Preview

စစ်ဇက်ရေယာဥ်ကပစ်ခတ်၍ စစ်တွေ အမြင့်ကျွန်းရွာသား ၁ ဦး ဒဏ်ရာရ

နိုဝင်ဘာ ၁၂/ ၂၀၂၂ | ကြည့်ရှုသူ :10281
ရခိုင် သတင်း


နိရဥ္စရာ၊နိုဝင်ဘာ ၁၂ /၂၀၂၂

ယမန်နေ့ ညနေက စစ်တွေမြို့အဝင် အမြင့်ကျွန်းကျေးရွာအနီး မြစ်ကြောင်းရှိစစ်ဇက်ရေယာဥ် တစ်စီးက ပစ်ခတ်လိုက်သည့်အတွက်အမြင့်ကျွန်းကျေးရွာသား ၁ ဦး ထိခိုက်ဒဏ်ရာ၇သွားသည်ဟု ဒေသခံများက ပြောသည်။

ဒဏ်ရာ၇သွားသူမှာ အမြင့်ကျွန်းကျေးရွာမှ ဦးကျော်သူဝင်း(၄၀ နှစ်ခန့်)ဖြစ်သည်။

သူသည်ယမန်နေ့ ညနေပိုင်းက အမြင့်ကျေးရွာအပြင်ရှိ သူ၏ ပုစွန်ကန်အနီးအလုပ်လုပ်နေစဥ်မင်းချောင်းတံတားအနီး မြစ်ကြောင်းရှိစစ်ဇက်ရေယာဥ်တစ်စီးက ပစ်ခတ်လိုက်သည့် သေနတ်ကျည်ထိမှန်မှုကြောင့်ထိခိုက်ဒဏ်ရာ ရသွားခြင်းဖြစ်သည်ဟု ရွာသားများက ပြောသည်။

ယင်းသို့ထိမှန်မှုကြောင့် ဦးကျော်သူဝင်း၏ လက်မောင်းနှင့်ဝမ်းဗိုက်တို့တွင် ကျည်ထိမှန်ဒဏ်ရာ ၂ ချက် ရရှိခဲ့သည်ဟုဒေသခံတစ်ဦးက ပြောသည်။

"ဒဏ်ရာတွေကတော့ အသေးစားပါပဲ။ မပြင်းဘူး။ဆေးကုသမှုခံနေလို့ ဒဏ်ရာအခြေအနေက သက်သောင့်သက်သာပါပဲ"ဟု ပြောသည်။

အမြင့်ကျွန်းကျေးရွာရှိမင်းချောင်းတံတားအနီးတွင် ယမန်နေ့ နိုဝင်ဘာလ ၁၁ ရက် နေ့လယ် ၂ နာရီခွဲခန့်က စစ်တွေဘက်မှပုဏ္ဏားကျွန်းဘက်သို့ လမ်းလျှောက်၍ဆင်းလာသည့် အင်အား ၂၀ ခန့်ပါစစ်ကောင်စီစစ်ကြောင်းတစ်ခုကို ရက္ခိုင့်တပ်တော်(AA)က မိုင်း ၃ လုံးဖြင့်မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်၁၀ ကျော်ခန့်ထိခိုက်သေဆုံးမှုရှိခဲ့သည်ဟုလည်း ဒေသခံများက ဆိုသည်။

ယင်းသို့မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက်အပြန်အလှန်ပစ်ခတ်မှုများမရှိခဲ့ဘဲ ထိုစစ်ကြောင်းနှင့်စစ်ဇက်ရေယာဥ်အချို့တို့က အနီးဝန်းကျင်များကို လက်နက်ငယ်များဖြင့်ပစ်ခတ်မှုများပြုလုပ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

 

(Photo by SPN)

#စစ်ကောင်စီ#အကြမ်းဖက်#ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.