Preview

ပုဏ္ဏားကျွန်း တန်းခိုးရွာကိုဒရုန်းများဖြင့်ပစ်ပြီး စစ်သားများကသေနတ်ပစ်ဖောက်ဝင်ရောက်လာကာ ရွာသား (၆) ဦးကိုဖမ်းဆီးခဲ့၊ ယင်းအထဲက အမျိုးသမီးတစ်ဦးအပါအဝင်၂ ဦးပြန်လွတ်ပေးလိုက်ပြီဟုဆို

နိုဝင်ဘာ ၁၂/ ၂၀၂၂ | ကြည့်ရှုသူ :4907
ရခိုင် သတင်း
နိရဥ္စရာ၊နိုဝင်ဘာ ၁၂/၂၀၂၂

ပုဏ္ဏားကျွန်းမြို့နယ်၊တန်းခိုးကျေးရွာကို စစ်ကောင်စီတပ်သားများသည် လက်နက် များတပ်ဆင်ထားသည့် ဒရုန်းဖြင့်စ်ပြီးသေနတ်ပစ်ဖောက် ရွာထဲကို ဝင်ရောက်လာကရွာသား( ) ဦးကိုလည်းဖမ်းဆီးခဲ့သည်။ ၎င်းတို့အထဲက အမျိုးသားတစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့ကိုယနေ့ ညနေက ပြန်လွှတ်ပေးလိုက်ကြောင်းကျေးရွာသားများက ပြောသည်။

ယနေ့(နိုဝင်ဘာ ၁၂ ရက်)နံနက် ၁၀ နာရီခန့်က စစ်ကောင်စီတပ်သား (၄၀) ခန့်သည် သေနတ်များပစ်ဖောက်ကာကျေရွာအတွင်းကို ဝင်ရောက်လာပြီး အမျိုးသမီးတစ်ဦး အပါအဝင်ဒေသခံ(၆) ဦးကို ဖမ်းဆီးသွားသည်ဟု အမည်မဖော်လိုသူတစ်ဦးက ပြောသည်။

" ဒီနေ့ မနက် ၁၀နာရီလောက်ဖြစ်မယ်။ သူတို့ ဇက်ထိုးပြီး တခါတည်းကို သေနတ်ပစ်ပြီး တက်လာတယ်။ဒရုန်းနဲ့လည်း ပစ်တယ်။ ပြီးတော့ ရွာသားတွေကို ဖမ်းတာ။ လက်ရှိ သက်ကြီးရွယ်အို မပြေးနိုင်တဲ့လူတွေကလွဲလို့အကုန် ထွက်ပြေးနေ၇ပါတယ်"ဟု ပြောသည်။

ဖမ်းဆီးခံထား၇သူများမှာဒေါ်ဘားမ(၆၀ နှစ် ခန့်)၊ ဦးမောင်သန်း(၄၈ နှစ်ခန့်)၊ ဦးမောင်ထွန်းအောင် (၅၇ နှစ်ခန့်)၊ ဦးမောင်ဝင်းကျိုင် (၅၆) နှစ်၊ ဦးကျော်ဇောလှ (၆၀ ကျော်) နှင့် ဦးဂျော်ဂျီအောင်(၆၀)နှစ် ဦးတို့ ဖြစ်ကြပြီး ယင်းအထဲက ဒေါ်ဘားမနှင့် ဦးကျော်ဇောလှကို ပြန်လွှတ်ပေးလိုက်ပြီဟု ဆိုသည်။

ယခုကဲ့သို့ပစ်ခတ်ဖမ်းဆီးမှုများကြောင့် တန်းခိုး၊ ကျွဲထိုး၊ ငှက်ကြီးကျွန်း၊ အိုင်ဒင်၊ ပဒေသာစသည့်ကျေးရွာများက စပါးထား၊ ကန်ချောင်းရွာ နှင့် တခြား ဘေးလွတ်ရာနေရာများသို့ ထွက်ပြေးတိမ်းရှောင်နေကြ၇သည်ဟုဆိုသည်။

စစ်တပ်ဇက်ရေယာဉ် ၃ စီးသည် ယမန်နေ့ ညနေပိုင်းကတည်းက တန်းခိုးကျေးရွာအနီးရောက်ရှိနေပြီး ယနေ့ နံနက်က စစ်ကောင်စီတပ်သားများသည် ရွာထက်ကိုတက်လာကာသေနတ်များဖြင့်ပစ်ခတ် ဝင်ရောက်လာပြီးအပြစ်မဲ့ရွာသားများကို စာသင်ကျောင်းတွင်ဖမ်းဆီးထားခြင်းဖြစ်ကြောင်း သိ၇သည်။

ဖြစ်စဉ်ကိုရွာသားတစ်ဦးက  "လူထိခိုက်မှုတော့မရှိခဲ့ဘူး။ကျနော်တို့ရွာကို ဒရုန်းနဲ့  ၃ လုံးတွဲနဲ့  ပထမဆုံး ၂ ခေါက်ပစ်တယ်။ ရွာဦးကန်ဘောင်နားမှာကျတယ်။စာကြည့်တိုက် အရှေ့နဲ့ အနောက်မှာလည်းကျတယ်။ နောက် လက်နက်ကြီးနဲ့လည်း ၈ ချက်/ ၉ ချင်ပစ်ပါတယ်။နောက်မကြာဘူး ဒရုန်းနဲ့တခါထပ်ပစ်ပါတယ်"ဟု ပြောသည်။

လက်ရှိတွင်စစ်ကောင်စီတပ်သားများသည် တန်းခိုးရွာနှင့် ကျွဲထိုးရွာအကြား သုဿန်တွင် စခန်းချနေနေကြောင်း သိ၇သည်။

နိုဝင်ဘာ၁၀ ရက်နေ့က စစ်ကောင်စီ၏ရိက္ခာကား  ပဒေသာနှင့် ဆင်အင်းကြီးအကြား ိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပြီးနောက်အနီးအနားကျေးရွာများကို လက်နက်ကြီးများ၊ ဒရုန်းများနှင့် ပစ်ခတ်ခဲ့ပြီး လေကြောင်းကပါ ပစ်ခတ်မှုများလုပ်ဆောင်ခဲ့သည်။

ယင်းအပြင်ဆင်အင်းကြီးကျေးရွာထဲကိုဝင်ရောက်ကာ နေအိမ်များကို မီးရှို့ခဲ့ပြီး ရွာ သား ၉ ဦးကိုလည်းရက်စက်ယုတ်မာစွာ သတ်ဖြတ်ခဲ့သည်။(NN-7)

 (Photo- ဒရုန်းပစ်လိုက်သည့် လက်နက်ကြီးကျည်အပိုင်းအစများ/ မူရင်းရိုက်ကူးသူကို Credit ပေးပါသည်။)@font-face{font-family:"Cambria Math";panose-1:2 4 5 3 5 4 6 3 2 4;mso-font-charset:0;mso-generic-font-family:roman;mso-font-pitch:variable;mso-font-signature:-536870145 1107305727 0 0 415 0;}@font-face{font-family:"Myanmar Text";panose-1:2 11 5 2 4 2 4 2 2 3;mso-font-charset:0;mso-generic-font-family:swiss;mso-font-pitch:variable;mso-font-signature:-2147483645 0 1024 0 1 0;}p.MsoNormal, li.MsoNormal, div.MsoNormal{mso-style-unhide:no;mso-style-qformat:yes;mso-style-parent:"";margin:0in;mso-pagination:widow-orphan;font-size:12.0pt;font-family:"Times New Roman",serif;mso-fareast-font-family:"Times New Roman";}.MsoChpDefault{mso-style-type:export-only;mso-default-props:yes;font-family:"Calibri",sans-serif;mso-ascii-font-family:Calibri;mso-ascii-theme-font:minor-latin;mso-fareast-font-family:Calibri;mso-fareast-theme-font:minor-latin;mso-hansi-font-family:Calibri;mso-hansi-theme-font:minor-latin;mso-bidi-font-family:"Myanmar Text";mso-bidi-theme-font:minor-bidi;mso-bidi-language:AR-SA;}div.WordSection1{page:WordSection1;}

#စစ်ကောင်စီ#အကြမ်းဖက်#ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.