၇ခိုင်ပြည်၊ပုဏ္ဏားကျွန်းမြို့နယ်၊ ကွန်းတောင်ကျေးရွာတွင်ယနေ့နံနက်ပိုင်းက စစ်တွေ ၃၄၄တပ်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲ၍ဒေသခံအမျိုးသားတစ်ဦး ကျည်စထိမှန်ဒဏ်ရာရရှိသွားသည်ဟုသိ၇သည်။
၎င်းသူမှာ ပုဏ္ဏားကျွန်းမြို့နယ်၊ကွန်းတောင်ကျေးရွာမှအသက်(၃၄)နှစ်အရွယ် ကိုဇော်ဝင်းထွန်း ဖြစ်ပြီး ရွာရှိကဏန်းဒိုင်တွင် အလုပ်လုပ်ကိုင်နေသူတစ်ဦးဖြစ်သည်ဟု သိ၇သည်။
ယနေ့နိုဝင်ဘာ၁၅ရက်၊ နံနက်ပိုင်းက စစ်တွေ အမှတ် (၃၄၄) တပ်ရင်းမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်သည် သူအလုပ် လုပ်နေသည့် ကဏန်းဒိုင် အနီးတွင် ကျရောက်ပေါက်ကွဲ၍ သူ၏ရင်ဘတ်နှင့် လက်မောင်းအုံတွင် ဒဏ်ရာရရှိသွားခြင်းဖြစ်သည်ဟုဒေသခံတစ်ဦးက ပြောသည်။
"သူကကဏန်းဒိုင်မှာ အလုပ်လုပ်နေတာ။ လက်နက်ကြီးကျည်က ကဏန်းဒိုင်အနီးကျရောက် ပေါက်ကွဲတာ။ကျည်စကျပြီး သူ့ရဲ့ရင်ဘတ်နဲ့ လက်မောင်းမှာ ဒဏ်ရာရရှိသွားပါတယ်။ ဆေးရုံပို့ဖို့အတွက်ကျွန်တော်က ပုဏ္ဏားကျွန်းလူမှုကယ်ဆယ်ရေး
လက်နက်ကြီးကျည်စထိမှန်၍ဒဏ်ရာရရှိသွားသည့် ကိုဇော်ဝင်းထွန်းတွင် ဒဏ်ရာပြင်းထန်သော်လည်း အသက်အန္တရာယ်ကို ထိခိုက်နိုင်လောက်သည်အထိတော့ စိုးရိမ်မရှိဟုလည်း ၎င်းကပြောဆိုသည်။
ပုဏ္ဏားကျွန်းတွင်ပြီးခဲ့သည့် နိုဝင်ဘာလ ၁၀ ရက်၊ နံနက် ရ နာရီကျော်ခန့်ကရိက္ခာလာပို့သည့် စစ်ကားတစ်စီး မိုင်းဆွဲခံ၇ပြီးနောက် စစ်သား ၁၀ ဦးခန့်ထိကျဆုံး သွားပြီးနောက်တွင် ပုဏ္ဏားကျွန်းအခြေစိုက် ၅၅၀ တပ်မှ လက်နက်ကြီး၊လက် နက်ငယ်များ၊ဒရုန်းများ၊ ၇ဟတ်ယာဥ်များဖြင့် ယနေ့နိုဝင်ဘာလ ၁၅ရက်နေ့အထိအဆက်မပြတ်ပစ်ခတ်မှုများပြုလုပ်နေသည်။
ထိုသို့ပစ်ခတ်မှုကြောင့်ဒေသခံအရပ်သားများ သေဆုံးမှုရှိနေပြီး ဒဏ်ရာ၇သူ အများအပြားလည်း ရှိနေကြောင်း သိရှိ၇သည်။(NN-12)