Preview

ပုဏ္ဏားကျွန်းတွင် ၃ ရက်ကြာ ဖမ်းဆီးခံခဲ့၇သည့် အမျိုးသား ၆ ဦး လွတ်မြောက်လာ

နိုဝင်ဘာ ၁၁/ ၂၀၂၂ | ကြည့်ရှုသူ :9040
ရခိုင် သတင်း

နိရဉ္စရာ၊နိုဝင်ဘာ ၁၁/၂၀၂၂

၇ခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့တွင်ပြီးခဲ့သည့်ရက်ပိုင်းက ဖမ်းဆီးခံခဲ့၇သည့် အမျိုးသား ၆ ဦးသည် ယနေ့တွင် လွတ်မြောက်လာပြီဟုသိ၇သည်။

သူတို့သည်ယနေ့ နိုဝင်ဘာလ ၁၁ ရက် နေ့လယ် ၁ နာရီခန့်တွင် ပုဏ္ဏားကျွန်းမြို့မ ရဲစခန်းမှတဆင့်လွတ်မြောက်လာခြင်းဖြစ်သည်ဟု သူတို့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

"ဘာအပြစ်မှမရှိတဲ့အတွက် သူတို့အားလုံးလွတ်လာတာပါ။ အဲဒီနေ့ကလည်း သူတို့က ဘာမှမလုပ်ဘဲ အရက်သောက်နေကြတာပါ"ဟု ပြောသည်။

လွတ်မြောက်လာသူများမှာပုဏ္ဏားကျွန်းမြို့နယ် နတ်ဆိပ်ရွာမှ ပန်းထိမ်လုပ်ကိုင်သူ မောင်မျိုးလင်း (၂၄ နှစ်)၊ ပန်းထိမ်လုပ်ကိုင်သူ မောင်ရဲလင်းထွန်း(ခ)ရဲလင်း (၂၅ နှစ်)၊ကားဝပ်ရှော့ခ်လုပ်ကိုင်သူ မောင်အောင်ကျော်ဌေး (၂၃ နှစ်)၊ ပုဏ္ဏားကျွန်းမြို့ထဲမှ၀ရိန်လုပ်ဆော်သူ မောင်အောင်မျိုးသန်း (၂၃နှစ်)၊ ပုဏ္ဏားကျွန်းမြို့ အောင်ဗိမ္မာန်ကျောင်းတိုက်မှ ကျောင်းဒကာ ကျောက်ချေ(ခ) ဦးသိန်းဟန်(၂၉ နှစ်)နှင့်ပုဏ္ဏားကျွန်းမြို့နယ် တန်းစွယ်ရွာမှမောင်စိုးဝင်း (၂၇ နှစ်)တို့ဖြစ်သည်ဟု သိ၇သည်။

သူတို့၆ ဦးသည် ပြီးခဲ့သည့် နိုဝင်ဘာလ၈ ရက် ည ၉ နာရီခွဲခန့်တွင် အလုပ်မှအပြန် ပုဏ္ဏားကျွန်းမြို့ စံပြရပ်ကွက်ရှိဦးရာဇ်မင်္ဂလာကြိုးတံတားအနီးရှိဆိုင်တစ်ဆိုင်၌ အရက်ဝိုင်းဖွဲ့သောက်နေကြစဥ်ပုဏ္ဏားကျွန်းမြို့အခြေစိုက် ခမ၇ (၅၅၀)တပ်ရင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏လာရောက်ဖမ်းဆီးခြင်းကိုခံခဲ့၇ခြင်းဖြစ်သည်။

ဓာတ်ပုံ-နတ်ဆိပ်ရွာမှ မောင်မျိုးလင်း၊ မောင်ရဲလင်းထွန်းနှင့် မောင်အောင်ကျော်ဌေးတို့အားတွေ့၇စဥ်။

#တရားဥပဒေ# စစ်ကောင်စီ# ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.