Preview

ပုဏ္ဏားကျွန်း ဒီပါရုံရွာတွင် လက်နက်ကြီးကျည်ကျ၍ ၁ ဦးပွဲချင်းပြီးသေဆုံး၊ ၁ ဦး ပြင်းထန်ဒဏ်ရာရ

နိုဝင်ဘာ ၁၁/ ၂၀၂၂ | ကြည့်ရှုသူ :1149
ရခိုင် သတင်း

နိရဥ္စရာ၊နိုဝင်ဘာ ၁၁/၂၀၂၂

၇ခိုင်ပြည်နယ်ပုဏ္ဏားကျွန်းမြို့နယ် ဒီပါရုံရွာတွင်ယနေ့နံနက်က လက်နက်ကြီးကျည်ကျ၍ ၁ ဦးပွဲချင်းပြီးသေဆုံးပြီး ၁ ဦးပြင်းထန်ဒဏ်ရာရရှိသွားသည်ဟု ဒေသခံများက ပြောသည်။

ပွဲချင်းပြီးသေဆုံးသွားသူမှာ ဒီပါရုံရွာမှ ဦးအေးစိုးသိန်း (၃၈နှစ်)ဖြစ်ပြီး ပြင်းထန်ဒဏ်ရာ ရရှိသွားသူမှာဦးကျားချေ (၆၃ နှစ်)ဖြစ်သည်။

သူတို့သည်ယနေ့ နိုဝင်ဘာလ ၁၁ ရက် နံနက်၉ နာရီခန့်တွင် ရွာပြင်၌ နွားလွှတ်ပြီးပြန်လာစဥ် ပုဏ္ဏားကျွန်းအခြေစိုက် ၅၅၀တပ်ရင်းကပစ်လိုက်သည့်လက်နက်ကြီးကျည်တစ်လုံး သူတို့အနီးကျရောက်ပေါက်ကွဲ၍သေဆုံးထိခိုက်မှုရှိခဲ့ခြင်းဖြစ်သည်ဟု ရွာသားတစ်ဦးက ပြောသည်။

"ဦးအေးစိုးသန်းကတော့ ငယ်ထိပ်ပွင့်ပြီးပွဲချင်းပြီးဆုံးသွားတယ်။ ဦးကျားချေမှာတော့ ဘယ်ဘက်ပေါင် ပြတ်ထွက်သွားပြီးစိုးရိမ်၇တဲ့အခြေအနေပါ"ဟု ပြောသည်။

လက်ရှိတွင်ဒဏ်ရာပြင်းထန်သူကို ဆေးရုံသို့ ပို့ဆောင်နေကြသည်ဟု သိ၇သည်။

ယမန်နေ့နိုဝင်ဘာလ ၁၀ ရက်နံနက်က ပုဏ္ဏားကျွန်းမြို့နယ်ပဒေသာရွာနှင့် ဆင်အင်းကြီးရွာကြား ရန်ကုန်-စစ်တွေကားလမ်းမပေါ်တွင် စစ်ကောင်စီတပ်၏ ရိက္ခာကားတစ်စီးသည်ရက္ခိုင့်တပ်တော်(AA)၏မိုင်းဆွဲတိုက်ခိုက်ခြင်းကို ခံခဲ့ရပြီးနောက် အခင်းဖြစ်ပွားရာအနီးတဝိုက်ကျေးရွာများကို ပုဏ္ဏားကျွန်းအခြေစိုက် ၅၅၀ တပ်အပါအဝင် စစ်တွေရှိ ၃၄၄ တပ်တို့ကလက်နက်ကြီးများ၊ ဒရုန်းများဖြင့် ဆက်တိုက်ပစ်ခတ်နေခဲ့သည်ဟုဒေသခံများက ပြောသည်။

ယင်းသို့ပစ်ခတ်ခဲ့မှုကြောင့်အိုင်ဒင်၊ ငှက်ကြီးကျွန်းနှင့် ကျွဲထိုးရွာတို့မှ ဒေသခံ ၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ယမန်နေ့ညနေပိုင်းတွင်လည်း ဆင်အင်းကြီးရွာသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်သွားပြီးနောက် ရွာထဲရှိ နေအိမ် ၄ လုံး မီးလောင်ပျက်စီးသွားခဲ့သလိုယနေ့နံနက်ပိုင်းကလည်း ရွာထဲတွင်ပစ်သတ်ခံထား၇သည့် အဖွားတစ်ဦးပါ ၉ ဦး၏အလောင်းကိုလည်း တွေ့ရှိခဲ့သည်ဟု သိ၇သည်။

#တရားဥပဒေ# စစ်ကောင်စီ# ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.