Preview

စစ်တပ်က ပစ်ခတ်သည့်လက်နက်ကြီးကျည် ကျောက်တော်မြို့နယ် ချောင်းတူရွာထဲကျ၍ အမျိုးသား ၃ ဦးပွဲချင်းပြီးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိ

နိုဝင်ဘာ ၁၆/ ၂၀၂၂ | ကြည့်ရှုသူ :9278
ရခိုင် သတင်း

နိရဉ္စရာ၊ နိုဝင်ဘာ ၁၆/၂၀၂၂

၇ခိုင်ပြည်နယ် ကျောက်တော်ကန်စောက် အခြေစိုက် ၅၃၉ တပ်ရင်းကပစ်ခတ်သည့် လက်နက်ကြီးကျည်တစ်လုံး ချောင်းတူရွာထဲ ကျရောက်ပေါက်ကွဲ၍ အသက် ၅၀ အရွယ်လူကြီးသုံးဦးသေဆုံးပြီး၄ ဦးဒဏ်ရာရရှိနေကြောင်း သတင်းရရှိသည်။

သေဆုံးသွားသူများမှာ ဦးအောင်ကြီးမောင်(၅၃) နှစ်၊ ဦးဖြူသာထွန်း(၅၃) နှစ်၊ ဦးခင်မောင် (၅၅) နှစ်တို့ ဖြစ်ကြပြီး လက်နက်ကြီးကျသည့်နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးကြောင်းမိသားစုများက ပြောသည်။

ဒဏ်ရာ၇သူ ၄ ဦးရှိပြီး ထိုအထဲတွင် မအေးနုရီ (ကျောင်းသူ)၊မောင်မောင်ဌေး၊ မအေးသန်းနု နှင့် ဒေါ်မေသာစိန် (၅၂) နှစ်တို့ ပါဝင်ပြီး လက်ရှိ ဆေးရုံသို့ယူဆောင်သွားကြောင်းသိ၇သည်။

ရွာလယ်ပိုင်းတွင် အိမ်တစ်အိမ်တွင် စုထိုင်နေချိန် ယနေ့ နေ့လယ်၁၂ နာရီခန့်က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့သည်ဟု ကျေးရွာသား တစ်ဦးက ပြောဆိုသည်။

 ဒီနေ့နေ့လယ် ၁၂ နာရီလောက်မှာ ရွာလယ်က အိမ်တစ်အိမ်ရဲ့ အမိုးစွန်းမှာ စုထိုင်နေကြစဉ် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲပြီး သေဆုံးသွားကြတာ။ ရွာထဲကို တမင်ပစ်တာပါ။ ကျနော်တို့ အခု ခိုကိုးရာမဲ့ဖြစ်နေကြ၇ပါပြီဟု ၎င်းကပြောသည်။

ကျောက်တော်မြို့နယ် ဆနွင်းတောင်ဘက်မှ လက်နက်ငယ်ပစ်ခတ်သံများအကြိမ် ၂၀ခန့် ထွက်လာပြီးနောက် ၎င်းနေရာအနီးဝန်းကျင်ကို ကန်စောက်အခြေစိုက်(၅၃၉)တပ်မှ နက်ကြီးများဖြင့် လှမ်းပစ်ခတ်စဉ် ချောင်းတူရွာထဲလက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

မနက်၁၀ နာရီ ၄၀မိနစ်လောက်ကဖြစ်မယ်။ ပထမတော့ ဆနွင်းတောင်ပေါ်ကနေ သေနတ်ပစ်သံ၂၀ လောက်ကြားရတယ်။ အဲ့တောင်မှာကစစ်သားတွေရှိ တယ်။ဘာကြောင့်ပစ်မှန်းတော့မသိဘူး။ စစ်သားများထွက်ပြေးလို့လား။ ဘာထူးဆန်းလို့လည်းတော့ မသိဘူး။ သေနတ်ပစ်သံပြီးတော့ ၅၃၉တပ်ကနေလက် နက်ကြီးနဲ့ လှမ်းပစ်တယ်။ အဲဒီမှာ ရွာထဲကို လက်နက်ကြီးကျည် ကျလာပါတယ်" ဟု ဒေသခံတစ်ဦးကပြောသည်။

ထိုသို့ကန်စောက်အခြေစိုက် (၅၃၉)တပ်မှ လက်နက် ကြီးများဖြင့်ပစ်ခတ်၍ချောင်းတူကျေးရွာထဲ ကျရောက်ပြီးသေဆုံးသူ ဒဏ်ရာရသူများရှိ၍ ကျေးရွာသားများ အထူးကြောက်လန့် စိုးရိမ်နေကြပြီး နေအိမ်များကို  စွန့်ခွာထွက်ပြေးနေကြသည်ဟု သိ၇သည်။

အဆိုပါ စစ်တပ်က ပစ်ခတ်မှုနှင့် ပတ်သက်ပြီး အတည်ပြုချက်ရယူရန်ရခိုင်ပြည်နယ် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရထံသို့ ဖုန်းဖြင့် ဆက်သွယ်သော်လည်းလက်ခံ ဖြေဆိုခြင်း မရှိသေးပါ။

ယခုကဲ့သို့ မြန်မာစစ်ကောင်စီတပ်က လူနေကျေးရွာများထဲကို တမင်ရည်ရွယ်ချက်ရှိရှိလက်နက်ကြီးများဖြင့် ပစ်ခတ်နေမှုကြောင့် လက်ရှိ တစ်လတာ ကာလအတွင်း လူပေါင်း ၁၀ ကျော်သေဆုံးပြီးဒါဇင်နှင့် ချီပြီး ဒဏ်ရာရရှိမှုရှိခဲ့ကြောင်း သတင်းရရှိသည်။

#စစ်ကောင်စီ#အကြမ်းဖက်#ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.