Preview

စာမေးပွဲဖြေပြီးပြန်လာသူ အဝေးသင်ကျောင်းသားတစ်ဦးနှင့်ကယ်ရီသမားတစ်ဦးတို့ မောင်တောကျီးကန်းပြင်ဌာနချုပ်ကဖမ်းဆီးပြီးနောက် အဆက်အသွယ်မရပျောက်ဆုံးနေ

နိုဝင်ဘာ ၁၂/ ၂၀၂၂ | ကြည့်ရှုသူ :9068
ရခိုင် သတင်း

နိရဥ္စရာ၊နိုဝင်ဘာ ၁၂/၂၀၂၂

အဝေးသင်စာမေးပွဲဖြေဆို၍ပြန်လာသူ ဒုတိယနှစ်ကျောင်းသားတစ်ဦးနှင့် သူ့အား လိုက်ပါပို့ဆောင်သူ ဆိုင်ကယ် ကယ်ရီသမားတစ်ဦးတို့အားမောင်တော နစက ကျီးကန်းပြင်နယ်ခြားစာင့်ဌာနချုပ်ဂိတ်မှဖမ်းဆီးထားပြီး  ၁၂ ရက် ကြာလာသည့်တိုင် အဆက်အသွယ်မရပျောက်ဆုံးနေသဖြင့် အထူးစိုးရိမ်နေ၇သည်ဟုမိသားစုဝင်များက ပြောသည်။

 

ဖမ်းဆီးခံထား၇သူ(၂) ဦးမှာ မောင်တောမြို့နယ်၊ မင်းခမောင်းကျေးရွာမှ စစ်တွေတက္ကသိုလ် အဝေးသင် သမိုင်းမေဂျာဒုတိယနှစ်ကျောင်းသား ကိုမောင်ဆန်းဌေး (၂၆ နှစ်) နှင့် မင်္ဂလာညွန့်ရွာမှ ဆိုင်ကယ်ကယ်ရီသမားကိုမောင်ခင်ဇော်(၂၁ နှစ်) တို့ ဖြစ်ကြသည်။

 

၎င်းတို့နှစ်ဦးကို နိုဝင်ဘာ (၁) ရက်နေ့က စစ်တွေမှ စာမေးပွဲဖြေပြီးပြန်အလာတွင် ကျီးကန်းပြင်နယ်ခြားစာင့်ဌာနချုပ်ဂိတ်မှ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ကိုမောင်ဆန်းဌေး၏ မိသားစုဝင်များက ပြောသည်။

 

" အဝေးသင်တက်ပြီးပြန်လာတာကိုဌာနချုပ်ဂိတ်က ဖမ်းထားတာ ကြာနေပါပြီ။ အခုထိ ပြန်မလွတ်သေးဘူး။ မိသားစုတွေအကုန်လုံးစိုးရိမ်နေကြပါတယ်။ စားမဝင်၊ အိပ်မပျော်ဖြစ်နေကြပါပြီ"ဟု ပြောသည်။

 

လက်ရှိမှာရက်ပေါင်း ၁၀ ကျော်ကြာမြင့်လာပြီဖြစ်ပြီး အဆက်အသွယ်မရသည့်အတွက် မိသားစုဝင်များအနေနှင့်များစွာစိတ်မကောင်းဖြစ်ကာ စိုးရိမ်နေ၇ကြောင်း ဆက်ပြောသည်။

 

"ဘယ်နေရာမှာဖမ်းဆီးထားမှန်းလည်းမသိ၇ဘူး။ သွားလာစုံစမ်းဖို့လည်း လမ်းတွေလည်း ပိတ်ထားတယ်အဆင်မပြေဘူးပေါ့လေ။ တချို့ကိုလည်း ဖမ်းဆီးပြီး အလောင်းဖျောက်တာမျိုးလည်းရှိနေတော့ အရမ်းစိတ်ပူနေပါတယ်"ဟု ပြောသည်။

 

အပြစ်တစ်စုံတစ်ရာလုပ်ထားခြင်းမရှိသည့်အတွက်အမြန်ဆုံးပြန်လွှတ်ပေးစေလိုကြောင်း မိသားစုဝင်များနှင့် ဒေသခံများက တောင်းဆို သည်။

 

လက်ရှိရခိုင်မှာတက္ကသိုလ်ကျောင်းသားများ၊ ၇ဟန်းသံဃာများ အပါအဝင် ဒေသခံများကို စစ်ကောင်စီက နေ့စဉ်နှင့်အမျှဖမ်းဆီးခံနေပြီး တရားရုံးမတင်ပဲ ဥပဒေမဲ့ ညှဉ်းပမ်း နှိပ်စက်ခြင်းများပြုလုပ်ကာ စစ်ဆေးနေသလိုတချို့မှာလည်း အဆက်အသွယ်မရ ပျောက်ဆုံးမှုများရှိနေသည်ဟု သိ၇သည်။(NN-7)

#တရားဥပဒေ# စစ်ကောင်စီ# ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.