Preview

အမ်းမြို့နယ်တွင် အလယ်တန်းကျောင်းအုပ်ဆရာကြီးတစ်ဦးဖမ်းဆီးခံရ

နိုဝင်ဘာ ၁၄/ ၂၀၂၂ | ကြည့်ရှုသူ :13139
ရခိုင် သတင်း
နိရဉ္စရာ၊နိုဝင်ဘာ ၁၄/၂၀၂၂

ရခိုင်ပြည်နယ်၊အမ်းမြို့နယ် ခရမ်းကျွန်းကျေးရွာမှ အလယ်တန်းကျောင်းခွဲ ကျောင်းအုပ်ဆရာကြီး တစ်ဦးကိုယနေ့ နေ့လယ်ကစစ်ကောင်စီ တပ်သားများမှ လာရောက်ဖမ်းဆီးသွားကြောင်း သိ၇သည်။

ဖမ်းဆီးခံရသူမှာအမ်းမြို့နယ် ခရမ်းကျွန်းကျေးရွာ အလယ်တန်းကျောင်းခွဲမှ ကျောင်းအုပ်ဆရာကြီး ဦးဇော်ဖြိုးဝေ(၂၉)နှစ်ဖြစ်ကြောင်းသိ၇သည်။

၎င်းကျောင်းအုပ်ဆရာကြီးကိုယနေ့နိုဝင်ဘာလ ၁၄ ရက်၊ နေ့လယ် ၁နာရီခန့်က ခရမ်းကျွန်းကျေးရွာ အလယ်တန်းကျောင်းခွဲမှ အရပ်ဝတ်စစ်ကောင်စီတပ်သားများက တေပါကားနှစ်စီးဖြင့် လာရောက်ဖမ်းဆီးသွားခြင်း ဖြစ်ကြောင်း ၎င်းနှင့်နီးစပ်သူတစ်ဦးကပြောသည်။

"စစ်တပ်ကပ။ လက်နက်တွေလည်း ပါပါတယ်။ ကျောင်းကိုရောက်လာတာကတော့လူလေးယောက်ပါ။ နာမည်ကိုမေးပြီးတော့ ပြောစရာရှိတယ်ဆိုပြီး ခေါ်သွားတာပါ။ လာဖမ်းတဲ့ သူတွေမှာတော့စစ်သားဖိနပ်တွေလည်း စီးထားပါတယ်။ သေနတ်အတို၊ အရှည်ရောပါပါတယ်။ ဘာအကြောင်းကြောင့်ဖမ်းသွားလဲမသိ၇ပါဘူး" ဟုပြောသည်။

၎င်းအားစစ်ကောင်စီတပ်သားများမှ တေဘာကားနှစ်စီးနှင့် လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ပြီး ကားပေါ်ရှိတပ်သားအချို့တွင်ကျည်ကာအင်္ကျီများဝတ်ဆင်ထားကာ လက်နက်များလည်း ကိုင်ဆောင်ထားကြောင်း သိ၇သည်။

ဖမ်းဆီးခံရသည့်ကျောင်းအုပ်ဆရာကြီး ဦးဇော်ဖြိုးဝေသည် အဆိုပါ ခရမ်းကျွန်းကျေးရွာ အလယ်တန်းကျောင်းခွဲတွင်တာဝန်ထမ်းဆောင်နေသည်မှာ လေးနှစ်ခန့်ရှိပြီဖြစ်ပြီး ခရမ်းကျွန်းကျေးရွာတွင် မိသားစုနှင့်အတူနေထိုင်နေသူဖြစ်ကြောင်းသိ၇သည်။

လက်ရှိတွင်၎င်းအား မည်သည့်နေရာသို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်းကို မသိရသေးကြောင်း သိ၇သည်။

လက်ရှိရခိုင်တွင်စစ်ကောင်စီက ရခိုင်တစ်ပြည်နယ်လုံးရှိ အစိုးရဝန်ထမ်းများနှင့် အရပ်သားပြည်သူများကိုရက္ခိုင့်တပ်တော်(အေအေ)နှင့် ဆက်စပ်မှုရှိသည်ဟုဆိုကာ ဖမ်းဆီးမှုများရှိနေပြီး အစိုး၇ဝန်ထမ်း၂၀ ထက်မနည်း ဖမ်းဆီးခံထားရကြောင်း သိ၇သည်။

(NN-8)

#စစ်ကောင်စီ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.