နိရဉ္စရာ၊နိုဝင်ဘာ ၁၆/ ၂၀၂၂
၇ခိုင်ပြည်နယ်၊ကျောက်တော်မြို့နယ်၊ ဆနွင်းတောင်ဘက်မှ လက်နက်ငယ်ပစ်ခတ်သံများအကြိမ် ၂၀ခန့် ထွက်လာပြီးနောက် ၎င်းနေရာအနီးဝန်းကျင်ကို ကန်စောက်အခြေစိုက်(၅၃၉)တပ်မှ နက်ကြီးများဖြင့် လှမ်းပစ်ခတ်နေသည်ဟုဒေသခံများဆီမှ သတင်းရရှိသည်။
ယနေ့နိုဝင်ဘာလ၁၆ရက်၊ မနက် ၁၀ နာရီကျော်အချိန် ခန့်လောက်တွင်ကျောက်တော်မြို့နယ်နှင့် ပုဏ္ဏားကျွန်း မြို့နယ်၂ခုကြားရှိ ဗုဒ္ဓေါကျေးရွာနှင့် ချောင်းတူကျေး ရွာအနောက်ဘက်တွင်ရှိသည့် စစ်ကောင်စီအခြေချ တပ်စခန်းတစ်ခုဖြစ်သည့်ဆနွင်းတောင်မှ လက်နက် ငယ်ပသ်ခံသံများအကြိမ် ၂၀ခန့်ကြားပြီးနောက် ထို ဆနွင်းတောင်ခြေရင်းအနီးဝန်းကျင်သို့ကန်စောက်အခြေစိုက်(၅၃၉)တပ်မှ လက်နက်ကြီးများဖြင့်လှမ်းပစ်ခတ်နေသည်ဟု သိ၇သည်။
"မနက် ၁၀ နာရီ၄၀မိနစ်လောက်ကဖြစ်မယ်။ ပထမတော့ ဆနွင်းတောင်ပေါ်ကနေ သေနတ်ပစ်သံ၂၀ လောက်ကြားရတယ်။ အဲ့တောင်မှာကစစ်သားတွေရှိ တယ်။ဘာကြောင့်ပစ်မှန်းတော့မသိဘူး။ စစ်သားများထွက်ပြေးလို့လား။ ဘာထူးဆန်းလို့လည်းတော့ မသိဘူး။ သေနတ်ပစ်သံပြီးတော့ ၅၃၉တပ်ကနေလက် နက်ကြီးနဲ့ လှမ်းပစ်နေတယ်" ဟုဒေသခံတစ်ဦးက ပြောသည်။
ထိုသို့ကန်စောက်အခြေစိုက် (၅၃၉)တပ်မှ လက်နက် ကြီးများဖြင့်ပစ်ခတ်နေ၍ဒေးဝန်းချောင်းနယ်ခွဲနှင့် ဗုဒ္ဓေါကျေးရွာ၊ချောင်းတူကျေးရွာအနောက်ဘက်ရှိ တောင်ကြောများတွင်လက်နက်ကြီးကျည်များကျ ရောက်ပေါက်ကွဲနေပြီး ဒေသခံအရပ်သားများမှာလည်း စိုးရိမ်ထိတ်လန့်နေသည်ဟု သိ၇သည်။
"ပစ်နေတယ်။အဆက်မပြတ်ပစ်တာမျိုးတော့ မဟုတ် ဘူး။၄မိနစ် ၁ကြိမ်၊ ၅မိနစ်ခြား တစ်ကြိမ်ပါ။ အခုလည်းပစ်နေတယ်။ ရွာသားတွေလည်းစိုးရိမ်နေ ကြပါတယ်။ ပစ်တာကတော့လက်နက်ကြီး ၁၀ ကျော် လောက်ရှိပါပြီ" ဟုပြောသည်။
ယမန်နေ့နိုဝင်ဘာလ ၁၅ရက်နေ့တ ကွန်းတောင်ရွာအ နီးရှိ၇ထားဘူတာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းတစ်ခုကို ရက္ခိုင့်တပ်တော်(AA)ကဝင်ရောက်တိုက်ခိုက်၍ ပစ်ခတ်သံများ ရပ်စဲသွားချိန် စစ်တွေ ၃၄၄တပ်မှ လက်နက်ကြီးဖြင့် လှမ်းပစ်ခတ်၍ လက်နက်ကြီးကျည်စထိကာ ကွန်းတောင်ကျေးရွာမှအသက်(၃၄)နှစ်အရွယ်အမျိုးသားတစ်ဦးဒဏ်ရာရှိခဲ့သည်။(NN-12)