Preview

ကျောက်ဖြူတွင် ရဲ ၃ ဦး၊ လ၀ကဒုဦးစီး ၁ ဦးနှင့် ရှေ့နေ ၁ ဦးတို့ကို စစ်တပ်က ဖမ်းသွားပြီးနောက် အဆက်အသွယ်မရဖြစ်နေ

နိုဝင်ဘာ ၁၇/ ၂၀၂၂ | ကြည့်ရှုသူ :5187
ရခိုင် သတင်း

ကျောက်ဖြူတွင်ရဲ ၃ ဦး၊ လ၀ကဒုဦးစီး ၁ ဦးနှင့်ရှေ့နေ ၁ ဦးတို့ကို စစ်တပ်က ဖမ်းသွားပြီးနောက် အဆက်အသွယ်မ၇ဖြစ်နေ

 

နိရဥ္စရာ၊ နိုဝင်ဘာ ၁/၂၀၂၂

၇ခိုင်ပြည်နယ်ကျောက်ဖြူမြို့တွင် ရဲတပ်ဖွဲ့ဝင် ၃ ဦး၊ လ၀ကဒုဦးစီး ၁ ဦးနှင့် ရှေ့နေ ၁ဦးတို့ကို စစ်တပ်က ဖမ်းသွားပြီး  ၄ ရက်ကြာသည့်တိုင် သူတို့နှင့် အဆက်အသွယ်မ၇သေးသဖြင့် စိုးရိမ်နေ၇သည်ဟု မိသားစုများက ပြောသည်။

ဖမ်းဆီးခံ၇သူများမှာ ကျောက်ဖြူမြို့မရဲစခန်းမှ ရဲတပ်ကြပ်မျိုးဝင်း (၃၆) နှစ်၊ ကျောက်ဖြူ လေကြောင်းရဲတပ်ဖွဲ့မှရဲတပ်ကြပ် မောင်မောင်အေး (၅၀) နှစ်ခန့်၊ ကျောက်ဖြူ ရေကြောင်းရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင် ထက်ဝေလင်း (၄၀)နှစ်ခန့်၊ ကျောက်ဖြူ မြို့နယ်လ၀က ဒုဦးစီး ဒေါ် မကြည်(၄၄) နှစ်နှင့် တရားလွှတ်တော်ရှေ့နေ ဦးဦးဆန်းဝင်း (၄၅)နှစ်တို့ဖြစ်ကြသည်။

သူတို့သည်ပြီးခဲ့သည့် နိုဝင်ဘာလ ၁၃ ရက်တွင်ကျောက်ဖြူအခြေစိုက် ၃၄ တပ်ရင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်းကိုခံခဲ့၇ခြင်းဖြစ်သည်ဟုမိသားစုဝင်များက ပြောသည်။

ဖမ်းဆီးခံ၇သူတစ်ဦး၏ မိသားစုဝင်တစ်ဦးက "သူတို့ကို ၃၄တပ်ထဲကိုပဲခေါ်သွားလား။ မြို့မစခန်းထဲမှာပဲ ရှိသလား။စုံစမ်းမရသေးဘူး။ အဆက်အသွယ်မ၇သေးတော့သူတို့ တစ်ခုခုဖြစ်သွားမှာကိုစိုးရိမ်တာပေါ့"ဟု ပြောသည်။

သူတို့ကိုသူတို့၏လုပ်ငန်းခွင်များနှင့် နေအိမ်တို့မှတဆင့် ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်သည်ဟုလည်းမြို့ခံများက ပြောသည်။

ကျောက်ဖြူတွင် ပြီးခဲ့သည့် အောက်တိုဘာလကလည်းမြေစာရင်းဦးစီးမှူးနှင့် ရုံးဝန်ထမ်း ၁ ဦး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၂ ဦးနှင့် အုပ်ချုပ်ရေးမှူးရုံးများမှဝန်ထမ်းအချို့ကိုလည်း စစ်ကောင်စီတပ်က
ဖမ်းဆီးသွားခဲ့သည်ဟုမြို့ခံများက ပြောသည်။

ယင်းအနက်မြေစာရင်းရုံးမှ နှစ်ဦးသာ ပြန်လည်လွတ်မြောက်လာခဲ့ပြီးကျန်သူများမှာ ယနေ့အချိန်ထိ ပြန်လွတ်လာခြင်းမရှိသေးသလိုမိသားစုများနှင့်လည်း အဆက်အသွယ်မ၇သေးကြောင်း သိ၇သည်။

#တရားဥပဒေ# စစ်ကောင်စီ# ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.