Preview

အမ်းမြို့နယ်တွင် အရပ်သားတစ်ဦးဖမ်းဆီးခံရပြီးနောက်အဆက်အသွယ်မ၇ဖြစ်နေသည်မှာ ၅ရက်ခန့်ရှိနေ

နိုဝင်ဘာ ၁၈/ ၂၀၂၂ | ကြည့်ရှုသူ :2278
ရခိုင် သတင်း

နိရဉ္စရာ၊ နိုဝင်ဘာ ၁၈/၂၀၂၂

၇ခိုင်ပြည်နယ်၊အမ်းမြို့နယ်လုံးကောက်အုပ်စုညောင်ချောင်းကျေးရွာမှအရပ်သားတစ်ဦး နိုဝင်ဘာ ၁၄ ရက်နေ့ကတည်းက စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းကို ခံထား၇ပြီး ယနေ့အချိန်ထိမိသားစုနှင့် အဆက်အသွယ်မရဖြစ်နေသည်ဟု သတင်းရရှိသည်။


ဖမ်းဆီးခံ၇သူမှာ ဦးအောင်တင်မြင့်(၄၅)နှစ် ဖြစ်သည် ။

၎င်းသည် နိုဝင်ဘာလ၁၄ ရက်၊ နေ့လယ် ၁ နာရီခန့်က အမ်းမြို့ တစ်မိုင်ကုန်းဂိတ်တွင် မေးစရာရှိသည်ဟုဆိုကာ စစ်ကောင်စီတပ်ကဖမ်းဆီးသွားခြင်းဖြစ်ကြောင်း၎င်းနှင့် နီးစပ်သူတစ်ဦးကပြောသည်။

အမ်းမြိုပေါ်ကို သူက ဈေးဝယ်သွားတာ။ သူ့နာမည်ကိုမေးပြီးတော့ပြောစရာရှိတယ်ဆိုပြီးဖမ်းဆီးသွားတာပါဘာအကြောင်းကြောင့် ခုလို ဖမ်းသွားလဲဆိုတာတော့မသိ၇သေးပါဘူး"ဟု ၎င်းကပြောသည်။

လက်ရှိတွင် ဦးအောင်တင်မြင့်အာမည်သည့်နေရာသို့ ဖမ်းဆီးခေါ်ဆောင်သွားသည်ကို မသိ၇သေးသလို အဆက်အသွယ်လည်းမရဖြစ်နေသဖြင့် မိသားစုများ အထူးစိုးရိမ်နေကြသည်ဟု သိ၇သည်။

#တရားဥပဒေ# စစ်ကောင်စီ# ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.