Preview

မင်းပြားတွင် ရဟန်းတော်တစ်ပါးနှင့်ရွှေဆိုင်ပိုင်ရှင်နှစ်ဦးအပါအဝင် ရ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီး

နိုဝင်ဘာ ၁၂/ ၂၀၂၂ | ကြည့်ရှုသူ :2481
ရခိုင် သတင်း

နိရဉ္စရာ၊နိုဝင်ဘာ ၁၂/ ၂၀၂၂

 

၇ခိုင်ပြည်နယ်၊ မင်းပြားမြို့တွင်အောင်မြေကုန်း၇တနာ၀ရမေသုကျောင်းတိုက်ဆရာတော်နှင့် ရွှေဆိုင်ပိုင်ရှင် ၂ဦးအပါအဝင် စုစုပေါင်း ဦးကိုစစ်ကောင်စီတပ်က ယမန်နေ့ညက ဖမ်းဆီးသွားခဲ့ပြီး နောက်ထပ် ဘုန်းတော်ကြီးကျောင်းတိုက်တစ်ခုကိုလည်းဝင်ရောက်စီးနင်း ရှာဖွေမှုများ ပြုလုပ်ခဲ့သည်ဟု သတင်းရရှိသည်။

 

လက်ရှိ ဖမ်းဆီးခံ၇သူများမှာ အောင်မြေကုန်း၇တနာ၀ရမေသုကျောင်းတိုက်မှဆရာတော် ဦး၀၇မဉ္ဇူ သက်တော်(၅၀)နှစ်၊တော်ဝင်ရွှေဆိုင်ပိုင်ရှင် ဦးမောင်ထွန်းသိန်း(၅၁)နှစ်၊ ဝင်းတိုးရွှေဆိုင်ပိုင်ရှင် ဦးကျော်နုမောင်(၄၉)နှစ်နှင့် ညအချိန်အရက်ဆိုင်မှထွက်လာသည့် မြို့ခံလူငယ် ၄ယောက်တို့ဖြစ်

ကြောင်းသိ၇သည်။

 

အောင်မြေကုန်း၀ရမေသုကျောင်းတိုက်မှ ဆရာတော်နှင့် ရွှေဆိုင်ပိုင်ရှင် ၂ဦးကို ယမန်နေ့ နိုဝင်

ဘာလ၁၁ရက်၊ ညဥ့်အချိန် ၁၁ နာရီနှင့် ၁၂နာရီအချိန်တွင် မင်းပြားအခြေစိုက် ခမ၇(၃၇၉)တပ်မှစစ်သားအင်အား၁၀၀ ကျော်က ၂သုတ်ခွဲ ဝင်ရောက်ပြီး နေအိမ်၌ ရှိနေစဥ်အိမ်ပေါ်မှခေါ်ချကာ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်သည်ဟုသိ၇သည်။

 

"မနေ့က ည၁၀ နာရီခွဲလောက်ကနေ ထွက်လာတဲ့ စစ်သားတွေက ဥက္ကာပျံ၊ လေးထောင့်ပိုင်း၊ မင်းပြားကမ်းနားလမ်းပိုင်းကဝင်းတိုးရွှေဆိုင်ပိုင်ရှင် ကိုကျော်နုမောင်ကိုဖမ်းတယ်။၁၁နာရီလောက်မှာ တော်ဝင်ရွှေဆိုင်ပိုင်ရှင် ဦးမောင်ထွန်းသိန်းကိုဖမ်းတယ်။ည၁၂နာရီလောက်မှာ အောင်မြေကုန်း၇တနာ ဝါရမေသုဆရာတော်ကို ကျောင်းတိုက်ကနေဖမ်းတယ်လို့သိ၇တယ်။ ဘာကြောင့်ဖမ်းလည်းတော့ မသိ၇ဘူး။အိမ်ပေါ်ကနေ ခေါ်ချတာ စစ်တပ်အင်အား ၁၀၀ ကျော်လောက်ပါမယ်။ နှစ်သုတ်ခွဲဝင်လာပြီး ဖမ်းတာ။မင်းပြားလမ်းတိုင်းကြောင်းတိုင်းမှာလည်းကင်းပုန်းဝပ်လို့ရှိတယ်" ဟု အမည်မဖော်လိုသူ မင်းပြားမြို့ခံ တစ်ဦး  ကပြောသည်။

 

အောင်မြေကုန်း၇တနာ ၀ရမေသုကျောင်းတိုက်ဆရာတော်နှင့်ရွှေဆိုင်ပိုင်ရှင် ၂ဦးဖြစ်သူ ဦးမောင်ထွန်းသိန်း၊ ဦးကျော်နုမောင်တို့ကိုဖမ်းဆီး၍ အပြန်တွင် ညအချိန် အရက်ဆိုင်မှ ထွက်လာကြသည့်မြို့ခံလူငယ် ၄ ဦးကိုပါ စစ်တပ်က ထပ်မံဖမ်းဆီးကာ မြို့မရဲစခန်း၌ ဖမ်းဆီး ထိန်းသိမ်းထားလိုက်သည်ဟု သိ၇သည်။

 

" ဆရာတော်နဲ့ ရွှေဆိုင် ပိုင်ရှင် နှစ်ဦးကိုတော့ စစ်တပ်က ခေါ်သွားတယ်။ဘယ်ကို ခေါ်သွားမှန်း မသိဘူး။  အရက်ဆိုင်ကထွက်လာတဲ့ လူငယ် ၄ယောက်ကိုတော့  မြို့မရဲစခန်းမှာအပ်ထားခဲ့တယ်လို့ သိ၇တယ်။အခုထိတော့ မလွတ်သေးဘူး" ဟု မင်းပြားမြို့ခံတစ်ဦးက ပြောသည်။

 

ယင်းအပြင် မင်းပြားမြို့၊ဥက္ကာပျံရပ်ကွက်ရှိ ဓမ္မပီယကျောင်းတိုက်ကိုလည်း ယမန်နေ့ နိုဝင်ဘာလ ၁၁ရက်၊ ညအချိန်ပိုင်းကလည်းစစ်တပ်မှ ဝင်ရောက်စီးနင်းကာ ရှာဖွေမှုများပြုလုပ်ခဲ့သော်လည်း  ကျောင်းထိုင်ဆရာတော်မှာ ခရီးလွန်လျှက်ရှိနေ၍ရှာဖွေမှုများပြုလုပ်ပြီး ထွက်ခွာသွားခဲ့ကြသည်ဟု သိ၇သည်။

 

မြန်မာစစ်ကောင်စီတပ်သည် ရခိုင်မှမြို့နယ်အများအပြားတွင် အရပ်သားပြည်သူများကို အေအေနှင့် ဆက်စပ်သည်ဟု စွပ်စွဲကာ ဖမ်းဆီးမှုများရှိနေပြီးလက်ရှိ လူပေါင်း ၂၀၀ ခန့်ရှိသွားပြီဟု သိ၇သည်။ ( NN-12)

#စစ်ကောင်စီ#အကြမ်းဖက်#ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.