နိရဥ္စရာ၊နိုဝင်ဘာ ၁၁ /၂၀၂၂
၇ခိုင်ပြည်နယ်စစ်တွေမြို့အဝင် အမြင့်ကျွန်းကျေးရွာရှိမင်းချောင်းတံတားအဆင်းတွင် စစ်ကောင်စီစစ်ကြောင်းတစ်ခုကိုရက္ခိုင့်တပ်တော်(AA)က မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု သိ၇သည်။
ယနေ့နိုဝင်ဘာလ ၁၁ ရက် နေ့လယ် ၂ နာရီခွဲခန့်တွင်စစ်တွေဘက်မှ ပုဏ္ဏားကျွန်းဘက်သို့ လမ်းလျှောက်၍ဆင်းလာသည့် အင်အား ၂၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းတစ်ခုကိုAA က အမြင့်ကျွန်းကျေးရွာရှိမင်းချောင်းတံတားအဆင်း၌ မိုင်း ၃ လုံးဖြင့် မိုင်းဆွဲတိုက်ခဲ့ခြင်းဖြစ်သည်
"မနေ့က ပုဏ္ဏားကျွန်းဘက်မှာ မိုင်းဆွဲခံရတော့မိုင်းရှင်းလင်းရေးပုံစံမျိုး သွားကြတာ ထင်ပါတယ်။ ဒါကို AA က မိုင်း ၃ လုံးဆွဲလိုက်တာ ၁၀ကျော်လောက်တော့ ထိသွားတယ်လို့ သိ၇တယ်"ဟု ပြောသည်။
မိုင်းဆွဲခံ၇သည့်စစ်ကောင်စီတပ်
နောက်ထပ်အမြင့်ကျွန်းရွာသားတစ်
ယင်းသို့မိုင်းဆွဲတိုက်ခိုက်ခံ
ယမန်နေ့နိုဝင်ဘာလ ၁၀ ရက်နံနက်က ပုဏ္ဏားကျွန်းမြို့နယ်ပဒေသာရွာနှင့် ဆင်အင်းကြီးရွာကြား ရန်ကုန်-စစ်တွေကားလမ်းမပေါ်တွင်စစ်ကောင်စီတပ်၏ ရိက္ခာကားတစ်စီးသည်ရက္ခိုင့်တပ်တော်(AA)၏ မိုင်းဆွဲတိုက်ခိုက်ခြင်းကိုခံခဲ့၇ပြီးနောက် အခင်းဖြစ်ပွားရာအနီးတဝိုက်ကျေးရွာများကို ပုဏ္ဏားကျွန်းအခြေစိုက် ၅၅၀ တပ်အပါအဝင် စစ်တွေရှိ ၃၄၄ တပ်တို့ကလက်နက်ကြီးများ၊ ဒရုန်းများဖြင့် ဆက်တိုက်ပစ်ခတ်နေခဲ့သည်ဟုဒေသခံများက ပြောသည်။
ယင်းသို့ပစ်ခတ်ခဲ့မှုကြောင့်အိုင်ဒင်၊ ငှက်ကြီးကျွန်းနှင့် ကျွဲထိုးရွာတို့မှ ဒေသခံ ၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ယမန်နေ့ညနေပိုင်းတွင် ဆင်အင်းကြီးရွာသို့စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက် သွားပြီးနောက် ရွာထဲရှိ နေအိမ် ၄ လုံး မီးလောင်ပျက်စီးသွားခဲ့သလိုယနေ့နံနက်ပိုင်းကလည်း ရွာထဲတွင်ပစ်သတ်ခံထား၇သည့် အဖွားတစ်ဦးပါ ၉ ဦး၏အလောင်းကိုလည်း တွေ့ရှိခဲ့သည်ဟု သိ၇သည်။
ယနေ့နံနက်နှင့် မွန်းလွဲပိုင်းတို့တွင်လည်းပုဏ္ဏားကျွန်းအခြေစိုက် ၅၅၀ တပ်အပါအဝင် စစ်တွေရှိ၃၄၄ တပ်တို့က လက်နက်ကြီးများဖြင့် အဆိုပါကျေးရွာအနီးတဝိုက်ကို ပစ်ခတ်နေခဲ့သည်ဟု သိ၇သည်။
ယနေ့နံနက်က ပုဏ္ဏားကျွန်း အခြေစိုက် ၅၅၀ တပ်ရင်းကပစ်လိုက်သည့် လက်နက်ကြီး ကျည်ကြောင့်ပုဏ္ဏားကျွန်းမြို့နယ်ဒီပါရုံရွာမှ ရွာပြင်တွင် နွားလွှတ်၍ပြန်လာကြသည့် ဦးအေးစိုးသိန်း (၃၈ နှစ်)နှင့် ဦးကျားချေ (၆၃ နှစ်)တို့ သေဆုံးသွားခဲ့သည်ဟုသိ၇သည်။