Preview

ပလက်၀သို့ ပစ္စည်းပို့ ဟွန်ဒါစက်လှေ ကုလားတန်မြစ်အတွင်း အပစ်ခံရ၍ ဒုံးမွတ်ဆလင်ရွာမှ စက်လှေသမားနှစ်ဦး ဒဏ်ရာရ

နိုဝင်ဘာ ၁၇/ ၂၀၂၂ | ကြည့်ရှုသူ :9732
ရခိုင် သတင်း

နိရဉ္စရာ၊ နိုဝင်ဘာ ၁၇/၂၀၂၂

ချင်းပြည်နယ် ပလက်၀မြို့သို့ပစ္စည်းအငှားပို့သည့် ဟွန်ဒါစက်လှေတစ်စီး ကျောက်တော်မြို့အလွန် ကုလားတန်မြစ်အတွင်းတွင်ယနေ့ နံနက်က အပစ်ခံရ၍ စက်လှေသမားနှစ်ဦး ဒဏ်ရာရရှိသွားသည်ဟု သိ၇သည်။

ပစ်ခတ်ခံ၇သည့် စက်လှေပေါ်တွင်ကျောက်တော်မြို့နယ် ဒုံး(မူဆလင်)ရွာမှစက်လှေသမား ၃ ဦးပါဝင်ပြီး ၂ ဦးထိခိုက်ဒဏ်ရာရရှိသွားခဲ့သည်ဟု အနီးအနားရှိ လူနာများအား ကြည့်ရှုစောင့်ရှောက်ပေးခဲ့သူ ဒေသခံတစ်ဦးက ပြောသည်။

"ပလက်၀က အမျိုးသမီး တစ်ယောက် သူတို့ကို ပစ္စည်းပို့ခိုင်းမယ်ဆိုပြီးငှါးတယ်။ ပို့ခိုင်းတာမှာတော့ဘက်ထရီအိုး တော်တော်များများပါတယ်။ အဲဒီပစ္စည်းတွေကို လိုက်ပို့နေတုန်း ရုပ်သားရွာအရောက်မှာအပစ်ခံလိုက်၇တာပါ။ တစ်ယောက်ကတော့ ပေါင်ထဲမှာကျည်ထိတယ်။ အခြားတစ်ယောက်ကတော့ နားထင်နားလျှပ်ထိလို့ သွေးထွက်နေတယ်။ သူကတော့လှေပေါ်မှာပဲ မှောက်လျက်ကျန်ခဲ့တယ်။ နောက်တစ်ယောက်ကတော့ ရေကူးပြီး ကမ်းကိုရောက်လာခဲ့တယ်" ဟုပြောသည်။

စက်လှေသမား ၃ဦးတွင် မောင်နီရှား (၃၁)နှစ်၊မောင်ရှရ် (၂၀)နှစ်တို့မှာ ဒဏ်ရာရရှိပြီး မောင်ဖော်ကာရှားဆိုသူမှာ အထိအခိုက်မရှိဘဲရေကူးလွတ်မြောက်လာသည်ဟု သိ၇သည်။

ဒဏ်ရာရရှိသွားသည့်အမျိုးသားနှစ်ဦးအနက်မောင်နီရှားတွင် ညာဖက်ပေါင်၌ ကျည်ထိမှန်သွားပြီး ရေထဲသို့  ကျသွားကာ ဒဏ်ရာဖြင့်ရေကူးကာ ကျောက်တော်သကြားစက်အနားသို့  ကမ်းသို့ ရောက်ရှိလာခဲ့သည်ဟု ဆိုသည်။ နားထင်နားတွင် ကျည်ရှပ်ထိမှန်ခဲ့သူ မောင်ရှရ်မှာမူ လှေဖြင့် ကမ်းကို ဆွဲခေါ်ယူခဲ့ရသည်ဟုသိ၇သည်။

၎င်းတို့အား ရုပ်သားရွာအနီးရှိ စစ်တပ်တပ်စွဲထားသောတပ်စခန်းနေရာမှ လက်နက်ငယ်များဖြင့် လှမ်းပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။

ဒဏ်ရာ၇သွားသူ ၂ ဦးမှာ ကျောက်တော်မြို့ဆေးရုံသို့ရောက်ရှိလာပြီ ဆေးကုသမှုခံယူနေကြောင်း၊ ဒဏ်ရာ၇သူများကို စစ်ကောင်စီတပ်က လာကြည့်ခဲ့ကြောင်းအမည်မဖော်လိုသူ တစ်ဦးက ပြောသည်။

သူတို့၏ ဒဏ်ရာများနှင့် ပတ်သက်ပြီး စိုးရိမ်ဖွယ်ရာ ရှိ မရှိကို သိရှိနိုင်ရန် ကျောက်တော်မြို့နယ် ဆေးရုံကို ဆက်သွယ်သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပါ။

ယမန်နေ့နိုဝင်ဘာလ ၁၅ ရက်၊ မွန်းတည့် ၁၂နာရီခန့်က ကျောက်တော်မြို့နယ် ကန်စောက်တောင်အနီးရှိ ချောင်းတူကျေးရွာသို့ ကန်စောက်အခြေစိုက်စကစတပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ဒေသခံသက်ကြီးပိုင်း ၃ ဦးသေဆုံးခဲ့ပြီး၄ ဦးထက်မနည်းဒဏ်ရာရရှိခဲ့ကြောင်း သိ၇သည်။

(NN-8)

#တရားဥပဒေ# စစ်ကောင်စီ# ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.