Preview

စကစမှ ပစ်ခတ်လိုက်သော လက်နက်ကြီးကျည် မောင်တော၊ ဂြိတ်ချောင်းမြိုကျေးရွာကလေးနားထိုးပွဲထဲကို ကျရောက်ပေါက်ကွဲ၍ လူ ၁၁ ဦးသေဆုံး၊ ၃၀ ခန့်ဒဏ်ရာရ

နိုဝင်ဘာ ၁၆/ ၂၀၂၂ | ကြည့်ရှုသူ :3671
ရခိုင် သတင်း

နိရဉ္စရာ၊ နိုဝင်ဘာ ၁၆/၂၀၂၂

မောင်တောမြို့နယ်မှ မြိုလူမျိုးများနေထိုင်သည့်  ဂြိတ်ချောင်းကျေးရွာတွင် ကလေးနားထိုးပွဲ ကျင်းပနေစဉ် ကြိမ်ချောင်း နယ်ခြားစောင့်တပ်က ပစ်လိုက်သော က်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ ရွာသား (၁) ဦးသေဆုံးပြီး အယောက် (၃၀) ခန့်ဒဏ်ရာရရှိကြောင်း သတင်းရရှိသည်။

ရွာလူကြီးတစ်ဦးက "ပစ်တာက ကြိမ်ချောင်း နခခ(၇) ထဲကပစ်တာပါ။ ကျတာက ကလေးနားထိုးပွဲမှာဆိုတော့လူတွေထိခိုက်သေဆုံးမှုများသွားပါတယ်။  အခု သေတာကအယောက် ၁၁ ယောက်ရှိပါတယ်။ ဒဏ်ရာ၇တဲ့သူတွေလည်းများတော့ အတိအကျတော့မပြောနိုင်သေးဘူး။ ဒဏ်ရာ၇တာက (၃၀) နီးပါးရှိပါတယ်။ကြိမ်ချောင်းနဲ့ မောင်တောဆေးရုံတွေကို ပို့ထားကြပါတယ်"ဟု ပြောသည်။

ယနေ့ နိုဝင်ဘာ ၁၆ ရက် နေ့လယ် ၂ နာရီခွဲခန့်တွင် တိုက်ပွဲတစ်စုံတစ်ရာဖြစ်ပွားခြင်းမရှိဘဲ ကြိမ်ချောင်း နခခ(ရ) တပ်ရင်းမှ လူနေကျေးရွာထဲကို တမင်တကာ လက်နက်ကြီးပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

မောင်တောမြို့နယ် မြောက်ပိုင်း၊ ဂြိတ်ချောင်းကျေးရွာမှ ကလေးနားထိုးပွဲတစ်ခုကိုကျရောက်ကာ ယခုကဲ့သို့ လူပေါင်းများစွာ ထိခိုက်သေဆုံးမှု ရှိခဲ့ခြင်းဖြစ်ကြောင်း ကျေးရွာလူကြီးတစ်ဦးက ပြောသည်။

လက်ရှိမှာ ထိခိုက်ဒဏ်ရာရရှိသည့် လူနာ (၃၀) ခန့်ကို ကြိမ်ချောင်းနှင့် မောင်တောဆေးရုံတို့ကို အသီးသီးပို့ဆောင်ကုသနေ၇ကြောင်း ၎င်းက ပြောသည်။

ယင်းအပြင် နာရီဝက်ခန့်အကြာ နေ့လယ် (၃) နာရီခန့်တွင် စစ်ကောင်စီတပ်ကစစ်၇ဟက်ယာဉ် နှစ်စီးဖြင့် ငရံ့ချောင်း နှင့် မဲဇလီချောင်းနားအနီးဝန်းကျင်၊ လက်ပံတောင်ကြောတို့ကိုလာရောက် ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

"၃ နာရီလောက် လေယာဉ် နှစ်စီးနဲ့ငရံ့ချောင်း နဲ့ မဲဇလီချောင်းနားကြားမှာလည်း ပစ်တယ်။နောက်လက်ပံတောင်ကြောကိုလည်း ပစ်ပါတယ်"ဟု ပြောသည်။

ယနေ့  နေ့လယ် ၁၂ နာရီခန့်ကလည်းကျောက်တော်မြို့နယ်၊ ကန်စောက်တပ်ရင်း ၅၃၉ နှင့်ဆနွင်းတောင် စစ်ကောင်စီစခန်းက လက်နက်ကြီးများ ပစ်ခတ်၍ ချောင်းတူကျေးရွာမှဒေသခံ ( ) ဦး ပွဲချင်းပြီးသေဆုံးကာ (၄) ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။(NN-7)

#တရားဥပဒေ# စစ်ကောင်စီ# ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.