ယနေ့နံနက် ၆ နာရီခန့်က ပုဏ္ဏားကျွန်းမြို့နယ်၊ကွမ်းတောင်ဘူတာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းကို ရက္ခိုင့်တပ်တော်(AA)ကစနိုက်ဘာဖြင့် ပစ်ခတ်သဖြင့် စစ်ကောင်စီတပ်ဘက်က ကျဆုံးမှုရှိခဲ့ပြီး မိနစ်အနည်းငယ်ကြာနှစ်ဘက် အပြန်အလှန် ပစ်ခတ်မှုများရှိခဲ့သည်ဟု သတင်းရရှိသည်။
ရက္ခိုင့်တပ်တော်(AA)က စနိုက်ဘာဖြင့် ပစ်ခတ်ပြီးနောက်အပြန်အလှန် ပစ်ခတ်မှု မိနစ် ၂၀ ကျော် ဖြစ်ပွားခဲ့ပြီး လက်နက်ငယ်ပစ်ခတ်သံများကို ကြားခဲ့၇သည်ဟု ဒေသခံတစ်ဦးကပြောသည်။
" မနက် ၆နာရီကျော်လောက်ကဖြစ်မယ်။ အချိန်တော့သေချာမမှတ်လိုက်၇ဘူး။မနက်ပိုင်း ဈေးသွားချိန်ဆိုတော့ ပစ်သံတွေကြားပြီးလူတွေနဲ့ဆူသွားတယ်။ သေချာမှတ်ဖို့မ၇လိုက်ဘူး။ နှစ်ဖက်စလုံးကသေနတ်တွေနဲ့ပစ်သံတွေကြားရတယ်။ ရထားဘူတာနဲ့ ရွာနဲ့က သိပ်မဝေးဘူး။ လက်နက်ငယ်ပစ်သံတွေတော့ တော်တော်ကြားလိုက်၇တယ်။ ခဏကြာတော့ လက်နက်ကြီးတွေပစ်တယ်။လက်နက်ကြီးပစ်သံတေ့ ရနာရီကျော်ကျော်လောက်ထိကြား၇တယ်”ဟု ပြောသည်။
လက်နက်ကြီးပစ်ခတ်မှုကို မခန့်မှန်းနိုင်သော်လည်းကွန်းတောင်ရွာ နေကြာပန်းကုမ္ပဏီကဏန်းဒိုင်တွင် လက်နက်ကြီးကျည်တစ်လုံး။ ရွာအစတွင် လက်နက်ကြီးကျည်တစ်လုံး ကျရောက်ပေါက်ကွဲခဲ့သည်ဟု ၎င်းကပြောသည်။
ထိုသို့နှစ်ဖက်ပစ်ခတ်ကြ၍ ကျဆုံးမှုများရှိသည်ဟုသိရသော်လည်း ရွာသားများအနေဖြင့် အပြင်ကိုထွက်မသွားရဲသည်က တစ်ကြောင်း၊ရွာထဲတွင် ဗုံးကျင်းတွင်ပုန်းအောင်းနေ၇မှု
နောက်ထပ် ဒေသခံတစ်ဦးက "ရထားဘူတာဘက်မှာတော့ရွာကလူတွေမနေတော့ဘူး။ ဆင်အင်းကြီးနဲ့ပဒေသာမှာဖြစ်ကတည်းက မနေကြတော့တာ။ ဒါကြောင့်အဲဒီဘက်ကမှာ လူမရှိဘူး။ စနိုက်ပါနဲ့ အပစ်ခံရတော့ စစ်သားတွေက အဲဒီဘက်က ရွာထဲဝင်ပြေးကြတယ်လို့တော့ကြားတယ်"ဟု ပြောသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၁၀ ရက် နံနက် ရနာရီကျော်ခန့်ကပုဏ္ဏားကျွန်းမြို့နယ် ဆင်အင်းကြီးနှင့် ပဒေသာရွာအကြား ရိက္ခာလာပို့သည့်စစ်ကားတစ်စီး မိုင်းဆွဲခံ၇ပြီးနောက် စစ်သား ၁၀ ဦးခန့်ထိ ကျဆုံးသွားခဲ့ပြီးနောက်တွင်ပုဏ္ဏားကျွန်းအခြေစိုက် ၅၅၀ တပ်မှ လက်နက်ကြီး၊ လက်နက်ငယ်များ၊ဒရုန်းများဖြင့် ယနေ့နိုဝင်ဘာလ ၁၅ရက်နေ့အထိ ကျေးရွာများကို အဆက်မပြတ်ပစ်ခတ်မှုများရှိခဲ့သည်။
ယနေ့နိုဝင်ဘာလ၁၅ရက်နေ့တွင် ကွန်းတောင်ရွာအနီးရှိ ၇ထားဘူတာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းတစ်ခုကိုရက္ခိုင့်တပ်တော် (AA)က ပစ်ခတ်ပြီးနောက် စစ်တွေ အခြေစိုက် (၃၄၄) တပ်ရင်းမှလက်နက်ကြီးများဖြင့်လှမ်းပစ်ခတ်
(NN-12)