English Edition
တနင်္ဂနွေနေ့၊ ဇန်နဝါရီလ ၁၉ရက်၊ ၂၀၂၅
လှူရန်
Preview
မြန်မာစစ်တပ်သတ်ဖြတ်ထားသော အလောင်း ၉ လောင်း ဆင်အင်းကြီးရွာတွင် လက်ရှိတွေ့ရှိထား
နိုဝင်ဘာ ၁၁/ ၂၀၂၂ | ကြည့်ရှုသူ :1035
ရခိုင် သတင်း
Breaking News
နိရဉ္စရာ၊ နိုဝင်ဘာ ၁၁/ ၂၀၂၂
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် ဆင်အင်းကြီးရွာတွင် အကြမ်းဖက် မြန်မာစစ်ကောင်စီတပ်က သတ်ဖြတ်ထားသည့် အလောင်း ၉ လောင်းကို လက်ရှိ တွေ့ရှိထားသည်ဟု သတင်းရရှိသည်။
လက်ရှိဆင်အင်းကြီးကျေးရွာထဲတွင် တွေ့ရှိရသည့် ကျေးရွာသား အလောင်းများမှာ ဦးမောင်စံလှ၊ ဦးခင်မောင်၊ မခင်လှိုင်မြင့်၊ ဦးထွန်းသာကျော်၊ ဦးအေးထွန်းစိန်၊ မောင်မောင်သိန်း ၊ ဦးကျော်ဇံ၊ ဦးမောင်ကျော်သိန်းနှင့် နယ်ကလာသည့် ဆေးဆရာတစ်ဦးဖြစ်ကြောင်း သိရှိ၇သည်။
အဆိုပါ အလောင်းများ၏ ကိုယ်ပေါ်တွင် ဓားထိုးဒဏ်ရာများ၊ သေနတ်ဖြင့် ပစ်သတ်ထားသည့် ဒဏ်ရာများကို တွေ့ရှိခဲ့ရသည်ဟု ကိုယ်တိုင် ကြည့်ရှုခဲ့သူ တစ်ဦးက ပြောသည်။
၎င်းပြင်သတ်ဖြတ်ခံထား၇သူများမှာ ယခုထက် ပိုများနိုင်သည်ဟုလည်း ပြောကြားသည်။
ဦးဦးရွှေသိန်း နေအိမ်အပါအဝင် အနည်းဆုံးနေအိမ် ၄ လုံးကိုလည်း မီးရှို့ထားကြောင်း သိ၇သည်။
ယမန်နေ့ နိုဝင်ဘာ ၁၀ ရက် နံနက် အစောပိုင်းက မြန်မာစစ်ကောင်စီတပ်၏ ရိက္ခာကားတစ်စီးကို အေအေမှ မိုင်းခွဲတိုက်ခိုက်ပြီးနောက် ယမန်နေ့ ညနေပိုင်းတွင် စစ်ကောင်စီစစ်ကြောင်းတစ်ခုသည် ၎င်းကျေးရွာထဲကို ဝင်ရောက်လာပြီး ရွာသားများကို သတ်ဖြတ်သွားခြင်းဖြစ်ကြောင်း သိ၇သည်။
#စစ်ကောင်စီ#အကြမ်းဖက်#ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.