နိရဉ္စရာ၊နိုဝင်ဘာ ၁၂/ ၂၀၂၂
၇ခိုင်ပြည်နယ်၊မောင်တောမြို့နယ်တွင် အသက် ၅၀ပိုင်းအရွယ် မြိုလင်မယား၂ဦး မိုင်းနင်းမိပြီး၁ဦး
သေဆုံးကာ၁ဦး ဒဏ်ရာရှိသွားသည်ဟု သတင်းရရှိသည်။
မောင်တောမြို့နယ်၊ဂြိတ်ချောင်းကျေးရွာတွင် ယမန်နေ့ နိုဝင်ဘာလ ၁၁ရက်၊ ညနေ ၄နာရီခွဲအချိန်
ခန့်တွင် မြိုလင်မယား၂ဦးဖြစ်ကြသည့်ဦးရွှေလောင်(၅၅)နှစ်၊ ဒေါ်မဆာထိုး(၄၅)နှစ်တို့မှာ လယ်ထဲသို့ သွားပြီး တဲထဲသို့အဝင်တွင် မိုင်းနင်းမိခြင်းဖြစ်သည်ဟုသိ၇သည်။
ထိုသို့မိုင်းနင်းမိ၍ဇနီးဖြစ်သူ ဒေါ်မဆာထိုး(၄၅)နှစ်တွင်ဘယ်ဖက်ပေါင်တစ်ဖက်ပြတ်တောက်သွား
"သူတို့လင်မယားနှစ်ယောက်က လယ်တောထဲကတဲထဲကိုအဝင်မှာ မိုင်းနင်းမိတာပြီး ပေါက်ကွဲတာ။ နင်းမိတာဇနီးဖြစ်တဲ့ ဒေါ်မဆာထိုးနင်းမိပြီးတော့ဘယ်ဖက်ပေါင်တစ်ဖက်ပြတ်သွားတယ်။ သွေးထွက် လွန်ပြီးတော့ သေသွားတယ်။ဦးရွှေလောင်မှာတော့ ဒဏ်ရာအနည်းငယ်ပဲ၇တယ်။ မိုင်းကတော့ဘယ်အဖွဲ့ကထောင်းထားမှန်းတော့မသိ
စက်တင်ဘာ ၂၉ ရက် ညနေ ၃ နာရီခွဲခန့်ကလည်း ရခိုင်ရှေးဟောင်းမြို့ မြောက်ဦးမြို့ ကျောက်ရစ်ကေခွဆုံ၊မြင်ခုံတန်း ကန်ဘောင်နားရှေ့ မြို့တံတားအနီးတွင် မိုင်နင်းပေါက်ကွဲ၍ ကိုသန်းနိုင်ကျော်(၂၀) သေဆုံးသွားခဲ့သည်။
ယခုနှစ် သြဂုတ်လနှင့်စက်တင်ဘာလအတွင်း မိုင်းပေါက်ကွဲမှု ထိခိုက်ဒဏ်ရာရရှိသူများ ဆက်တိုက်ရှိခဲ့ပြီး ယခုနှစ်၂၀၂၂ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအထိ ရ လအတွင်း မိုင်းပေါက်ကွဲမှုကြောင့် လူ ၇ဦးသေဆုံးပြီး ၂၀ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး(REC)၏ စာရင်းတွေအရ သိ၇သည်။