နိရဉ္စရာ၊နိုဝင်ဘာ ၁၅/၂၀၂၂
၇ခိုင်ပြည်နယ်၊ သံတွဲမြို့နယ်တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူး ၇၀ ကျော်ရှိပြီးထိုအထဲမှ ၅၀ ခန့်မှာ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA) ပတ်သက်နေသည်ဟုစွပ်စွဲပြောဆိုကာ ဆက်လက်ပတ်သက်ပါက ဖမ်းဆီးအရေးယူသွားမည်ဟုငပလီအခြေစိုက် (၅၆၆) တပ်ရင်းမှူးက ခြိမ်းခြောက်ခဲ့ကြောင်းသိ၇သည်။
အမည်မဖော်လိုသူ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးက "ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေကို အစည်းအဝေးခေါ်ပြီးသတိပေးတာရှိတယ်။ သံတွဲမြို့နယ်မှာ ရပ်ကျေး အုပ်ချုပ်ရေးမှူး (၇၂) ယောက်ရှိတယ်။အဲ့ဒီ အထဲက ULA/AA နဲ့ဆက်စပ်တဲ့ (၅၀) လောက်ရှိတယ်ပေါ့။ သူတို့ ဖမ်းဆီးထိန်းသိမ်းမယ်ပေါ့။ ထပ်ပြီးပတ်သက်တာမျိုးမလုပ်ဘဲရပ်တန့်က ရပ်ဖို့ ခြိမ်းခြောက် ပြောဆိုတယ်။ငပလီအခြေစိုက် ခလ၇(၅၆၆) တပ်ရင်းက တပ်ရင်းမှူးကနေ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကိုသာမက မြို့နယ်အုပ်ချုပ်ရေးမှူးကိုလည်
နိုဝင်ဘာလပထမအပတ်တွင် ပြုလုပ်သည့် ရပ်ကျေးအုပ်ချုပ်ရေးမှူးအစည်းအဝေးတွင်အမှတ် (၅၆၆)တပ်ရင်းမှူးမှ ယခုကဲ့သို့ခြိမ်းခြောက်ပြောဆိုထားသဖြင့် အုပ်ချုပ်ရေးမှူးတိုင်းလိုလိုသူတို့၏ လုံခြုံရေးကို စိုးရိမ်နေကြ၇သည်ဟု ဆိုသည်။
“ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကိုသာမက သံတွဲမြို့နယ်အုပ်ချုပ်ရေးမှူး
ယင်းအပြင် ငပလီအခြေစိုက်(၅၆၆) တပ်ရင်းက ULA/AA နှင့်ဆက်စပ်သံသယဖြင့် သံတွဲမြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများအထိ နေအိမ်များတို့ အတင်းအဓမ္မဝင်ရောက်မွှေနှောက်ရှာဖွေဖမ်းဆီးမှုများ ဆက်တိုက်ပြုလုပ်နေကြာင်းဒေသခံများကပြောသည်။
ယခုကဲ့သို့ သံတွဲမြို့နယ်တွင် အတင်းဖိအားပေးလုပ်ဆောင်နေခြင်း
"ကျောက်ဖြူ၊ သံတွဲ၊တောင်ကုတ်၊ ဂွကို အဓိက ULA/AA ဘက်မပါဖို့အသည်းအသန်လုပ်နေတာ မြင်နေ၇တယ်။ အခုဆို ဒီဘက်တွေမှာ တစ်အိမ်တက်တစ်အိမ်ဆင်းမွှေတာတွေ
လက်ရှိ ၇ခိုင်မှာနေ့စဉ်ဆိုသလို ဒေသခံပြည်သူများအား စစ်ကောင်စီတပ်က AA ဆက်စပ်သံသယနှင့် ဖမ်းဆီးမှုများရှိနေပြီး သံတွဲ၊ တောင်ကုတ်၊အမ်း၊ မအီ၊ ကျောက်ဖြူတို့တွင် ဖမ်းဆီးခံ၇သူ အနည်းဆုံးရာဂဏန်းထိ ရှိနေပြီဟု သိရှိ၇သည်။ (NN-7)