နိရဉ္စရာ၊ နိုဝင်ဘာ ၁၁/ ၂၀၂၂
သီရိလင်္ကာနိုင်ငံ ကိုလမ်ဘိုမြို့တွင်မကြာမီကျင်းပမည့် (၆)ကြိမ်မြောက် တောင်အာရှနိုင်ငံများ နိုင်ငံများ ကရာတေးပြိုင်ပွဲတွင် ဘင်္ဂလာဒေ့ချ် နိုင်ငံကိုယ်စားပြုပြီး ကရာတေးဆရာကြီးဦးသိန်းမောင် ဖွင့်လှစ်ထားသည့်ပ၇ဟိတကျောင်းမှ ၇ခိုင်အပါအဝင် လူမျိုးစု ကျောင်းသား၊ကျောင်းသူ ၈ ဦးဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရှိ၇သည်။
ကရာတေးဆရာကြီး ဦးသိန်းမောင်က“ကျွန်တော်တို့ကျောင်းက ၈ယောက်ဝင်ပြိုင်မှာပါ။မိန်းကလေးက ၅ ယောက်၊ ယောကျာ်းလေးက၃ ယောက်။ သူတို့က၁၅နှစ်နဲ့ ၁၈ နှစ်အထဲမှာ ဝင်ပြိုင်မှာပါ။ အများစုကတော့ တစ်ယောက်ချင်းနဲ့သုံးယောက်ကာတာ (အလှပြပြိုင်ပွဲ)မှာ ဝင်ပြိုင်ကြမှာပါ” ဟု ပြောသည်။
ဝင်ရောက်ယှဉ်ပြိုင်မည့် ကျောင်သူ၊ကျောင်းသားများမှာ မနုမေ၊ မရီတုန်း ၊ မတုန်ပုန်း ၊ မဆန်းနုယဉ်၊မဖြူဝင်းစိန်၊ မောင်သိန်းကျော်ဦး၊ မောင်ရာဟိန်းနှင့် မောင်ကျော်ဆန်းဦးတို့ဖြစ်ကြပြီး ရခိုင်၊ မာရမာနှင့် မြိုကျောင်းသား ကျောင်းသူများဖြစ်ကြောင်းသိ၇သည်။
“ ဂျူနီယာပြိုင်ပွဲမှာမနုမေ ကတော့တစ်ယောက်ချင်းနဲ့အဖွဲ့လိုက်မှာကစားမှာပါ။ ရီတုန်းကတော့ 54-KG မှာ တစ်ယောက်ချင်းနဲ့အဖွဲ့လိုက်မှာစကားမှာ။ တုန်ပုန်းက အဖွဲ့လိုက်မှာကစားမယ်။ ဆန်းနုယာဉ်က 45-KG၊ ဖြူဝင်းစိ န်က 53-KgFightမှာကားမှာပါ။ သိန်းကျော်ဦးကတော့တစ်ယောက်ချင်းနဲ့ အဖွဲ့လိုက် 60-Kgမှာရာဟိန်းက တော့အဖွဲ့လိုက်57-Kgနဲ့ကျော်ဆန်းဦးကတော့ အဖွဲ့လိုက် 45-Kg ကာတာမှာ ကစားမှာဖြစ် တယ်။”ဟု ဆရာ သိန်းမောင်ကပြောသည်။
အဆိုပါပြိုင်ပွဲတွင် တောင်အာရှနိုင်ငံများဖြစ်ကြသည့်ဘဂ်လာဒေ့ချ်၊ သီရိလင်္ကာ၊ ဘူတန်၊ အာဖဂန်နစ္စတန်၊ အိန္ဒိယ၊ နီပေါ၊မောင်လဒိုက်နှင့် ပါကိစ္စတန်နိုင်ငံများမှ နိုင်ငံကိုယ်စားပြုကစားသမားများမှ ဝင်ရောက်ယှဉ် ပြိုင်ကြမည် ဖြစ်သည်။
မနုမေမှာ ယခင်တောင်အာရှပြိုင်ပွဲတွင်တတိယဆုရထားပြီး တခြားရွှေတံဆိပ်ဆု ၃ ခုရရှိထားပြီး ဘင်္ဂလားဒေ့ချ်နိုင်ငံတွင်း ပြည်ပွဲများတွင်လည်း ဆုများစွာရရှိထားပြီးသိန်းကျော်ဦးမှာလည်း ရွှေတံဆိပ်ရှင်ဖြစ်ပြီး ၂၀၂၁-၂၀၂၂ပြိုင်ပွဲတွင်လည်း ရွှေတံဆိပ်ရရှိထားသူဖြစ်ပြီး မရီတုန်းမှာလည်း ၂၀၂၀-၂၀၂၁ ကာတာ (အလှပြပြိုင် ပွဲ) တွင်လည်း ရွှေတံဆိပ်ရရှိထားသူဖြစ်ကြောင်းသိရှိ၇သည်။
ပြိုင်ပွဲဝင်ရန် သီရီလင်္ကာနိုင်ငံသို့နိုဝင်ဘာလ ၂၄ ရက်နေ့တွင် ဆရာသိန်းမောင် ဇနီးဖြစ်သူ ဒေါ် ဇော်ဦးဖြူမှာအဆိုပါကျောင်းသား ကျောင်းသူများနှင့်အတူ သီရိလင်္ကာနိုင်ငံကိုဘင်္ဂလာအစိုးရ အစီအစဉ်ဖြင့် သွားရောက်မည် ဖြစ်သည်။
ကရာတေးဆရာကြီး ဦးသိန်းမောင်မှာစစ်တွေမြို့ဇာတိဖြစ်ကာ ၁၉၈၈ ခုနှစ် မြန်မာနိုင်ငံတွင် ပေါ်ပေါက်ခဲ့သည့်အရေးအခင်းတွင် ဘင်္ဂလာဒေ့ချ်နိုင်ငံကို ထွက်ခွာလာသူဖြစ်သည်။