Preview

မောင်တောမြို့နယ်မြောက်ပိုင်းတွင် တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီကဝေဟင်မှပစ်ကူခဲ့ရ

နိုဝင်ဘာ ၁၅/ ၂၀၂၂ | ကြည့်ရှုသူ :6910
ရခိုင် သတင်း

နိရဉ္စရာ၊နိုဝင်ဘာ ၁၅/၂၀၂၂

၇ခိုင်အနောက်ဘက်နယ်စပ်၊ မောင်တောမြို့နယ်မြောက်ပိုင်းတွင် ရက္ခိုင့်တပ်တော်(AA) နှင့် စစ်ကောင်စီတပ် (ရ၇) လက်အောက်ခံတပ်ဖွဲ့ တို့ အကြား ယမန်နေ့ နိုဝင်ဘာ ၁၄ ရက်က တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ၇ဟတ်ယာဉ်များကို သုံးပြုပစ်ကူတိုက်ခိုက်ခဲ့၇ကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့သည် မောင်တောမြို့နယ်မြောက်ပိုင်းဝက်ကျိန်းရွာချောင်း၀အနီးတွင် ယမန်နေ့ နေ့လယ် ၁၂ နာရီကျော်ခန့်ကစတင်ကာ ညနေပိုင်းအထိ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်းသိ၇သည်။

စစ်ကောင်စီတပ်သည် ယမန်နေ့ နံနက် ရ နာရီခွဲလောက်ကစပြီး ၎င်းတို့စစ်ကြောင်း ကြိမ်ချောင်းမှ ရန်အောင်ပြင် ကျေးရွာဘက်သို့ တက်လာ၍ လမ်းကြောင်းရှင်းသည့်အနေဖြင့်လက်နက်ကြီးများ အဆက်မပြတ်ပစ်ခတ်ခဲ့သည်ဟု ဒေသခံ လူကြီးတစ်ဦးက နိရဉ္စရာသတင်းဌာနကို ပြောသည်။

မနေ့က မနက်ရ ခွဲလောက်ကနေ ဝက်ကျိန်းဘက်ကို လက်နက်ကြီးတွေက ပစ်တာ။ နေမြင့်လာတော့ ပစ်တာက ပိုပြင်းလာတယ်။သိရတာက သူတို့စစ်ကြောင်း ကြိမ်ချောင်းကနေ ရန်အောင်ပြင်ဘက် တက်လာလို့ လမ်းကြောင်းရှင်းတဲ့ အနေနဲ့ ခြောက်လန့်ပြီး ပစ်တာတဲ့။ အဲဒီနောက်ပိုင်း နေ့လယ် ၁၂နာရီကျော်ကျော်လေးမှာတော့ ဝက်ကျိန်းချောင်း၀နားမှာ နှစ်ဘက် တိုက်ပွဲဖြစ်တယ်။ သေနတ်သံတွေကတော့ ဆက်တိုက်ကြား၇ပါတယ်ဟု ပြောသည်။

တိုက်ပွဲမှာ နေ့လယ် ၁၂ နာရီမှ  ညနေအထိ ပစ်လိုက်၊ ရပ်လိုက်နဲ့ ဖြစ်နေခဲ့ကြပြီး တိုက်ပွဲဖြစ်ပွားရာ နေရာသို့ ကြိမ်ချောင်း၊ ရန်အောင်ပြင်တပ်ရင်းတို့ကလက်နက်ကြီးများဖြင့် ပစ်ကူခဲ့ကြောင်းသိ၇သည်။

မွန်းလွဲ   နာရီ မိနစ်ခန့်တွင် စစ်ကောင်စီသည် ၇ဟတ်ယာဉ်နှစ်စီးဖြင့်တိုက်ပွဲဖြစ်ပွားသည့် ဝက်ကျိန်းရွာ အနီးဝန်းကျင်တောင်တန်းများကို လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်သိ၇သည်။

" အေအေက ဝိုင်းဝန်းတိုက်ခိုက်တာ စစ်တပ်က လမ်းမ၇လို့ ကြားပါတယ်။ အဲ့ဒီနောက် ၇ဟတ်ယာဉ်နှစ်စီးလာပြီး တောင်တန်းတွေကို ဝိုင်းကူပစ်ပေးတယ်။  တစ်စီးကနေတစ်လုံးချင်းစီက ငါးချက်၊ ခြောက်ချက်ပစ်တယ်။ နောက်အတွဲလိုက်တွေလည်း ကြဲချပါတယ်"ဟုပြောသည်။

အဆိုပါ တိုက်ပွဲနှင့် ပတ်သက်ပြီး ရက္ခိုင့်တပ်တော် ( AA) ပြောခွင့်ရသူ ဦးခိုင်သုခအား နိရဉ္စရာသတင်းဌာနက ဆက်သွယ်မေးမြန်းရာတိုက်ပွဲဖြစ်ပွားခဲ့ခြင်းကို အတည်ပြု ပြောကြားသည်။

"မနေ့က နိုဝင်ဘာလ၁၄ ရက် နေ့လယ် ၁၂ နာရီလောက်မှာ မောင်တောမြို့နယ်မြောက်ပိုင်း၊ ဝက်ကျိန်းရွာမြောက်ဘက်မီတာ ၂၀၀ အကွာမှာ စစ်ကောင်စီရဲ့ တပ်မ (ရရ) လက်အောက်ခံ တပ်ဖွဲ့တွေနဲ့ ကျနော်တို့ ရက္ခိုင့်တပ်တော်ကြားတိုက်ပွဲဖြစ်ခဲ့တာရှိပါတယ်။ ထိခိုက်ကျဆုံးမှု အတိအကျကတော့ လောလောဆယ် မသိ၇သေးဘူး"ဟု ၎င်းက ပြောကြားသည်။

မောင်တောမြို့နယ် မြောက်ပိုင်းရှိ စစ်ကောင်စီ နယ်ခြားစောင့်စခန်းအများအပြားကို အေအေက သိမ်းပိုက်ထားပြီး နောက်ထပ် စခန်းများမကျစေရန် စစ်ကောင်စီကတပ်အင်အားများဖြည့်တင်းကာ ကာကွယ်နေရပြီး တိုက်ပွဲများလည်း မကြာခဏဆိုသလို ဖြစ်ပွားနေရကြောင်းသိ၇သည်။

နိုဝင်ဘာလ၁၀ ရက်နေ့ကလည်း ဝက်ကျိန်းနှင့် ရန်အောင်ပြင်ရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်ကလက်နက်ကြီးများပစ်ခတ်မှုကြောင့်  ရန်အောင်ပြင်ရွာမှနေအိမ်နှစ်လုံး မီးလောင်ပျက်စီးခဲ့၇ပါသည်။

မောင်တောမြို့နယ်မြောက်ပိုင်းသည်တိုက်ပွဲအများဆုံးဖြစ်ပွားနေသည့် နေရာတစ်ခု ဖြစ်လာပြီးစစ်ကောင်စီဘက် တပ်မ (ရ၇) အပါအဝင် အင်အားသောင်းနှင့်ချီပြီး မောင်တောမြို့နယ်တွင ိုးချမှုများရှိနေကြောင်းသိ၇သည်။(NN-7)

#လက်နက်ကိုင်တော်လှန်ရေး#စစ်ကောင်စီ# မြန်မာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.