသခံများ ဘေးလွတ်ရာကို ခိုလှုံဖို့ ထွက်ပြေးခဲ့၇တယ်။ အဲဒီနောက် စစ်တပ်က လက်နက်ကြီးပစ်လို့အိမ်နှစ်ဆောင်မီးလောင်သွားပါတယ်
ယနေ့နံနက် ရနာရီကျော်ခန့်က၊ ပုဏ္ဏားကျွန်းမြို့နယ် ဆင်အင်းကြီးနှင့် ပဒေသာကျေးရွာကြားရှိရန်ကုန်-စစ်တွေ ကားလမ်းမပေါ်တွင် ရိက္ခာ တင်ဆောင်လာသည့်စစ်ကားများကို ရက္ခိုင့်တပ်တော်(အေအေ)က မိုင်းဆွဲတိုက်ခိုက်ခဲ့သဖြင့် စစ်ကောင်စီတပ်က အကျအဆုံး အများအပြားရှိခဲ့သည်ဟု သိ၇သည်။
ထိုသို့ စစ်သားများအကျအဆုံးရှိခဲ့မှု အပေါ် မကျေနပ်သည့် စစ်ကောင်စီတပ်ကလူနေကျေးရွာများ အနီးဝန်းကျင်ကို လက်နက်ကြီးများဖြင့်သာမက ၇ဟတ်ယာဉ်၊ ဒရုန်းများဖြင့်ပစ်ခတ်ခဲ့သဖြင့် ဒေသခံ ကျောင်းသားလူငယ် ၂ ဦးအပါအဝင် ဆယ်ဂဏန်းခန့်ဒဏ်ရာရရှိခဲ့သလိုဆင်အင်းကြီးရွာကိုလည်း စစ်တပ်က ဝင်ရောက်မီးရှို့ခဲ့သည်ဟုသိ၇သည်။ (NN-7)