နိရဥ္စရာ၊နိုဝင်ဘာ ၁၈/၂၀၂၂
၇ခိုင်ပြည်နယ်၊ဘူးသီးတောင်မြို့နယ်မှ ငွေကျပ်သိန်း (၆၀၀) နှင့် အတူ စစ်တပ်က ဖမ်းဆီးထားသည့် မူဆလင်ကုန်သည်၂ ဦးမှာ ၄ ရက်တာ ကြာမြင့်လာပြီဖြစ်သော်လည်း အဆက်အသွယ်မ၇သေးဟု မိသားစုများက ပြောသည်။
ဖမ်းဆီးခံထား၇သူများမှာဘူးသီးတောင်မြို့နယ် ဝက်မကျမူဆလင်ရွာမှကျွဲ၊ နွားကုန်သည် ဦးချင်းချူအာလောင်(၅၀)နှစ်နှင့် ဦးအီဆူး (၅၀)နှစ်တို့ဖြစ်ကြသည်။
သူတို့သည်ပြီးခဲ့သည့် နိုဝင်ဘာလ ၁၅ ရက်နေ့လယ် ၂ နာရီခန့်တွင် ကျွဲ၊ နွားရောင်းဝယ်ပြီး၍ စင်လှေဖြင့်ပြန်လာစဥ် ဘူးသီးတောင်မြို့သင်္ဘော ဆိပ်ကမ်းမှ စစ်ကောင်စီတပ်က ခေါ်ယူစစ်ဆေးရာ ကျွဲ၊နွားရောင်း၇ငွေ ကျပ် သိန်း ၆၀၀ ခန့်ကိုတွေ့ရှိသဖြင့် လူကိုလည်း ဖမ်းဆီးသလို ငွေကိုလည်း သိမ်းယူသွားကြောင်းမိသားစုဝင်တစ်ဦးကပြောသည်။
" သူတို့ကို ဖမ်းဆီးပြီး စစ်တပ်ဗျူဟာသို့ဖမ်းဆီးခေါ်ဆော
ယင်းနေ့ကဘူးသီးတောင်မြို့ ရွာမရပ်ကွက်မှ အာမီရ်ဟူဆောင်းဆိုသူကိုလည်း သူတို့ ၂ဦးနှင့်အတူ ဖမ်းဆီးခဲ့သော်လည်း လက်ရှိတွင် သူ့တစ်ယောက်တည်းကိုလွှတ်ပေးလိုက်သည်ဟု ဆိုသည်။
ဖမ်းဆီးခံထား၇သူ၂ ဦးကို မည်သည့်အတွက်ဖမ်းသွားသည်ကိုမသိ
၇ခိုင်တွင်စစ်ကောင်စီတပ်မှ တာဝန်ရှိသူများသည် ရက္ခိုင့်တပ်တော်(AA)နှင့် တကျော့ပြန် တိုက်ပွဲများဖြစ်ပွားလာခဲ့ပြီးနောက် ၇ခိုင်မှ စီးပွားရေးလုပ်ငန်းရှင်အများအပြားကို ဦးတည် ဖမ်းဆီးနေပြီး သူတို့ (ဖမ်းဆီးခံရသူများ) ပြန်လည်လွတ်မြောက်ရေး အတွက်လူတစ်ဦးစီ၏ ညှိနိုင်းလက်ရှိ ပေါက်ဈေးမှာ ကျပ်သိန်း ၁၀၀ ကနေ သိန်း၅၀၀ ဈေး အထိရှိနေသည်ဟုလည်း၇ခိုင်လူမှုအသိုင်းအဝိုင်းတွင် သတင်းများ ကျယ်ပြန့်စွာထွက်ပေါ်နေသည်။
(ဓာတ်ပုံ- ဘူးသီးတောင်ဆိပ်ကမ်း)