Preview

ပုဏ္ဏားကျွန်း၊ ဆင်းအင်းကြီးရွာမှ မထွက်ပြေးနိုင်ဘဲကျန်ခဲ့သည့် (၈၈) နှစ်အရွယ်သက်ကြီးရွယ်အိုတစ်ဦး အစာရေစာပြတ်လပ်သေဆုံး

နိုဝင်ဘာ ၁၃/ ၂၀၂၂ | ကြည့်ရှုသူ :5180
ရခိုင် သတင်း

နိရဥ္စရာ၊နိုဝင်ဘာ ၁၃/၂၀၂၂

ရခိုင်ပြည်နယ်၊ပုဏ္ဏားကျွန်းမြို့နယ်၊ ဆင်းအင်းကြီးရွာမှ မထွက်ပြေးနိုင်ဘဲကျန်ခဲ့သည့် (၈၈) နှစ်အရွယ် သက်ကြီးရွယ်အိုတစ်ဦးသည် စာရေစာပြန်လပ်ပြီးနောက် အင်အားချို့တဲ့ကာယနေ့ တွင်သေဆုံးသွားကြောင်း သတင်းရရှိသည်။

သေဆုံးသွားသူမှာဆင်အင်းကြီး ကျေးရွာမှ အသက် (၈၈ နှစ်)အရွယ် ဦးမောင်သိန်းထွန်း ဖြစ်သည်။

ရွာသားတစ်ဦးက "အဖိုးကအစကနေ ကျန်းမာရေးလည်း သိပ်မကောင်းတော့ဘူး။ ကိုယ်ခံအားလည်းနည်းနေပြီ။ ဒီနှစ်ရက်၊ သုံးရက်ကြားမှာအစာရေစာကလည်း ပြတ်လပ်သွားတယ်ဆိုတော့ ပိုဆိုးသွားတဲ့ သဘောပါ။ ဒီနေ့ မနက်က ပုဏ္ဏားကျွန်းမြို့မကျောင်းကိုအဖိုးကိုခေါ်ယူလာပါတယ်။ ကျောင်းကိုရောက်ပြီး နာရီ၀က်ကျော်လောက်မှာ ဆုံးသွားပါတယ်"ဟုပြောသည်။

၎င်းသက်ကြီးရွယ်အိုသည် နိုဝင်ဘာ၁၀ ရက်နေ့ကတည်းက အစာရေစာပြတ်လပ်နေပြီး ယနေ့ နိုဝင်ဘာ ၁၃ ရက် နံနက် ၁၀ နာရီ ခန့်တွင် ရွာသားများက သွားရောက်ခေါ်ယူခဲ့ပြီးနောက်တစ်နာရီအကြာတွင် သေဆုံးသွားကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။

သမီးဖြစ်သူဒေါ် ဦးမြရီက "မိဘသေဆုံးသွားရင်တော့ သားသမီးမှာ မခံစားနိုင်ပါဘူး။ စားသာစားရ၊နေသာနေနေရတာ ထားခဲ့ရလို့ မခံစားနိုင်ဘူး။ အဖေတစ်ယောက်ကို ပြုစုလာတာ။ မပြုစုရတော့ ဘယ်လိုနေထိုင်နေလဲ၊ရေရောသောက်ရလား။ ငတ်များငတ်နေပြီလားလို့ ရင်ထဲမခံစားနိုင်ဘူး။ ယူလာဖို့ကလည်း ချောင်းကူးမြစ်ကူးလာရတာကုန်းလည်းမပိုးယူနိုင်။ အရမ်းခံစား၇ပါတယ်"ဟု ပြောသည်။

အဖိုးကိုယနေ့ နေ့လယ် ၁ နာရီခွဲခန့်က ပုဏ္ဏားကျွန်းသုဿန်တွင် သင်္ဂြိုလ်ခဲ့သည်ဟု သိ၇သည်။

 နိုဝင်ဘာ (၁၀) ရက် ညနေပိုင်းက စစ်ကောင်စီတပ်သားများသည် ဆင်အင်းကြီးရွာထဲကို ဝင်ရောက်ကာ နေအိမ်များကို မီးရှို့ခဲ့ပြီးရွာသား ၉ ဦးကိုလည်း ရက်စက်ယုတ်မာစွာ သတ်ဖြတ်ခဲ့သည်။(NN-7)

#စစ်ကောင်စီ#အကြမ်းဖက်#ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.