Preview

ပုဏ္ဏားကျွန်း ဒီပါရုံရွာတွင် လက်နက်ကြီးကျည်ကျ၍ ပြင်းထန်ဒဏ်ရာရသူ ဆေးရုံသို့ပို့ဆောင်စဥ် လမ်းခုလတ်တွင်သေဆုံး

နိုဝင်ဘာ ၁၁/ ၂၀၂၂ | ကြည့်ရှုသူ :9450
ရခိုင် သတင်း



နိရဥ္စရာ၊နိုဝင်ဘာ ၁၁/၂၀၂၂

၇ခိုင်ပြည်နယ်ပုဏ္ဏားကျွန်းမြို့နယ် ဒီပါရုံရွာတွင်ယနေ့နံနက်က လက်နက်ကြီးကျည်ကျ၍ တစ်ဦးသေဆုံးပြီး နောက်ထက် ပြင်းထန်ဒဏ်ရာရရှိသွားသူကို ဆေးရုံသို့ပို့ဆောင်စဥ်လမ်းခုလတ်တွင်သေဆုံးသွားပြီဟု ဒေသခံများက ပြောသည်။

လမ်းခုလတ်တွင်သေဆုံးသွားသူမှာဦးကျားချေ (၆၃ နှစ်)ဖြစ်သည်။

သူသည် ယနေ့ နိုဝင်ဘာလ ၁၁ ရက် နံနက်ကလက်နက်ကြီးကျည်စထိမှန်မှုကြောင့်ညှပ်ရိုးကျိုးသွားကာ ဘယ်ဘက်ပေါင် ပြတ်ထွက်သွားခဲ့သည့်ပြင်းထန်သော ဒဏ်ရာရရှိခဲ့ပြီးနောက်ရွာသားများက ဆေးရုံသို့ပို့ဆောင်စဥ် လမ်းတွင်သေဆုံးသွားခြင်းဖြစ်သည်ဟုဒီပါရုံရွာသားတစ်ဦးက ပြောသည်။

"သွေးထွက်လွန်ပြီး မေ့မျောသွားရာကနေသေသွားတာပါ။ အခုတော့ အလောင်းကို ရွာကိုပြန်သယ်လာပါပြီ"ဟု ပြောသည်။

သေဆုံးသွားသူနှင့်အတူ ဒီပါရုံရွာမှ ဦးအေးစိုးသိန်း (၃၈ နှစ်)သည် ယနေ့ နံနက် ၉ နာရီခန့်တွင် ရွာပြင်တွင်နွားလွှတ်ပြီးပြန်လာစဥ် ပုဏ္ဏားကျွန်းအခြေစိုက် ၅၅၀ တပ်ရင်းက ပစ်လိုက်သည့်လက်နက်ကြီးကျည်တစ်လုံး သူတို့အနီးကျရောက်ပေါက်ကွဲ၍ဦးအေးစိုးသိန်းမှာ လက်မောင်းအောက်ဒဏ်ရာနှင့် ငယ်ထိပ်ပွင့်ထွက်ကာပွဲချင်းပြီးသေဆုံးသွားခဲ့သည်ဟု ရွာသားများကပြောသည်။

ယမန်နေ့နိုဝင်ဘာလ ၁၀ ရက်နံနက်က ပုဏ္ဏားကျွန်းမြို့နယ်ပဒေသာရွာနှင့် ဆင်အင်းကြီးရွာကြား ရန်ကုန်-စစ်တွေကားလမ်းမပေါ်တွင် စစ်ကောင်စီတပ်၏ ရိက္ခာကားတစ်စီးသည်ရက္ခိုင့်တပ်တော်(AA)၏ မိုင်းဆွဲတိုက်ခိုက်ခြင်းကိုခံခဲ့ရပြီးနောက် အခင်းဖြစ်ပွားရာ အနီးတဝိုက်ကျေးရွာများကို ပုဏ္ဏားကျွန်းအခြေစိုက် ၅၅၀ တပ်အပါအဝင် စစ်တွေရှိ ၃၄၄ တပ်တို့ကလက်နက်ကြီးများ၊ ဒရုန်းများဖြင့် ဆက်တိုက်ပစ်ခတ်နေခဲ့သည်ဟုဒေသခံများက ပြောသည်။

ယင်းသို့ပစ်ခတ်ခဲ့မှုကြောင့်အိုင်ဒင်၊ ငှက်ကြီးကျွန်းနှင့် ကျွဲထိုးရွာတို့မှ ဒေသခံ ၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ယမန်နေ့ညနေပိုင်းတွင် ဆင်အင်းကြီးရွာသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက် သွားပြီနောက် ရွာထဲရှိ နေအိမ် ၄ လုံးမီးလောင်ပျက်စီးသွားခဲ့သလို ယနေ့နံနက်ပိုင်းကလည်း ရွာထဲတွင် ပစ်သတ်ခံထား၇သည့်အဖွားတစ်ဦးပါ ၉ ဦး၏အလောင်းကိုလည်း တွေ့ရှိခဲ့သည်ဟုသိ၇သည်။

ယနေ့နံနက်နှင့်မွန်းလွဲပိုင်းတို့တွင်လည်း ပုဏ္ဏားကျွန်းအခြေစိုက် ၅၅၀ တပ်အပါအဝင် စစ်တွေရှိ ၃၄၄ တပ်တို့ကလက်နက်ကြီးများဖြင့် အဆိုပါကျေးရွာအနီးတဝိုက်ကိုပစ်ခတ်နေသည်ဟု သိ၇သည်။

#စစ်ကောင်စီ#အကြမ်းဖက်#ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.