နိရဉ္စရာ၊နိုဝင်ဘာ ၁၆/ ၂၀၂၂
ကျောက်တော်မြို့နယ်ချောင်းတူရွာကို ကန်စောက်အခြေစိုက်(၅၃၉)တပ်ရင်းမှ လက်နက်ကြီးများဖြင့် ပစ်ခတ်၍ အရပ်သား ၃ ဦးသေဆုံးသွားပြီးနောက် တစ်နာရီခန့်အကြာတွင်(၅၃၉) တပ်ရင်းထဲမှ လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲသံများကိုကြားခဲ့၇ကြောင်း ဒေသခံများကပြောသည်။
အနီးအနားရှိဒေသခံတစ်ဦးက " အဲဒီတပ်ရင်းကနေ လက်နက်ကြီးပစ်ခတ်ပြီး ချောင်းတူ ဖြစ်စဉ်ပြီးတဲ့နောက်ပို
ထိုသို့ တပ်ရင်း ၅၃၉တပ်ရင်းထဲ ပေါက်ကွဲသံကြားခဲ့၇ပြီးနောက် ၎င်းတပ်ရင်းက ပန်းခိုင်တောင်နှင့် ကန်စောက်တောင် အနီးရှိ ကျေး၇ွာများကို လက်နက်ကြီးများဖြင့် ဆက်လက် ပစ်ခတ်ခဲ့သည်ဟု ပြောဆိုသည်။
“ ပေါက်ကွဲသံတွေကို ကြား၇ပေမယ့် ရက္ခိုင်တပ်တော် အေအေက ပစ်တာလား။ ဘယ်ကနေ ပစ်တယ်ဆိုတာ မသိ၇သေးပါဘူး။ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲသံတွေကိုတော့အနီးအနားရွာတွေက သေချာကြား၇ပါတယ်” ဟု ၎င်းက ပြောဆိုသည်။
ယနေ့ နိုဝင်ဘာလ၁၆ ရက်၊ နံနက်ပိုင်းက ကျောက်တော်မြို့နယ်၊ ဆနွင်းတောင်ဘက်မှ လက်နက်ငယ် ပစ်ခတ်သံများ အကြိမ် ၂၀ခန့်ထွက်လာပြီးနောက် ၎င်းနေရာအနီးဝန်းကျင်ကို ကန်စောက်အခြေစိုက် (၅၃၉)တပ်မှနက်ကြီးများဖြင့် လှမ်းပစ်ခတ်ခဲ့၍ မွန်းတည့် ၁၂ နာရီကျော်ခန့်တွင်ချောင်းတူကျေးရွာမှ အသက် ၅၀ အရွယ်လူကြီးသုံးဦး သေဆုံးခဲ့ပြီး ၄ဦးဒဏ်ရာရရှိခဲ့ကြောင်း သိ၇သည်။
အဆိုပါဖြစ်စဉ်အပြီး နာရီဝက်ခန့်အကြာတွင်(၅၃၉)တပ်ရင်းမှ လက်နက်ကြီးများထပ်မံပစ်ခတ်၍ချောင်းတူကျေးရွာမှ နေအိမ်တစ်လုံး ပျက်စီးသွားခဲ့ပြီးနောက်ထပ်တစ်နာရီခန့်အကြာတွင် ကန်စောက်အခြေစိုက် စစ်ကောင်စီတပ်(၅၃၉)ထဲတွင် လက်နက်ကြီးပေါက်ကွဲသံများ ကြားခဲ့၇သည်ဟု ဒေသခံများက ပြောဆိုသည်။
ကန်စောက်အခြေစိုက် စစ်ကောင်စီ ၅၃၉ တပ်မှ ယနေ့နေ့လယ် အချိန်မှစ၍ညနေ လေးနာရီကျော်ခန့် အထိ ကန်စောက်တောင်ခြေ၊ပန်းခိုင်တောင်၊ ကြိမ်ချောင်း၊ သံချောင်း၊ ဆင်မကျော်ကျေးရွာနှင့်အခြားနေရာများသို့ လက်နက်ကြီးများ ဆက်တိုက်ဆိုသလိုပစ်ခတ်ခဲ့ကြောင်
" ၅၃၉တပ်ကနေပြီးတော့ ပစ်နေတာပါ။ သုံးနာရီခွဲလောက်မှာလည်း နောက်တစ်ဖြတ်ပစ်ပါတယ်။အပြန်အလှန်ပစ်တာမျိုးတော့မဟုတ်
ထိုသို့ ကန်စောက်အခြေစိုက်(၅၃၉)တပ်မှ လက်နက် ကြီးများဖြင့်ပစ်ခတ်နေ၍ ဒေးဝန်းချောင်းနယ်ခွဲနှင့်ဗုဒ္ဓေါကျေးရွာ၊ ချောင်းတူကျေးရွာအနောက်ဘက်ရှိ တောင်ကြောများတွင်လက်နက်ကြီးကျည်များကျ ရောက်ပေါက်ကွဲနေပြီး ဒေသခံအရပ်သားများမှာလည်းစိုးရိမ်ထိတ်လန့်နေသည်ဟု သိ၇သည်။
လက်ရှိ၇ခိုင်တွင် စစ်ကောင်စီတပ်သည်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လူနေကျေးရွာများသို့ လက်နက်ကြီးများပစ်ခတ်ကာဒေသခံပြည်သူများ၏ အသက်အိုးအိမ်များကို ဖျက်ဆီးမှုများ ပြုလုပ်နေကြောင်
(NN-8)